Home » » အာဆင်နယ်မှ ကလစ်ချီနှင့် နာဆရီတို့ကို မန်စီးတီးအသင်း ခေါ်ယူနိုင်ရန် နီးစပ် နာဆရီကို တစ်ပတ်လစာ ပေါင်(၁၈၀၀၀၀)ဖြင့် မန်စီးတီး ကမ်းလှမ်း

အာဆင်နယ်မှ ကလစ်ချီနှင့် နာဆရီတို့ကို မန်စီးတီးအသင်း ခေါ်ယူနိုင်ရန် နီးစပ် နာဆရီကို တစ်ပတ်လစာ ပေါင်(၁၈၀၀၀၀)ဖြင့် မန်စီးတီး ကမ်းလှမ်း

Written By မောင်စေတနာ on Wednesday, July 6, 2011 | 10:43:00 PM

http://sports.news-eleven.com/images/stories/EPL/pe84201.jpg

အာဆင်နယ်မှ ကလစ်ချီနှင့် နာဆရီ တို့ကို မန်စီးတီးအသင်း ခေါ်ယူနိုင်ရန် နီးစပ် နာဆရီကို တစ်ပတ်လစာ ပေါင်(၁၈၀၀၀၀)ဖြင့် မန်စီးတီး ကမ်းလှမ်း ...

မန်စီးတီး အသင်းသည် အာဆင်နယ်အသင်းမှ ပြင်သစ် လက်ရွေးစင် ကစားသမား နှစ်ဦး ဖြစ်သည့် နောက်ခံလူ ကလစ်ချီနှင့် ကွင်းလယ်ကစားသမား နာဆရီ တို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရှိရသည်။

မန်စီးတီး အသင်းသည် လီဗာပူးလ်အသင်း၏ ပေါင်(၅)သန်းဖြင့် ကမ်းလှမ်းခြင်း ခံထားရသည့် ကလစ်ချီကို ပေါင်(၇)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး နာဆရီကိုလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀)၊ တစ်ပတ်လစာ ပေါင်
(၁၈၀၀၀၀)နှုန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရှိရသည်။ ကလစ်ချီသည် မန်စီးတီးအသင်းသို့ လာမည့် ရက်ပိုင်းအတွင်း ရောက်ရှိတော့မည် ဖြစ်ပြီး နာဆရီမှာလည်း မန်စီးတီး အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်နိုင်ဖွယ် မရှိကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြခဲ့ကြသည်။ နာဆရီသည် အာဆင်နယ်အသင်း၏ တစ်ပတ်လစာ ပေါင်(၉၀၀၀၀)နှုန်းဖြင့် စာချုပ်သက်တမ်း တိုးမြှင့်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ပေါင် (၁၁၀၀၀၀) ရရှိရန် တောင်းဆိုခဲ့ခြင်းကြောင့် စာချုပ်သက်တမ်း တိုးမြှင့်ရန် အဆင်မပြေ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းက ခေါ်ယူရန် ကြိုးစားလျက် ရှိပြီး ယခုအခါ အူဒီးနီးစ်အသင်းမှ အလက်ဆစ်ဆန်းချက်ဇ်ကို ကြိုးစားမှု မအောင်မြင်ခဲ့သည့် မန်စီးတီး အသင်းက နာဆရီကို ၀င်ရောက် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

အာဆင်နယ် အသင်းကလည်း စာချုပ်သက်တမ်း (၁) နှစ်စီသာ ကျန်ရှိတော့သည့် ယင်းကစားသမားများကို ပြောင်းရွှေ့ကြေး ရရှိချိန်တွင် ရောင်းထုတ်ဖွယ် ရှိနေခြင်းကြောင့် အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာရန် နီးစပ်နေခြင်းလည်း ဖြစ်သည်။ အာဆင်နယ် အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်မှာလည်း ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေရာ ယခု အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ပါက အာဆင်နယ်အသင်း အနေဖြင့် အဓိက ကစားသမား (၃) ဦးကို ဆုံးရှုံးရမည့် အခြေအနေပင် ဖြစ်သည်။ မန်စီးတီး အနေဖြင့်မူ ၂၀၀၉ နွေရာသီက အဒီဘာယောနှင့် ကိုလိုတိုရေး တို့ကို ခေါ်ယူခဲ့ပြီးနောက် အာဆင်နယ် ကစားသမားများကို ထပ်မံ ကြိုးစားခြင်းလည်း ဖြစ်သည်။

Source by :http://sports.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။