မြန်မာအသင်း ဟာ ပထမအ ကျော့ယှဉ်ပြိုင်ကစားခဲ့စဉ်က အဝေး ကွင်းမှာ (၁-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့အတွက်လူ ကုန်ထုတ်ကစားခဲ့ပါတယ်။ ရှေ့တန်း မှာ ၀ါရင့်တိုက်စစ်မှူး ရန်ပိုင်တစ်ဦးတည်း ကိုအထောင်တိုက်စစ်မှူးအဖြစ်ထား ရှိပြီး နောက်တန်းမှာ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ ရန်အောင်ကျော်၊ မင်း မင်းသူ၊ ဇော်ဇော်ဦးတို့ထားရှိပြီး (၄-၃-၂-၁) ပုံစံနဲ့ပွဲထွက်ခဲ့ပြီး နောက်တန်း ခံစစ်ပိုင်း ကိုအဓိက ပြင်ဆင်ခဲ့ပြီး တန် ပြန်တိုက်စစ်နဲ့ လိုအပ် နေတဲ့ဂိုးနှစ်ဂိုးကို ရယူနိုင် ခဲ့ပါတယ်။ ဧည့်သည် မွန်ဂိုလီး ယားအသင်း ကတော့ ပွဲမစခင်က တိုက်စစ်ဖွင့် ကစားမယ့်လို့ဆိုထားပေ မယ့် မြန်မာအသင်းရဲ့ တန်ပြန်တိုက် စစ်ကို ထိန်းနေရတဲ့အတွက် တစ်သင်း လုံးတိုက်စစ်မှာ လိုက်ပါကစားခွင့်မရခဲ့ သလို၊ ဂိုးသွင်းခွင့် လည်း အပိုင်အခွင့် အရေးမျိုးမရရှိခဲ့ပါဘူး။
အဲဒါကြောင့် မြန်မာ အသင်းက ဧည့်သည် မွန်ဂိုလီးယား ထက် ဂိုးသွင်း ခွင့်ပိုမို ရရှိခဲ့တာကြောင့် မြန်မာ အသင်း ရဲ့ နည်းပြချုပ် အသစ်ဖြစ်လာသူဦး ဆန်းဝင်းရဲ့နည်းဗျူဟာ ပိုင်းအရ မှန် ကန်ခဲ့တယ်လို့ဆိုရမှာပါ။
ပထမပိုင်းမှာ မြန်မာအသင်း က တောင်ပံတိုက်စစ်တွေ အားကောင်းခဲ့ပြီး ဘယ်ညာ တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ ပိုင်စိုးနဲ့ မိုင်အိုက်နိုင် တို့ ခြေစွမ်းပြ ကစားနိုင်မှုကြောင့် ဂိုးသွင်းခွင့် တွေရ ခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေ ကြောင့် ပထမပိုင်းပြီးတဲ့အထိ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။
အဲဒီနောက် ဒုတိယပိုင်း ရောက် ရှိလာတဲ့ အခါမှာတော့ ဂိုးရဖိုဆာ လောင် နေတဲ့မြန်မာအသင်း က တိုက် စစ်ပိုမို ဆင်လာခဲ့ပြီး အဖွင့်ဂိုးကို ဘယ် တောင်ပံ တစ်လျှောက် ခြေစွမ်းပြ နေ သလို၊ မြန်မာအသင်း အတွက် အဖိုး တန်ဂိုး တွေကို လိုအပ်တဲ့ အချိန်မှာ ဂိုး သွင်းယူပေးနိုင်တဲ့ တောင်ပံကစားသ မား ပိုင်စိုးက ပွဲချိန် ၆၂ မိနစ်မှာ ထောင့် ဖြတ် အနေအထားကနေ သွင်းယူပေးခဲ့ တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရပြီး တဲ့နောက်ပိုင်း မှာ မြန်မာအသင်းဟာ ကစား အားပိုတက်လာပြီး အသင်း အတွက် လိုအပ်နေတဲ့ နောက်ထပ် အနိုင် ဂိုးတစ်ဂိုးကို ရန်ပိုင်နဲ့ ရန်အောင်ကျော် တို့ရဲ့တွဲလုံးကနေ ခင်းပေးလိုက်တဲ့ ဘောလုံးကို မိုင်အိုက်နိုင် က ဂိုးသမား နဲ့ တစ်ယောက်ချင်း အတွေ့မှာ အမှား အယွင်းမရှိ ကန်သွင်းခဲ့လို့ ပွဲအပြီးမှာ မြန်မာတို့ နှစ်ကျော့ ပေါင်းရလဒ် (၂-၁) ဂိုးနဲ့ အနိုင်ရရှိပြီး ဒုတိယ အဆင့်ကို တက်ရောက် သွားခဲ့ပြီဖြစ်ပါတယ်။
နှစ်ဖက်အသင်းနည်းပြများ၏ ပြောစကားများ
ကျွန်တော်ပြောချင် တာကတော့ ဒီနေ့ပွဲမှာ မြန်မာဘောလုံး သမားတွေ တော်လို့၊ ကြိုးစားလို့အနိုင်ရတာ၊ ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ ကစားကွက် ကတော့ မြန်မာဘောလုံး သမားတွေ အားသန်တဲ့ တိုက်စစ်ပုံစံ အတိုင်း ၄-၃-၂-၁ နဲ့ တောင်ပံ တိုက်စစ်ကို အဓိကထားပြီးကစားတယ်။ အများကြီး အပြောင်း အလဲ မရှိပါဘူး။ ရန်ပိုင် ခေါ်တယ်။ ခင်မောင်လွင် ခေါ်တယ်။ သူတို့ကို ခေါ်တာ အသင်းကို ထိန်းချုပ်မယ့် ကစားသမားလိုတယ်။ လူငယ် တွေနဲ့ အသင်းဖွဲ့တာ ကောင်းပါတယ်။ ဒါပေမယ့် အသင်းကို ထိန်းချုပ်မယ့် ကစားသမား လိုတယ်။ ရန်ပိုင်ရော၊ ခင်မောင်လွင်ရော ကြိုးစားပေးတဲ့အတွက် ဒီနေရာကနေ ကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။
ဦးဆန်းဝင်း (မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်)
ဒီနေ့ပွဲမှာ ကျွန်တော်တို့အတွက် အဓိက အခက်အခဲကတော့ မွန်ဂိုလီး ယားနဲ့ ရာသီဥတု ကွာခြားပြီး ဘောလုံးကွင်း က မြက်ခင်း မြေသား ကွင်းဖြစ်နေ လို့ပါ။ မွန်ဂိုလီးယား မှာက ရာသီဥတု ကြောင့်မြက် မပေါက်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်တို့ ဆီမှာ မြက်ခင်းတု ကွင်းမှာပဲ ကစားနေကြပါတယ်။ မြေသားမြက်ခင်းကွင်း မှာဆိုရင်ကျွန်တော့် ကစားသမားတွေ ကောင်းကောင်း မကစား နိုင်ပါဘူး။ ဒါကြောင့် အဝေးကွင်း ဆိုရလဒ် မကောင်းဖြစ်တတ် ပါတယ်။ နောက်ဆို အဝေးကွင်းမှာ ရလဒ် ကောင်းအောင် မြေသားမြက်ခင်း ဘောလုံးကွင်းမှာ အသင်းကို အသားကျအောင် လေ့ကျင့် သွားမှာပါ။
Mr. Ravsal Enkhbayar (မွန်ဂိုလီးယားလက်ရွေးစင်အသင်းနည်းပြချုပ်)
Source by :http://www.themyanmarpost.com/
0 comments:
Post a Comment