Home » , » ဟာရီရာယာ(Malaysia)

ဟာရီရာယာ(Malaysia)

Written By မောင်စေတနာ on Sunday, August 28, 2011 | 3:16:00 AM



မလေးရှားနိုင်ငံမှာ အခုဆိုဟာရီရာယာပွဲတော် အတွက်ပြင်ဆင်မှုတွေ တွေ့နေကြရပါပြီ။ ဟာရီရာယာ အထူးဈေးရောင်းပွဲတွေ လည်းတွေ့နေကြရ မှာပါ။ နောက်ပြီး ဈေးတိုင်းမှာ ဟာရီရာယာ အတွက် ပစ္စည်းတွေ၊ အ၀တ်အ ထည်တွေ၊ ပို့စ်ကဒ်တွေ၊ အလှဆင်ပစ္စည်းတွေ၊ အစားအစာ တွေ ရောင်းချနေ တာကိုလည်းတွေ့နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေအတွက် သီတင်းကျွတ် ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော် တွေကိုတောင် ပြန်ပြီး အမှတ်ရမိချင်စရာပါပဲ။

လူမျိုးတိုင်း လူမျိုးတိုင်းမှာ သက်ဆိုင်ရာ ယဉ်ကျေးမှုထုံးဓလေ့တွေရှိကြ ပါတယ်။ တစ်ယောက် အကြောင်းတစ်ယောက်သိတဲ့အခါ အပြန်အလှန်နား လည်မှုတွေ၊ ပါဝင်ပေါင်းစည်းမှုတွေ၊ အပြန်အလှန်လေးစားမှုတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လို့ ရလာပါတယ်။

ဒါကြောင့် ကမ္ဘာမှာ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု၊ သူ့ဓလေ့ကိုယ့်ဓလေ့ကို ကျောင်းသင်ပညာရပ် အနေနဲ့တောင် သင်ယူလေ့လာနေကြ ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာတွေအတွက် မလေးတွေရဲ့ ဟာရီရာယာပွဲတော်အကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။

ဟာရီရာယာဆိုတာ“ပွဲတော်”လို့အဓိပ္ပာယ်ရပါတယ်။ တကယ်တော့ မလေးရှား လူမျိုးတွေဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ်တဲ့အတွက် ဟာရီရာ ယာပွဲတော်ဆိုတာ အီးဒ်ပွဲတော်ကိုနာမည်တစ်မျိုးနဲ့ခေါ်တာပါပဲ။ အီးဒ်ပွဲတော် ဆိုရင်တော့ ကျွန်တော်တို့မြန်မာတွေအတွက် မစိမ်းတော့ပါဘူး။ ဒါပေမဲ့လည်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အီးဒ်ပွဲတော်ကိုကျင်းပရာ မှာ နိုင်ငံအလိုက် လူမျိုးအလိုက်ဓလေ့သဘာဝကွာခြားမှုတော့ အနည်းအကျဉ်း ရှိနေကြတာပါပဲ။

ကျွန်တော်တို့မြန်မာပြည်မှာ ဒီအီးဒ်ကို ဆမိုင်အီးဒ်လို့တောင် တင်စားခေါ်ကြရတဲ့အထိ ဆမိုင်မုန့် အချိုတွေလုပ်ပြီးကျွေးမွေးဧည့်ခံတဲ့ ဓလေ့ရှိ ပါတယ်။ ဒီမှာတော့ ဒီလိုမဟုတ်ဘူး။ တစ်ဆက်တည်းပြောရရင် ဟာရီရာယာ ဆိုတဲ့နာမည်နဲ့အီးဒ်ပွဲတော်ကို ကျင်းပတာ မလေးရှား တစ်နိုင်ငံတည်း မဟုတ် ဘူး။ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဘရုနိုင်းနိုင်ငံတွေမှာလည်း ဒီနာမည်နဲ့ကျင်း ပကြတာရှိပါတယ်။

ဟာရီရာယာအီးဒ်ပွဲတော်ဟာ ရမသွာန်ဥပုသ်လကုန်ဆုံးခြင်းရဲ့အမှတ် သင်္ကေတပဲ။ ရမသွာန်လမှာ အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ ဟာ တစ်လ လုံးလုံးဥပုသ်စောင့်ကြရတယ်။ မစောင့်မနေရတာဝန်အဖြစ် သတ်မှတ် ထားတာလို့ဆိုတယ်။ အဲဒီမှာ စားခြင်း၊ သောက်ခြင်း၊ သံဝါသပြုခြင်းတွေကို ရှောင်ကြဉ်ကြရတယ်။ ရှောင်ရတဲ့အချိန်က မနက်အရုဏ်တက်ချိန်ကနေ ညနေနေ၀င်ချိန်အထိ။ တစ်နှစ်မှာတစ်လ ဒီလိုအစာရှောင်ခြင်းဟာ တာဝန်အရလုပ်ရတယ် ဆိုပေမဲ့ ရည်ရွယ်ချက်တော့ရှိပါသတဲ့။

(၁)ကျိကျိတက်ချမ်းသာတဲ့ သူဌေးဖြစ်စေ၊ ဘုရင်ဖြစ်စေ မွတ်စလင် ဖြစ်ပါက ဥပုသ်စောင့်ဖို့ တာဝန်ရှိတဲ့ အတွက်တစ်ခါမှ မငတ်ခဲ့ဘူးရင်တောင် ဒီလိုဥပုသ်စောင့်ရာက နေစားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဆင်းရဲသားတွေ ကိုကိုယ်ချင်း စာတတ်စေဖို့။

(၂) တစ်နှစ်မှာတစ်လဒီလိုလေ့ကျင့်ရတဲ့အတွက် အူမမတောင့်ပေ မဲ့ သီလစောင့်နိုင်တဲ့အကျင့်ကိုရလာစေဖို့။
(၃) တစ်လလုံးလုံးနေ့စဉ်မပြတ်ကျင့်ဆောင်ရတာဖြစ်တဲ့အတွက် အလုပ်ပျက်လို့ နားလို့လည်းမရပါဘူးတဲ့။

ဒါကြောင့် ဥပုသ်စောင့်ရင်းသွား လာလှုပ်ရှား ကျောင်းတက်၊ စီးပွားရှာလုပ်မြဲတိုင်းလုပ်နေရတာမို့ပင်ပန်းပေ မဲ့တောင့်ခံနိုင်စွမ်း၊ ငတ်မွတ်ဆာလောင်ပေမဲ့ ဒေါသမထွက်ဘဲအောင့်အည်း သည်းခံနိုင်စွမ်းရလာဖို့။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဥပုသ်စောင့်ကြတာပါလို့ မွတ်စလင်ကျမ်း တတ်ဘာသာရေးဆရာ တစ်ဦးက ရှင်းပြခဲ့ပါတယ်။

သူထပ်ပြောတာက လူများစုကတော့ ဘုရားသခင်ရဲ့ အမိန့်ကိုနာခံ တဲ့အနေနဲ့ စောင့်ကြတာပါတဲ့။ ဒါပေမဲ့ ဘုရားသခင်က ကုရ်အာန်ကျမ်းစာထဲမှာ ဒီလိုဥပုသ်စောင့်တာဟာ ကိုယ်ကျင့်တရားကောင်းစေဖို့လို့ ရည်ရွယ်ချက်ကို ဖော်ပြပေးထားပါသတဲ့။ ဥပုသ်စောင့် ထားသူ ဟာ အစာရှောင်၊ ရေရှောင်၊ မေထုံမှီဝဲမှုရှောင်ရုံနဲ့လုံလောက်တာမဟုတ်ဘဲ ကိုယ်ကျင့် တရားဆိုင်ရာပညတ် ချက်တရားအားလုံးကို ဒီအချိန်မှာမဖောက်ဖျက်မိဖို့ အထူးကြိုးစားရတယ် လို့ဆိုပါတယ်။ ဆိုလိုတာက မလိမ်နဲ့၊ မခိုးနဲ့၊ မိမိလက်၊နှုတ်နဲ့ သူတစ်ပါးကို ဒုက္ခမဖြစ်စေနဲ့၊ အရက်သေစာမသောက်နဲ့၊ အလေးမခိုးနဲ့၊ သူတစ်ပါးဘာသာ တရားကို မစော်ကားနဲ့၊ ရုန့်ရင်းကြမ်းတမ်း တဲ့စကားမဆိုနဲ့ စတဲ့ အဆုံးအမတွေ ဟာ နေ့စဉ်ဘ၀မှာကျင့်ကြံဖို့ ဘုရားသခင်ရဲ့ကျမ်းစာထဲမှာရော၊ တမန်တော်မု ဟမ္မဒ်ရဲ့သြ၀ါဒတော်တွေမှာရော တားမြစ် ထားပေမဲ့ လူတွေဟာ မနာခံဖောက် ပြန်တတ်တဲ့ လူ့ဗီဇအရသာမန်အချိန်မှာ အလွယ်တကူ ဖောက်ဖျက်တတ်ကြ ပေမဲ့ ဥပုသ်စောင့်ထားချိန်မှာ ဖောက်ဖျက်မယ်ဆိုရင် ကုသိုလ်မရဘဲအစာ အငတ်ခံရုံ သက်သက်ပဲဖြစ်မယ့်အပြင် မကောင်းမှုတစ်ခုလုပ်တိုင်းလည်း သာမန် အချိန်ထက် အပြစ်နှစ်ဆပိုခံရမတဲ့။ ဒီ့အပြင် ဒီဥပုသ်လမှာ ကောင်းမှုကုသိုလ် တွေပိုလုပ်ကြရပြီး ဇကားသ်လို့ခေါ်တဲ့ ဆင်းရဲသားဒါနကြေးကိုလည်း တစ်နှစ် ပတ်လုံးဝင်ငွေထဲကနေ ၂ ဒဿမ ၅ ရာခိုင်နှုန်းလှူဒါန်းဖို့တာဝန်ရှိသတဲ့။

ဒါက မလှူမနေရလှူရတာ မျိုးလို့ဆိုတယ်။ တစ်နည်းအားဖြင့် ငွေကြေး တတ်နိုင်တဲ့သူတိုင်းမှာ ဆင်းရဲသားအတွက်အချိုးကျရပိုင်ခွင့်ရှိနေတယ်။ အဲ ဒါကိုမပေးရင် သူ့ရဲ့ငွေကြေးဟာ မသန့်ရှင်းတော့ဘူးလို့ ယုံကြည်ကြတယ်။ ဒီလိုနဲ့ ဒီကျင့်သုံးမှုဟာ ဆင်းရဲမွဲတေမှုနဲ့ လူတမ်းစားကွာဟမှုကို တစ်ဖက်တစ် လမ်းက လျော့ပါးစေနိုင်ပါတယ်။

ဒီလို ကောင်းခြင်းတွေနဲ့ စုံညီတဲ့ရမ်သွာန်လကုန်ဆုံးသွားတဲ့ အခါမှာ နာခံတာဝန်ကျေသူများအတွက် ပျော်ရွှင်ဖွယ်အီးဒ်နေ့ကို ဘုရားသခင်ဘက်က ချီးမြှင့်ခဲ့တာလို့ဆိုပါတယ်။ ဒီနေ့မှာ မနက်စောစော ရေမိုးချိုး၊ ၀တ်ကောင်းစားလှ ၀တ်ပြီး ၀တ်ပြုဆုတောင်းဖို့ ဗလီကျောင်းတွေကို သွားကြပါတယ်။

ပြန်လာရင် ဆွေမျိုးတွေဆီ လည်ပတ်ကြ၊ အကြောင်းအမျိုးမျိုးကြောင့် အခေါ်အပြောမရှိသူ တွေ ပြန်ပြီး တောင်းပန်ခေါ်ပြောကြ၊ ကလေးတွေကို အီဒီ(မုန့်ဖိုး)ပေးကြ။ ကလေးတွေ၊ လူငယ်တွေက လူကြီးတွေကို စလာမ်လိုက်ပေးကြ။(စလာမ် = ငြိမ်းချမ်းပါစေ)။ လည်ပတ်ကြ။ အိမ်တွေမှာ အလှဆင်ထားကြပြီး ကျမ်း စာရွတ်ဆိုသံအခွေတွေ၊ဓမ္မတေးခွေဖွင့်ကြနဲ့ စည်းကမ်းရှိရှိကျင်းပတဲ့ ပျော်ပွဲ တစ်ခုပါပဲ။

ဘာသာရေးပွဲတော်မို့ မူလက ဘာသာရေးမလေးစားတဲ့အရက် သေစာသောက်စား တတ်သူတွေတောင် ဒီလိုဟာရီရာယာပွဲတော်မှာ လုံးဝ ရှောင်ကြဉ်ကြပါတယ်။

Source by :https://linyonemagazine.wordpress.com/
Share this article :

1 comments:

KMC said...

thanks Brother. ကျေးဇူးတင်ပါတယ်ညီရေ..။ ရေခြားမြေခြားကကျနော်တို့အတွက် လွမ်းဆွေးစရာအခါသမယပေါ့ဗျာ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။