Home » » လစာမပေးနိုင်တဲ့ ကိုရီးယား သင်္ဘောမှ သင်္ဘောသားများ ဒူဘိုင်းအစိုးရက ပြန်ပို့

လစာမပေးနိုင်တဲ့ ကိုရီးယား သင်္ဘောမှ သင်္ဘောသားများ ဒူဘိုင်းအစိုးရက ပြန်ပို့

Written By မောင်စေတနာ on Saturday, August 27, 2011 | 10:03:00 PM



UAE အာရပ်စော်ဘွားများနိင်ငံမှာ သောင်တင်နေတဲ့ တောင်ကိုးရီးယား ရေနံတင် သင်္ဘောပေါ်က မြန်မာသင်္ဘောသားတွေ အပါအ၀င် ၂၁ ဦးကို DCMA Dubai ရေကြောင်း အာဏာပိုင်အဖွဲ့က ကြည့်ရှု စောင့်ရှောက်ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ နိင်ငံတွေကို ပြန်ပို့ပေး လိုက်ရတယ်လို့ သိရပါတယ်။

အဲဒီသင်္ဘောဟာ Samho Shipping Line က ဖြစ်ပြီး သင်္ဘောသားတွေကတော့ မြန်မာနဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေ ဖြစ်ကြပါတယ်။

Samho သင်္ဘော လိုင်းဟာ တောင်ကိုရီးယား နိင်ငံမှာ ငွေမရှိတော့လို့ ဒေ၀ါလီခံလိုက်ရပြီး အခုလိုရေနံတင် သင်္ဘောကြီး ဘယ်မှ မသွားနိုင်ဘဲ Dubai နိုင်ငံမှာ သောင်တင်ကာ သင်္ဘောသားတွေ ဒုက္ခရောက်ခဲ့တာ ဖြစ်ပါတယ်။

DCMA အဖွဲ့က လပေါင်းများစွာ ကျန်းမာရေးကအစ စောင့်ရှောက်ပေးခဲ့ရပြီးမှ အခုလို သူတို့နိုင်ငံတွေဆီကို Dubai အစိုးရက ပြန်ပို့ပေးခဲ့တာလို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Source by :http://www.rfa.org/burmese/news/seaman-08232011215435.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။