ဘာတာဝါ့သ်။ ။ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင် အလုပ်သမား (၁၂၃)ယောက်ကို ပီနန်နှင့် ပါရစ်ဘန်တာ၊ ပီရက်တို့တွင် ဖမ်းဆီးရမိထားသည်။ မေလ ၄ရက် မွန်းလွဲ ၂နာရီကျော်မှ စတင်ပြီး မှ ၅ရက်တွင် အဆုံးသတ်ခဲ့သော အဆိုပါစီမံချက်တွင် လူဝင်မှုကြီးကြပ်ရေး အရာရှိ (၁၀၁)ယောက် ပါဝင်ပြီး ”ပီနန်” နှင့် ”ပါရစ်ဘန်တာ” ရှိ နေရာ (၇) နေရာကို ဝင်ရောက်ရှာဖွေ ခဲ့ကြသည်ဟု ဆိုသည်။
ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှုး ”အဗ္ဗဒူလ်ခါဒီအာမက်”က ၎င်း၏အရာရှိများသည် တရားမဝင်အလုပ်သမားများရှိနိုင်မည့် စက်ရုံ၊ ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းများကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသော တရားမဝင်အလုပ်သမားများတွင် အသက် ၂၀မှ အသက် ၅၀အတွင်း ဖြစ်ကြပြီး အမျိုးသား ၁၀၈ယောက်၊ အမျိုးသမီး ၁၅ယောက်တို့ဖြစ်ကာ ဘင်္ဂလားဒေ့ရှ် ၄၇ယောက်၊ မြန်မာ ၃၇ယောက်၊ အင်ဒိုနီးရှား၂၇ယောက်၊ ဗီယက်နမ် ၉ယောက်နှင့် ထိုင်းလူမျိုး ၃ယောက်တို့ ဖြစ်ကြသည်။ ဖမ်းမိသူ ၁၂၃ယောက်အနက် ၆၅ယောက်ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ဖြစ်ပြီး ၄၇ယောက်မှာ စက်ရုံများမှ ဖြစ်ကာ ကျန်သော ၁၁ယောက်မှာ ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သည်။
တရားမဝင်အလုပ်သမားများကို ငှားရမ်းထားသော အလုပ်ရှင်များသည်လည်း တရားစွဲခံရမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက အလုပ်သမားတစ်ယောက်လျှင် ရင်းဂစ်ငွေ ၅၀၀၀နှုန်းဖြင့် ဒဏ်ငွေပေးဆောင်ရမည် ဖြစ်သည်။
ဖမ်းမိထားသူ နိုင်ငံခြားသားအားလုံးကို ဘူကစ်မာတာဂျမ်ရှိ ဂျူရု ထိမ်းသိမ်းရေးစခန်းသို့ ပို့ဆောင် ထားကြောင်း သိရသည်။
Source by :http://www.lannthit.co.nr/
0 comments:
Post a Comment