နောက်ပြီး နိုင်ငံကူး လက်မှတ်က လည်း တစ်နှစ် သက်တမ်း ရှိဖို့လိုပါ တယ်” ဟုအဆိုပါအေဂျင်စီမှ တာ ဝန်ရှိ သူတစ်ဦးက ဇူလိုင် ၂ ရက် တွင်ပြောသည်။ လျှောက်လွှာ များကို ဇူလိုင် ၁၁ ရက်မှ ၂၀ ရက် အတွင်း ခုံအ မှတ် အလိုက်ပင် ပြန်တင်ရမည်ဖြစ် ပြီး ပတ်စပို့ဓာတ်ပုံ ၆ ပုံ၊ ကျန်းမာ ရေးဆေး စစ်ချက် မှတ်တမ်း၊ နိုင်ငံ သားစိစစ်ရေးကတ်၊ နိုင်ငံကူးလက် မှတ် စသည်တို့ကို မူရင်းနှင့် မိတ္တူ ပူးတွဲတင် ရမည်ဖြစ်ပြီး ပညာရေး ထောက်ခံချက်၊ စက်မှုလက်မှုပညာ ရပ်များနှင့် ပတ်သက်သော သင် တန်းဆင်း လက်မှတ်များ ရှိပါကလည်း ပူးတွဲတင်ရ မည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး စစ်ဆေးရာတွင် အေဂျင်စီက သတ်မှတ်ထားသော ကိုရီးယား အသိ အမှတ်ပြု ဆေးခန်း တွင်ပင် စစ်ဆေးရမည်ဖြစ်ပြီး ပတ် စပို့ဓာတ်ပုံ ၆ ပုံကိုလည်း အေဂျင်စီ မှာပင် ရိုက်ရမည်ဖြစ် ကြောင်း သိရ သည်။ ဒုတိယ အကြိမ် ကိုရီးယားဘာ သာစာမေးပွဲကို ဇွန် ၁၁ နှင့် ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီး အောင်စာရင်း ကို ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ စာမေးပွဲတွင် ဖြေဆိုသူ ၄၅၂၃ ဦးအနက် ၄၁၀၉ ဦးအောင် မြင်ခဲ့ကြောင်း သိရသည်။
Source by :http://www.yoyarlay.com/
0 comments:
Post a Comment