Home » » နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနှင့် ပတ်သက်၍ လိမ်လည်ခံရခြင်း မရှိစေရန် တာဝန်ရှိသူများ လုပ်ဆောင်နေ

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနှင့် ပတ်သက်၍ လိမ်လည်ခံရခြင်း မရှိစေရန် တာဝန်ရှိသူများ လုပ်ဆောင်နေ

Written By မောင်စေတနာ on Wednesday, August 17, 2011 | 11:30:00 PM


မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ လိမ်လည်ခံရခြင်းများ မရှိစေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခန်းများကို မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။

ယင်းကဲ့သို့ တွေ့ဆုံမေးမြန်းခန်းများကို City FM, MRTV-4နှင့် ဂျာနယ်များတွင် ထည့်သွင်းတင်ပြခြင်းများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

“နိုင်ငံကူးလက်မှတ်လုပ်တဲ့ နေရာမှာ တချို့ပွဲစားတွေနဲ့လုပ်မိတဲ့ အတွက် အလိမ်ခံရတယ်။ ပိုက်ဆံတွေ အများကြီး ပိုကုန်သွားတယ်။ ဒါကြောင့် နိုင်ငံကူး လက်မှတ်ထုတ်ပေး ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ နိုင်ငံကူး လက်မှတ်လျှောက်ဖို့ ဘယ်လိုလုပ် ရမယ်ဆိုတာတွေကို တွေ့ဆုံမေးမြန်းခန်း သဘောမျိုးလေးတွေကို မီဒီယာ တွေကတစ်ဆင့် ထည့်သွင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်”ဟု သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြော ပြခဲ့သည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ကြားခံပွဲစားများဖြင့် ပြုလုပ်ခြင်း မပြုလုပ်ရန်ကိုလည်း အသိပေး ကြေညာထားသည်ဟု သိရသည်။

“ပြီးခဲ့တဲ့ ဧပြီလက ပုံစံ-၁၉ သွားလုပ်တာ ပွဲစားဆီက ပိုက်ဆံ ပိုတောင်းတာကို ခံလိုက်ရတယ်။ ကိုယ်ကလည်း အလုပ်ရှုပ်တဲ့သူဆို တော့ အချိန်ကုန်သက်သာအောင် ပွဲစားဆီကိုအပ်လိုက်တာ။ ဒါပေမယ့် ဘာမှမထူးဘူး။ ပိုက်ဆံပဲပိုကုန်သွားတယ်” ဟု ပွဲစားဖြင့် ပုံစံ ၁၉ ပြုလုပ်ခဲ့သူတစ်ဦးက သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။