Home » » မလေးရှား ဒုက္ခသည်လဲလှယ်ရေးသည် ပိုပြင်းထန်လာ

မလေးရှား ဒုက္ခသည်လဲလှယ်ရေးသည် ပိုပြင်းထန်လာ

Written By မောင်စေတနာ on Saturday, July 23, 2011 | 11:57:00 AM

http://www.thuriyanews.com/wp-content/uploads/2011/07/ds-250x250.jpg
DK – ဒုက္ခသည်များကိုထိန်းသိမ်းထားသူမှာ မလေးရှားအစိုးရမဟုတ်ပဲ သြစတြေးလျဖြစ်နေကြောင်း ယခင်မယ်လ်ကွမ်းဖရေဇာ (Malcolm Fraser) အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဝန်ကြီးဖြစ်ခဲ့သူ ဂျော်န်မီနာဂျူး (John Menadue) မှဝေဖန်ခဲ့သည်။

ဂျော်န်မီနာဂျူးမှ ဆစ်ဒနီရင်ပြင်အဖွဲ့ (Sydney Forum) အားယခုအပတ်ပြောဆို ဆွေးနွေးခဲ့မှုတွင် ၄င်း၏ ဗီယက်နမ်ဒုက္ခသည်အရေးအား ၁၉၈၀ ခုနှစ်များအတွင်း ဖြေရှင်းခဲ့သည့်အတွေ့အကြုံမှ ယခု မလေးရှားနှင့်ဒုက္ခသည် လဲလှယ်ရေးအပေးအယူသည် ဖြေရှင်းရန်နည်းလမ်း တခုဖြစ်ကြောင်း အတော်အတန် ယုံကြည်မှုရှိကြောင်းဆိုခဲ့သည်။ ထိုစဉ်က သိန်းနှင့်ချီသော ဗီယက်နမ်ဒုက္ခသည် များအားပြန်လည် နေရာချထားမှုတွင် မလေးရှား၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါခဲ့ကြောင်း ၄င်းမှဆိုခဲ့သည်။

မလေးရှား၏ ၄င်းနိုင်ငံတွင်းရှိလူများကိုကိုင်တွယ်မှုအား မိမိတို့၏ဝေဖန်မှုတွင် လူမျိုးရေးပါဝင်နေသော်ငြားလည်း မလေးရှားအနေနှင့်ထိုသူများအားပိတ်လှောင်မှုမပြုခဲ့ကြောင်း ၄င်းမှဆိုခဲ့သည်။ ဂျော်န်မီနာဂျူးမှ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလတ် (Julia Gillard) နှင့် အတိုက်အခံခေါင်းဆောင် တိုနီအက်ဘော့တ် (Tony Abbot) တို့အား ခိုလှုံခွင့်တောင်းခံသူများအရေးနှင့် ပတ်သက်ပြီး ဦးဆောင်မှုကင်းမဲ့နေသည်ဟု ဝေဖန်ခဲ့သည်။

http://www.thuriyanews.com/wp-content/uploads/2011/07/hfa-250x250.jpg

ခရစ်စမတ်ကျွန်းပေါ်ရှိ ဆန္ဒပြသူများအား လေဘာအစိုးရမှမျက်ရည်ယိုဗုံးဖြင့်ဖြိုခွင်းခဲ့ခြင်းမှာ ပြင်းထန်လွန်းပြီး တိုနီအက်ဘော့တ်မှာမူပိုဆိုးကာ ပါတီနှစ်ခုပေါင်းကာ ဒုက္ခသည်များအား ထိုးနှက်ချက်သည် ၄င်း၏လက်ချက်ဖြစ်ကြောင်း ဆိုခဲ့သည်။

သို့သော် မလေးရှားဒုက္ခသည် လဲလှယ်ရေးသည် ပြင်းထန်သည့်ခိုလှုံခွင့်တောင်းခံသူများ အရေးဆိုင်ရာ အချေအတင်ဆွေးနွေးမှုကို လိပ်ခဲတည်းလည်းဖြစ်နေစေမှုအား အဆုံးသတ်စေခဲ့ကြောင်းကိုမူ ဂျော်န်မီနာဂျူးမှဝန်ခံခဲ့သည်။ မလေးရှားနိုင်ငံသည် သြစတြေးလျနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဒုက္ခသည်ပြန်လည် နေရာချထားရေး အာမခံချက်များသာ မရှိခဲ့လျှင် ဗီယက်နမ်ဒုက္ခသည်များအား လက်ခံဆောင်ရွက်ပေးခဲ့လိမ့်မဟုတ်ကြောင်း ဂျော်န်မီနာဂျူးမှဆိုခဲ့သည်။

ယမန်နှစ် အနားယူခဲ့သော ယခင်လက်ထောက်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင်းဖြစ်ခဲ့သူ အာဂျာကက်စ်ကီနမ်မီ (Arja Keski-Nummi) မှ ဖမ်းဆီးထိန်းသိမ်းရေးအစီအစဉ် များနှင့် ပတ်သက်လျှင်မူ သြစတြေးလျနိုင်ငံ၏ ဥပဒေထုတ်ပြန်ထိန်းသိမ်းမှုနှင့်ယှဉ်လျှင် မလေးရှားနိုင်ငံသည် ရှေ့သို့ရောက်နေကြောင်း ဆိုခဲ့သည်။

သူရိယသတင်းဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။