ကွာလာလမ်ပူ ဧပြီလ (၂၇ရက်) ။ ။ ချင်းလူမျိုးအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် တစ်ဦးအသက်သေဆုံးကာ နှစ်ဦး အဖမ်းခံရ သော ဖြစ်ရပ်တစ်ခု ချယ်ရ(စ်) အလမ်ဒမိုင်တွင် ဖြစ်ပွားခဲ့သည်။
ချင်းလူမျိုးဒုက္ခသည် ကိုပန်သန်း (၃၀နှစ်) သည် ၎င်း၏ လုပ်ဖေါ်ကိုင်ဖက် အခြားချင်းအမျိုးသား တစ်ဦးနှင့် ဧပြီလ ၂၇ရက် နံနက် ၁နာရီခန့်တွင် ခိုက်ရန်ဖြစ်ပွားရာ ကိုပန်သန်းမှာ အခြားလုပ်ဖေါ်ကိုင်ဖက် ချင်းအမျိုးသားနှစ်ဦး ဖြစ်သူ Kui Loep(Leisen ကျေးရွာ) နှင့် Zaw Ki တို့က ဝိုင်းဝန်းထိုးနှက်သော ဒါဏ်ရာများကြောင့် သေဆုံးသွား ခဲ့သည်။ ကိုပန်သန်းသည် မတူပီမြို့နယ် လိုင်းရင်းကျေးရွာနေ အဖ မန်စွိုင်း၏သားဖြစ်ပြီး ၎င်းကို ဝိုင်းဝန်း ရိုက်နှက်ခဲ့သူများမှာလည်း မတူပီမြို့နယ်မှပင် ဖြစ်ကြောင်း သိရသည်။
ကိုပန်သန်း၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးက ရန်ဖြစ်ရခြင်းအကြောင်းကို မသိသော်လည်း အခင်းဖြစ်ရာသို့ သတင်း ကြားကြားချင်း ရောက်သွားရာ ကိုပန်သန်းမှာ သွေးအိုင်ထဲတွင် လဲနေပြီး မျက်နှာမှာ မြင်မကောင်းအောင် ပုံပျက်ပန်းပျက်ဖြစ်နေကြောင်း၊ သို့သော် အသက်ရှုနေဆဲ ဖြစ်ပြီး စကားမပြောနိုင်တော့ကြောင်း ပြောသည်။ ၎င်းမိတ်ဆွေကပင် ရဲကို အကြောင်းကြားပြီး ကိုပန်သန်းကို ဆေးရုံသို့ ခေါ်သွားရာ ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်းနှင့် အလောင်းကို ဆေးရုံတွင်ပင် ဆက်လက် ထားရှိကြောင်းပြောသည်။
ပြစ်မှုကျူးလွန်သူနှစ်ဦးကို နံနက် ၂နာရီတွင် ရဲက ဖမ်းဆီးလိုက်ပြီး ချယ်ရ(စ်)အလမ်ဒမိုင် ရှိရဲစခန်းတွင် ထိမ်းသိမ်းထားသည်။ သေဆုံးပြီး ဒါဏ်ရာများကို စစ်ဆေးရာတွင် ကုန်ကျငွေမှာ ရင်းဂစ် (၁၅၀၀) ဖြစ်ကြောင်း သိရသည်။ အမှုကို ရဲက ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
Tags: feature, malaysianews, news
Source by :http://www.lannthit.co.nr/
0 comments:
Post a Comment