Home » » အဂြီရိုအား ပေါင်သန်း၄၀ဖြင့် မန်စီးတီးအသင်းမှ ခေါ်ယူမှု မနက်ဖြန်တွင် အပြီးသတ်ဖွယ်ရှိ

အဂွီရိုအား ပေါင်သန်း၄၀ဖြင့် မန်စီးတီးအသင်းမှ ခေါ်ယူမှု မနက်ဖြန်တွင် အပြီးသတ်ဖွယ်ရှိ

Written By မောင်စေတနာ on Wednesday, July 27, 2011 | 4:43:00 AM

http://mutdfan.com/news_images/Atletico-Madrid-Sergio-Aguero+cropped.jpeg
အဂွီရိုအား ပေါင်သန်း၄၀ဖြင့် မန်စီးတီးအသင်းမှ ခေါ်ယူမှု မနက်ဖြန်တွင် အပြီးသတ်ဖွယ်ရှိ

အက်သလက်တီကိုအသင်း၏ အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီရို အဂွီရိုသည် မန်ချက်စတာစီးတီးအသင်းသို့ ပေါင်သန်း ၄၀ဖြင့် ပြောင်းရွှေ့ကာ မနက်ဖြန်တွင် ဗြိတိန်သို့ ရောက်ရှိဖွယ်ရှိကြောင်း သိရသည်။

အာဂျင်တီးနားနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပခဲ့သော ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲတွင် အစွမ်းပြနိုင်ခဲ့သူ အဂွီရိုသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် မိသားစုနှင့် တိုင်ပင်လျှက်ရှိသည်။ မနက်ဖြန်တွင် ကစားသမား၏ အေးဂျင့်ဖြစ်သူ ဟာနန် ရီဂွီရာသည် မန်စီးတီးအသင်းနှင့် လန်ဒန်သို့ သွားရောက်တွေ့ဆုံကာ အက်သလက်တီကိုမှ တောင်းဆိုထားသော ပြောင်းရွှေ့ကြေးဖြင့် အဆင်ပြေနိုင်မည်ဟု အာဂျင်တိုင်း တိုက်စစ်မှူးမှ မျှော်လင့်နေသည်။

အက်သလက်တီကိုအသင်းသည် မန်စီးတီးအသင်းမှ သူတို့တောင်းဆိုထားသော ပေါင်သန်း ၄၀ဖြင့် သဘောတူညီရန် ရှင်းလင်းပြောဆိုထားသည်။ သို့သော် မိုးပြာရောင်အသင်းသည် တောင်းဆိုထားသော ပမာဏထက် နည်းကာ ပေးချေရန် မျှော်လင့်နေသည်။ ယခု ပြောင်းရွှေ့ကြေးသည် မန်စီးတီးအသင်းအတွက် ကလပ်အသင်း၏ စံချိန်တင်သော မှတ်တမ်းဖြစ်နေသည်။ အမြင့်ဆုံးအဖြစ် ၂၀၀၈ခုနှစ်တွင် ရော်ဘင်ဟိုအား ရီးရဲမက်ဒရစ်အသင်းမှ ပေါင်၃၂.၅သန်းဖြင့် Etihad Stadium ကွင်းသို့ စံချိန်တင် စေခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် အဂွီရိုအား တစ်ပတ်လျှင် ပေါင် ၂၅၀,၀၀၀ခန့်ဖြင့် ကမ်းလှမ်းခဲ့ပြီး အသင်း၏ တိုက်စစ်မှူး ကားလို့စ်တီဗက်အားပေးသော လစာထက်ပိုကာ ကမ်းလှမ်းခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင် အသင်းသို့ အဂွီရို ရောက်ရှိလာပါက အသင်း၏ တိုက်စစ်မှူး တီဗက်သည် ပွဲတိုင်းကစားခွင့် ဆုံးရှုံးဖွယ်ရှိနေသည်။ တီဗက်တွင် ရွေးချယ်စရာ သိပ်မကျန်တော့ဟု အသင်း၏ နည်းပြ ရောဘတ်တို မန်စီနီမှ ပြောခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။