Home » » တစ်ဂိုးယူရိုနှစ်သောင်း ရုရှားကလပ် အန်ဇီအသင်း နှင့် စာချုပ်ပြီးပါက ကမ္ဘာ့ပေါ်တွင် ၀င်ငွေအကောင်းဆုံး အားကစား သမားဖြစ်လာတော့မည့် အီတူး

တစ်ဂိုးယူရိုနှစ်သောင်း ရုရှားကလပ် အန်ဇီအသင်း နှင့် စာချုပ်ပြီးပါက ကမ္ဘာ့ပေါ်တွင် ၀င်ငွေအကောင်းဆုံး အားကစား သမားဖြစ်လာတော့မည့် အီတူး

Written By မောင်စေတနာ on Wednesday, August 17, 2011 | 5:57:00 PM


တစ်ဂိုး ယူရိုနှစ်သောင်း ... ရုရှားကလပ် အန်ဇီအသင်း နှင့် စာချုပ်ပြီးပါက ကမ္ဘာ့ပေါ်တွင် ၀င်ငွေအကောင်းဆုံး အားကစားသမားဖြစ်လာတော့မည့် အီတူး။

ရုရှားကလပ် အန်ဇီအသင်းသို့ ပြောင်းရွှေ့တော့မည့် အင်တာမီလန်အသင်း၏ ကင်မရွန်းတိုက်စစ်မှူး အီတူး အပြောင်းအရွှေ့ နှင့်ပက်သက်ပြီး ပိုမိုတိကျစွာ ထွက်ပေါ်ခဲ့သည့်နောက်မှာတော့ အလွန်ပင်အံ့သြသင့်ဖွယ်ရာ ကိုတွေ့ရှိရသည်။ မနက်ဖြန် အန်ဇီ အသင်း နှင့် စာချုပ်ချုပ်ဆိုနိုင်တော့မည် အီတူးမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ၀င်ငွေရရှိ မည့် ကစားသမားဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။

ရုရှားသတင်းများမှ ဖော်ပြချက်အရ အန်ဇီအသင်းအနေဖြင့် စာချုပ်လက်မှတ်ထိုးခအဖြစ် အီတူးအတွက် ယူရို ၇ သန်းပေးချေသွားမည်ဖြစ်ပြီး အင်တာမီလန်အသင်းမှလည်း သူ၏အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ငွေ ယူရို ၃၅ သန်း ရရှိမည်ဖြစ်သည်။ တစ်နှစ်စာ လစာငွေအဖြစ် ယူရို ၁၅ သန်းခန့် အီတူးအား ပေးချေမည့် အန်ဇီအသင်း၏ အပိုဆုကြေးငွေ ပေးချေမှုမှာ ကြောက်ခမန်းလိလိ အံ့သြဖွယ်ဖြစ်နေသည်။ အီတူးအနေဖြင့် အန်ဇီအသင်းအတွက် တစ်ဂိုးသွင်းပါက €20,000 (ယူရို နှစ်သောင်း) ရရှိမည်ဖြစ်ပြီး တစ်ဂိုးဖန်တီးပေးပါက €10,000( ယူရို တစ်သောင်း) ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အီတူးအနေဖြင့် ကမ္ဘာပေါ်တွင် ရှိသမျှ အားကစားသမားများထဲတွင် အမြင့်ဆုံးဝင်ငွေရရှိတော့မည့် ကစားသမား ဖြစ်လာတော့မည်ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။