Home » » ဒုက္ခသည်များကို မှတ်ပုံတင်ဖို့ အမိန့် မပေးပါ

ဒုက္ခသည်များကို မှတ်ပုံတင်ဖို့ အမိန့် မပေးပါ

Written By မောင်စေတနာ on Saturday, August 27, 2011 | 7:30:00 PM

မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟီရှာမူဒင် က ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ UNHCR ကဒ် ကိုင်ထားတဲ့ ဒုက္ခသည်တွေ 6P လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် အရ မှတ်ပုံတင်ရမယ် ဆိုတဲ့ အမိန့်မျိုး မရှိပါဘူးလို့ ငြင်းဆိုပါတယ်။

တနင်္လာနေ့ ညက သတင်း ထုတ်ပြန်ချက် အပြီး ၁၁နာရီ အကြာ အင်္ဂါနေ့မှာ UNHCR ကဒ် ကိုင်ဆောင်သူ ဒုက္ခသည် အယောက် ၁၀၀၀၀ လောက်ဟာ ပူထရာဂျာရာ လူဝင်မှု ကြီးကြပ်ရေး ရုံးချုပ် မှာ 6P လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် အရ မှတ်ပုံတင်ဖို့ ရောက်လာကြပါတယ်။

အစုလိုက် အပြုံလိုက် ရောက်လာကြတဲ့ ဒုက္ခသည်တွေဟာ လူဝင်မှုကြီးကြပ်ရေး ရုံးချုပ်ရဲ့ ကြိုတင်ပြင်ဆင်မှု့ အားနည်းတာကြောင့် အများစုဟာ ဘာမှ မလုပ်နိုင်ပဲ ပြန်သွားကြရပါတယ်။ လ၀က အနေနဲ့ တစ်နေ့ကို လျှောက်လွှာ ၂၅၀၀ လောက်သာ လက်ခံ ဆောင်ရွက် နိုင်တယ်လို့ ဆိုပါတယ်။

မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟီရှာမူဒင် ဟူစိန် ကတော့ အဲဒီလို အမိန့်မျိုး မရှိပါဘူးလို့ ဒီနေ့ ပြောဆို သွားပါတယ်။

ဒါပေမယ့် UNHCR နဲ့တော့ ဆက်လက် ဆွေးနွေး ဆောင်ရွက် နေပြီး အဆိုပါကဒ် ကိုင်ဆောင်ထား သူများ ကို လ၀က တစ်ရုံးလုံး ပြည့်လျှံ မသွားအောင် အစဉ်လိုက် လာရောက် လုပ်ကိုင်ဖို့ ပြောဆိုပါတယ်။


"ကျနော်သိရသလောက် တော့ ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ အမိန့် ထုတ်ပြန်တာမျိုး မရှိပါဘူး.. ကျနော်တို့ UNHCR ကဒ် ကိုင်ဆောင် သူတွေ အစီအစဉ် တကျ စနစ်တကျ မှတ်ပုံတင် သွားဖို့ ကိစ္စတွေ အတွက် UNHCR က တာဝန် ရှိသူတွေနဲ့ စေ့စပ် ဆောင်ရွက် နေပါတယ်".. လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

"ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ ဘာအန္တရာယ် ဘာပြဿနာ မှ မရှိပါဘူး။ ကျနော်တို့ UNHCR နဲ့ စေ့စပ် ဆောင်ရွက် နေတာပါ။" လို့ ထပ်ပြော ပါသေးတယ်။

"ကျနော်တော့ စိတ်ပျက် စိတ်ဓါတ်ကျတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး"


6P အစီအစဉ် ဟာ ရှေးဦး မစွက တရား မ၀င် နေထိုင်သူ နိုင်ငံခြားသား အလုပ်သမား တွေ အတွက် ရည်ရွယ် သော်လည်း နောက်ပိုင်းမှာ တရားဝင် နိုင်ငံခြားသား အလုပ်သမားများလည်း မှတ်ပုံတင် ရမယ်လို့ ဆိုပါတယ်။


တချို့ ကတော့ အခုအစီ အစဉ်ကို ဒုက္ခသည်တွေဟာ တရားမ၀င် အလုပ်သမား တွေနဲ့ အခြေအနေခြင်း မတူဘူးလို့လဲ ဝေဖန် ကြပါတယ်။ UNHCR ကဒ် ကိုင်ဆောင်သူ ဒုက္ခသည် တွေ စိုးရိမ် ပူပန်တာ ကတော့ အဆိုပါ မှတ်ပုံတင်ပြီးရင် ကြုံကောင်း ကြုံလာ နိုင်တဲ့ မိမိနိုင်ငံကို ပြန်ပို့မယ့် ကိစ္စမျိုး ကိုပါ။

အထက်ပါ အချက်ကို ထောက်ပြတဲ့ အခါမှာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ အတွင်းဝန် (အမျိုးသား မှတ်ပုံတင်ရေးနှင့် လူဝင်မှု မူဝါဒ ဌာန) အယ်လ်ဝီအီ ဘရာဟင် က ဒုက္ခသည်တွေကို နောက်ပိုင်းမှာ သီးခြား ခွဲထား မှာပါလို့ ဆိုပါတယ်။

"သူတို့ (ဒုက္ခသည်တွေ) အရင်ဆုံး 6P အစီအစဉ် အရ မှတ်ပုံတင်ပါ၊ နောက်ပိုင်းမှာ တခြား တရားမ၀င် အလုပ်သမားတွေနဲ့ သီးခြား ခွဲထားမှာပါ" လို့ လွတ်လပ်သော မလေးရှား သတင်း အေဂျင်စီကို ပြောပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ၂၂၃၇၉၇၈ သော တရားဝင်နဲ့ တရားမ၀င် အလုပ်သမား တွေ 6P ပရိုဂရမ် အရ မှတ်ပုံတင် ပြီးသွားပါပြီ။

နောက်ကိစ္စ တခုက ဟီရှာမူဒင် ကို ကျည်ဆံ နှစ်တောင့်နဲ့ ခြိမ်းခြောက်စာ ပို့တဲ့ ကိစ္စ မနေ့က ဖြစ်သွားပါ သေးတယ်။ သူကတော့ စိတ်ပျက်တာမျိုး မဖြစ်ပါဘူး။ သူသာလျှင် ဒီကိစ္စမှာ တာဝန် အရှိဆုံး ပါလို့ ဆိုပါတယ်။ ဒီလို ခြိမ်းခြောက်စာ ပို့တဲ့ ကိစ္စက သူ့အတွက် ရိုးနေပါပြီတဲ့ ဒါပေမယ့် ကျည်ဆံပါ ပို့တာ ကတော့ ဒါ ပထမဆုံးပဲလို့ ဆိုပါတယ်။

ပုံမှန် ၀န်ကြီးဌာန အစည်းအဝေးမှာ ၀န်ကြီး က အဲဒီ ကိစ္စကို "သူတို့ ပြည်ထဲရေးမှာ ကျည်ဆံ မလုံလောက်ဖူး ထင်လို့ ၂ တောင့် ထပ်ပို့ ပေးတယ် ထင်တယ်.." လို့ ဟာသလုပ် ပြောသွားခဲ့ပါတယ်။

မူရင်း အား ပြန်လည်၍ ဘာသာပြန်ဆိုသည်။ ဘာသာ ပြန်ဆိုသူ ၀၀၉ အား ကျေးဇူးတင်ရှိပါသည်။




Source by :http://www.deyea.org/2011/08/unhcr-6p-unhcr-6p-unhcr.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။