Home » » ဒုက္ခသည် ဖလှယ်ရေး မလေးရှား ဆိုရှယ်လစ်ပါတီ ဝေဖန်

ဒုက္ခသည် ဖလှယ်ရေး မလေးရှား ဆိုရှယ်လစ်ပါတီ ဝေဖန်

Written By မောင်စေတနာ on Friday, July 22, 2011 | 1:30:00 PM

http://www.thuriyanews.com/wp-content/uploads/2011/07/n1-250x250.jpg
KH။ ။မလေးရှားက ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်ကို သဘောတူညီခြင်းသည် သြစတြေးလျက ဒုက္ခသည် ပြဿနာကို မလေးရှားထံသို့ လက်ပြောင်း ပေးအပ်ခြင်း ဖြစ်ကြောင်း မလေးရှား ဆိုရှယ်လစ်ပါတီ ပါလီမန် အမတ် တဦးဖြစ်သူ ဒေါက်တာ Jeyakumar Devaraj က ပါတီ၏ ၁၃ ကြိမ်မြောက် ကွန်ဂရက်တွင် သတင်းစာတစောင်သို့ ပြောဆိုလိုက်သည်။

“သြစတြေးလျက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ နိုင်ငံကို ဒုက္ခသည်တွေ ပို့တော့မယ်၊ မလေးရှားမှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း နေထိုင်သူများ အကြား ကွာဟချက် သိပ်မရှိဘူး၊ သူတို့တွေက တခြား နေထိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသားတွေနဲ့ အတူပဲ” ဟု ဒေါက်တာ Jeyakumar Devaraj က ဆိုသည်။

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပေးအပ်ထားသည့် ဒုက္ခသည် ကဒ်ကို ရရှိထား သော်လည်း အခက်အခဲများရှိပြီး နေထိုင့်ခွင့်မရရှိထားသည့် နိုင်ငံခြားသားများနှင့်တူကြောင်းလည်း သူက ဆိုသည်။

အလုပ်လုပ်ရမည်ဖြစ်သော်လည်း တရားဝင် လုပ်ပိုင်ခွင့်မရှိကြောင်း၊ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးရာတွင်လည်း အလိမ်ခံရပါက အာဏာပိုင်များထံသို့ သွားရောက် တိုင်တန်းခွင့်မရှိကြောင်း၊ တရားဝင်အလုပ်လုပ်ခွင့်မရှိသည့် အတွက် အလိမ်ခံရသည်ဟု ပြောရန်သာ ရှိကြောင်း၊ နေထိုင်ခွင့်မရှိသည့် အတွက် အချိန်မရွေး ဖမ်းဆီးနိုင်ကြောင်းလည်း ဒေါက်တာ Jeyakumar Devaraj က ဆက်ပြောသည်။

မလေးရှား ဆိုရှယ်လစ်ပါတီနှင့် သြစတြေးလျရှိ ဆိုရှယ်လစ် မဟာမိတ်များကလည်း ကြေညာချက်တစောင်ကို ပူးတွဲ ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

ယင်းထုတ်ပြန်ချက်တွင်သြစတြေးလျနှင့် မလေးရှားနိုင်ငံ အစိုးရအနေဖြင့် ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်ကို ရပ်တန့်ရန်၊ သြစတြေးလျ အစိုးရအနေဖြင့် လှေဖြင့် ရောက်ရှိလာသည့် ဒုက္ခသည်များကို လက်ခံပြီး ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ၏ ဒုက္ခသည်များ ဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိသည့် နိုင်ငံများသို့ ဒုက္ခသည်များကို ပို့ဆောင်ခြင်း မပြုရန် တောင်းဆိုလိုက်သည်။

ယင်း အပြင် သြစတြေးလျ အနေဖြင့် ထိုင်းအပါအ၀င်အခြားသော နိုင်ငံများဖြင့် ဆောင်ရွက်နေသည့် ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်နှင့် လှေဖြင့် ရောက်ရှိလာသည့် ဒုက္ခသည်များကို ထိန်းသိမ်းရန်အတွက် ပါပူနယူးဂီနီရှိ ထိန်းသိမ်းရေး စခန်းပြန်လည်ပွင်လှစ်ရန် ကြိုးပမ်းနေခြင်းနှင့် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားခြင်းကို စွန့်လွတ်ရန်၊ မလေးရှားအနေဖြင့် ၁၉၅၁ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်နှင့် ၁၉၆၇ ခုနှစ် ဒုက္ခသည်များနှင့် စပ်လျဉ်းသည့် သဘောတူ စာချုပ်တွင်လက်မှတ်ရေးထိုး၍ ဒုက္ခသည်များနှင့် ခိုလှုံခွင်ရှာဖွေသူများ၏ အခွင့်အရေးများကို ကာကွယ်ရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကလေးတွေကို ကျောင်းပို့လို့မရပေမယ့် ကျန်းမာရေး ကုသခံယူမှုအတွက်တော့ ငွေက အများကြီး ပေးရတယ်၊ သြစတြေးလျက ဒီကိစ္စတွေကို လုပ်ချင်တယ်ဆိုရင် အရာအားလုံးကို အစီအစဉ်တကျ လုပ်သင့်တယ်” ဟု ဒေါက်တာ Jeyakumar Devaraj က ပြောသည်။

သူရိယသတင်းဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။