Home » » မြန်မာလုပ်သား အများစုရှိကြသော စင်ကာပူ၌ ဒီပလိုမာရရှိသူများက ဘွဲ့ရများထက် အလုပ်အကိုင် ပိုမိုကောင်းမွန်နေ

မြန်မာလုပ်သား အများစုရှိကြသော စင်ကာပူ၌ ဒီပလိုမာရရှိသူများက ဘွဲ့ရများထက် အလုပ်အကိုင် ပိုမိုကောင်းမွန်နေ

Written By မောင်စေတနာ on Saturday, July 9, 2011 | 1:31:00 AM



မြန်မာလုပ်သားအများစု ရောက်ရှိလုပ်ကိုင် နေကြသော စင်ကာပူအလုပ်အကိုင် ဈေးကွက်၌ ဒီပလိုမာ လက်မှတ် ကိုင်ဆောင်ထားသူ များမှာ ဒီဂရီဘွဲ့ရများထက် အလုပ်အကိုင် ပိုမိုကောင်းမွန်နေကြကြောင်း စင်ကာပူ သတင်းမီဒီယာ ၀က်ဘ်ဆိုက်အချို့၏ ဖော်ပြထားချက်အရ သိရှိရပါသည်။

ဒီပလိုမာ ကိုင်ဆောင်ထားသူ များက ဘွဲ့ရများထက် အလုပ်အကိုင် ပိုမိုကောင်းမွန်သည်ဟု ဆိုရာတွင် အလုပ်သမားအများစုသည် အလုပ်ရှင်များက ပေးသည့် လုပ်ခလစာအတိုင်း ၀င်ရောက် လုပ်ကိုင်နိုင်ကြခြင်းအပြင် လစာနှုန်းထားများနှင့် ပတ်သက်၍ ဘွဲ့ရများကဲ့သို့ လစာအမြင့်များ တောင်းခံခြင်းမျိုး မဟုတ်သည့်အတွက် ၄င်းတို့မှာ အလုပ်အကိုင်ဈေးကွက်တွင် အမြင့်ဆုံးဖြစ်နေကြောင်း စင်ကာပူရေးရာ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြ ခဲ့ပါသည်။

''ဒီပလိုမာ ကိုင်ထားသူတွေကို အလုပ်ရှင်တွေက လစာအနိမ့်တွေနဲ့ ခေါ်ယူခန့်ထားတယ်။ သူတို့က လည်းလုပ်နိုင်ကြတယ်။ ဘွဲ့ရသမား တွေကတော့ လစာအမြင့်ရမှ လုပ်နိုင်မယ်ဆိုတာကြောင့် အခုလိုစီးပွားရေး နာလန်ထစမှာ အလုပ်ရှင်တွေအနေနဲ့ ခေါ်ခန့်ဖို့ အနည်းငယ်စဉ်းစားလာ ကြတာဖြစ်ပါတယ်''ဟု စင်ကာပူ အလုပ်အကိုင် ဈေးကွက်အား ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောပြခဲ့ ပါသည်။

မြန်မာ ကျောင်းသားအများစုမှ စင်ကာပူသို့ဘွဲ့နှင့် မာစတာပရိုဂရမ် များတက်ရောက်ခြင်းသည် ဒီပလိုမာနှင့် လက်မှတ်ရသင်တန်းများ တက်ရောက်ခြင်းထက် ပိုမိုကြကာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြုံတွေ့ခဲ့ပြီး နောက်ပိုင်းမှစ၍ ပညာရေးအဓိက လုပ်ကိုင်လိုသူများသာ စင်ကာပူသို့ သွားရောက်ခြင်း ပိုများခဲ့သည်ဟု သိ ရှိရပါသည်။

ထို့ပြင် Ministry of Manpower (MOM) မှ ပြီးခဲ့သောနှစ် မတ်လက ဘွဲ့ရများ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၀ ပြည့်နှစ် မတ်လတွင်း တိုင်းတာခဲ့သော အလုပ်လက်မဲ့နှုန်းထက် ပိုမိုခဲ့ကြောင်း အဆိုပါဌာန၏စစ်တမ်းအရ သိရသည်။

သို့သော် ပေါ်လီဒီပလိုမာ လက်မှတ်ကိုင်ဆောင်ထားသူများ၏ အလုပ်လက်မဲ့နှုန်း အနေဖြင့်မူ ၂၀၀၉ ခုနှစ် မတ်လက ၄ ဒသမ ၁ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး ယခုအခါ ၂ ဒသမ ၁ ရာခိုင် နှုန်းအထိလျော့ကျခဲ့သည်ဟု စင်ကာပူ MOM ၏ စစ်တမ်းက ဆိုသည်။

ယင်းဖြစ်ရပ်သည် မြန်မာအလုပ်သမား ဈေးကွက်၌ တစ်စုံတစ်ရာ သက်ရောက်ခြင်း မရှိသော်လည်း မြန်မာလူမျိုးများအနေဖြင့် စင်ကာပူသို့ အလည်အပတ်ဖြင့် သွားကာ အလုပ်ရရှိခြင်းမှာ သေချာမှုမရှိသေးကြောင်း နှင့် မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်ရရှိမှုမှာ စင်ကာပူလူဝင်မှု ကြီးကြပ်ရေး၏ ချမှတ်မူဝါဒများနှင့် သက်ဆိုင်မှုရှိနေကြောင်း သိရသည်။

Source by :http://www.weeklyeleven.com/
Share this article :

2 comments:

ညိမ်းနိုင် said...

အရမ်းကြီးတော့အခြေအနေမဆိုးပါဘူး....၊အလည်နဲ့လာ
တဲ့သူတွေအနေနဲ့ သိပ်ပြီးမသေချာတာတော့အမှန်ပဲ...။
ကိုယ့်ဘက်ကတတ်နိုင်သမျှ ဆေ့ဖြစ်အောင်လုပ်လာကြစေ
ချင်ပါတယ်...၊တရုတ်စကားနဲ့ အီး ပေါ့ဗျာ...၊နောက် အော်
တိုကဒ်...၊ဒါတွေပေါ့.....။

Anonymous said...

ဒီသတင်းက ဘာကို အခြေခံပြီး တင်တဲ့ သတင်းလဲ ဆိုတာ တိတိကျကျ ဖော်ပြနိုင်ရင် ကောင်းပါတယ်။ ဒီဂရီဘွဲ့နဲ့ မာစတာဘွဲ့က မတူပါဘူး။ မြန်မာ အများစု လာကြတာက Master of Sciene အတွက်ပါ။ အဲဒီ ဘွဲ့ရ အများစုက ဒီက ဒီဂရီ သမား တွေနဲ့ မယှဉ်နိုင်ပါဘူး။ အဲဒါမို့ သူတို့ရဲ့ အလုပ်အကိုင် အခွင့် အလမ်းက ဒီပလိုမာ သမားတွေထက် ညံ့နေရတာပါ။ ဒီဂရီ ဘွဲ့ရသူတွေကတော့ ဒီပလိုမာသမားထက် ပိုပြီး အလုပ်အကိုင် အခွင့်အလမ်း သာပါတယ်။ ဒါကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။