Home » » စိုးပြည့်သဇင် နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

စိုးပြည့်သဇင် နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

Written By မောင်စေတနာ on Monday, June 27, 2011 | 1:10:00 PM

e4128 e4128a

ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍတွင် ပါဝင်ပေးမည့်သူက အချိန်တိုအတွင်း အကယ်ဒမီ ဆုကိုဆွတ်ခူးရရှိခဲ့ပြီး ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကားများ ဆက်တိုက် ရိုက်ကူးလျက်ရှိသူ သရုပ်ဆောင် စိုးပြည့်သဇင်ပင်ဖြစ်သည်။ သရုပ်ဆောင်တစ်ဦး ဖြစ်သည့်အတွက် ၀တ်ဆင်ထားသည့် ဖက်ရှင်နှင့်လိုက်ဖက်ညီသည့် အမူအရာတို့ကို ခပ်သွက်သွက် ပုံဖော်ပေးသွားသည်ကို တွေ့မြင်ရသည်။ စိုးပြည့်သဇင် ပြောပြခဲ့သည့် သူမ၏ လတ်တလော စိတ်ကြိုက်ဖက်ရှင်မှာ “စိုးပြည့်က အရင်ကတည်းကလည်း ခေတ်စားနေတဲ့ ဒီဇိုင်းတွေဆိုတာထက် စိုးပြည့်နဲ့ဘယ်လိုပုံစံနဲ့ လိုက်ဖက်မလဲဆိုတာကို အရင်စဉ်းစားပြီး ရွေးဖြစ်တယ်။ ခေတ်ဘယ်လောက်ပဲစားစား ကိုယ်နဲ့မလိုက်ဘဲ ၀တ်ရင် အလကားပဲလေ။ ဒါကြောင့် စိုးပြည့်အခု ဒီကဏ္ဍလေး အတွက်လည်း စိုးပြည့်နဲ့လိုက်ဖက်နိုင်တဲ့ ဖက်ရှင်မျိုးကို အဓိကထားပြီး ရွေးချယ်ထားတာပါ။

ပထမ၀တ်စုံလေးက ခါးရှည်အင်္ကျီအဖြူရောင်လေးက ရယ်ဒီမိတ်လေးပါ။ အင်္ကျီ မှာကြိုးလေးတွေရယ်၊ ပန်းပွင့်ပုံတွေရယ် အလှဆင်ထားတဲ့ ဒီဇိုင်းပါ။ အဲဒါကိုမှအောက်က စကပ်တို အမည်းရောင်လေးနဲ့ တွဲဝတ်ထားပါတယ်။ ဒီဝတ်စုံက လူငယ်ဆန်တဲ့ ဒီဇိုင်းလေးနဲ့ဆိုတော့ ဖိနပ်ကိုလည်း ကြိုးသိုင်းအမည်းရောင် ဒေါက်အမြင့်လေး စီးဖြစ်ပါတယ်။ ၀တ်စုံက ရှော့ပင်းထွက်တာတို့ အပြင်သွားတာတို့မှာ လိုက်ဖက်တဲ့ ဒီဇိုင်းလေးဆိုတော့ အိတ်အမည်းရောင်လေးလွယ်ပြီး မျက်မှန်အမည်းလေး တပ်လိုက်ပါတယ်။ ဒါကတော့ ပထမ၀တ်စုံရွေးချယ်မှုပါ။

ဒုတိယ၀တ်စုံကတော့ ပွဲတက်ဝတ်စုံဆန်တဲ့ ဖက်ရှင်လေးပါ။ အောက်က ရင်ပြတ်အင်္ကျီ အမည်းရောင်ပေါ်မှာ အပေါ်က ကုတ်အင်္ကျီအမည်း အတိုလေး ထပ်ဝတ်ထားပါတယ်။ အောက်က ဘောင်းဘီကတော့ အခုခေတ်စားနေတဲ့ ခါးစည်းပြားပါတဲ့ ဘောင်းဘီအပွ အနီရောင်လေး ၀တ်ထားပါတယ်။ ဒီဝတ်စုံ က လူငယ်စတိုင်လ်ဆိုတော့ လည်ပင်း မှာ နက်ကတိုင် အမည်းရောင်လေး စီးထားဖြစ်တယ်။ ဒီဝတ်စုံတစ်စုံလုံးကို ခြုံပြီးပြောရရင် လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်ကျစေတဲ့ ဒီဇိုင်းလေးပါ။ မိတ်ကပ်ကတော့ ၀တ်စုံနဲ့လိုက်တဲ့ ပန်းရောင်လေးပဲ ပြင်ထားဖြစ်ပါတယ်။ မိတ်ကပ်ပန်းရောင်ဆိုတော့ ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်တယ်လေ။ ဆံပင်ကတော့ နဂို ဆံပင်အရှည်ကိုပဲ အလိပ်တွေလုပ်ထားတာပါ”ဟု ရှင်းပြခဲ့သည်။

“စိုးပြည့်တို့ အနုပညာရှင်တွေအတွက် ဖက်ရှင်ဆိုတာ အရမ်းအရေးပါပါတယ်။ ကိုယ် လုပ်ရမယ့် အနုပညာအလုပ်ပေါ်မူတည်ပြီး ၀တ်ဆင်မယ့် ဖက်ရှင်ကို ရွေးချယ်ရပါတယ်။ အဓိကတော့ ကိုယ်နဲ့လိုက်ဖက်တာမျိုးကို နေရာဒေသ အခြေအနေပေါ် မူတည်ပြီးရွေးချယ် ၀တ်ဆင်ရတာမျိုးပါ။ ဒီဇိုင်နာနဲ့ အမြဲ တိုင်ပင်ဖြစ်ပါတယ်။ ဖက်ရှင်နဲ့သက်ဆိုင်တဲ့ channel တွေ၊ ၀က်ဘ်ဆိုက်တွေကို အမြဲ ကြည့်ဖြစ်ပါတယ်” ဟု ဖက်ရှင်လေ့လာမှုနှင့် ပတ်သက်၍ရှင်းပြခဲ့သည်။

စိုးပြည့်သဇင် ရွေးချယ်ပါဝင်ခဲ့သည့် ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင်အတွက် ပရိသတ်များ ကျေနပ်လိမ့်မည် ဟု မျှော်လင့်လျက်

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။