Home » » မို့မို့လွင် နှင့် တွေ့ဆုံခြင်း ....

မို့မို့လွင် နှင့် တွေ့ဆုံခြင်း ....

Written By မောင်စေတနာ on Friday, June 17, 2011 | 4:30:00 PM

http://www.weeklyeleven.com/images/stories/June_11/Bi/e4113.jpg

‘ဂီတကိုပဲ ဇောက်ချလုပ်ဖို့ စိတ်ကူးထားပါတယ်’၊ မို့မို့လွင် နှင့် တွေ့ဆုံခြင်း ...

‘မင်းကိုသတိရရင် . . . ရောက်ခဲ့ဖူးတဲ့ နေရာတွေမှာ . . . ‘ ဆိုတဲ့ တေးသီချင်းရဲ့ ပျံ့လွင့်မှုကတော့ အားကောင်းနေဆဲပါပဲ။ ဒီသီချင်းကတော့ Melody World အဆိုပြိုင်ပွဲကနေ ဂီတလောကကို ခြေလှမ်းလာတဲ့ အဆိုတော်နှစ်ဦး သီဆိုခဲ့တာဖြစ်ပြီး အမျိုးသားအဆိုတော် ကောင်းကောင်းကိုတော့ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပြီးသားပါ။ အဲဒီတော့ ကျန်ရှိနေသူလေး မို့မို့လွင်ကို ယခုပွဲထုတ်လိုက်ပါတယ်။ သူရဲ့ စကားသံတွေကို ရှုစားပေးကြပါ . . .

မေး - မင်းကိုသတိရရင် သီချင်း ပရိသတ်ကြားထဲရောက် နေပြီဆိုတော့ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ - အခု အတွဲခွေတွေ လုပ်နေတယ်။ စုံတွဲသီချင်းတွေပါ။ တစ်ကိုယ်တော်ခွေလည်း စပြီး တည်နေပါပြီ။

မေး - တစ်ကိုယ်တော်ခွေကို ဘယ်သူ ဂိုက်လုပ်ပေးလဲ။

ဖြေ - ကိုယ့် ဖာသာကိုယ် လုပ်ပါတယ်။ မသိရင် ဆရာ တွေ၊ Now Studio က အစ်ကိုတွေ ကိုမေးပါတယ်။ သီချင်းတွေကိုတော့ စိတ်ကြိုက်ရွေးတယ်။ ကော်ပီရော၊ ကိုယ်ပိုင်သံစဉ်ရော ပါမယ် ထင်တယ်။

မေး - ဂီတလမ်းကြောင်းအပေါ် ရောက်ဖို့ အလိုအပ်ဆုံးအရာက ဘာများဖြစ်နိုင်မလဲ။

ဖြေ - အဆက်အသွယ်ပါပဲ။ အဆက်အသွယ်ဆိုတာက တေးရေး၊ ပွဲစီစဉ်သူ အစုံပါပါတယ်။ သီချင်းဆိုတာ ကောင်းရုံနဲ့လည်း ဂီတလမ်းကြောင်း ပေါ်ရောက်သွားဖို့ဆိုတာက မလွယ်ဘူးလေ။ အဲဒီလိုသိတဲ့ လူတွေရှိတော့ ပွဲလေးပဲဖြစ်ဖြစ်၊ပရိသတ်နဲ့ ထိတွေ့ နိုင်မယ့်အပိုင်းလေးပဲဖြစ်ဖြစ် ပါဝင်ခွင့်ရလာရင် ပရိသတ်သတိထားမိ လာပြီး ကျန်တာဆက်ကြိုးစားဖို့ပဲ လိုလာတယ်။

မေး - ပရိသတ်ရဲ့အားပေးမှုက ဘယ်လိုရှိလဲ။

ဖြေ - မို့မို့က မင်းကိုသတိရရင် သီချင်း စဆိုလိုက်တယ်။ ပြီးမှတခြား သီချင်းတွေဆိုတယ်။ မင်းကိုသတိရရင် ဆိုပြီး မိတ်ဆက်တဲ့သဘောပေါ့။ အဲဒါဆို ပရိသတ်တွေက သိပြီးအားပေး ကြတဲ့အတွက် မို့မို့ ကံကောင်းတယ်လို့ ပြောရမယ်နဲ့ တူတယ်။

မေး - စုံတွဲသီချင်းကို ဘယ်လိုပုံစံမျိုးနဲ့ သီဆိုလဲ။ အဆိုတော်ကြီးတွေရဲ့ သီချင်းတွေရော ထည့်ပြီးဆိုဖြစ်သေးလား။

ဖြေ - ကောင်းကောင်းနေရာမှာတော့ Key ကိုမြှင့်ပြီးဆိုလိုက်တယ်။ မို့မို့ သီချင်းအများစုက အနှေးတွေဆိုတော့ မဖြူဖြူကျော်သိန်း၊ မတင်ဇာမော်၊ မချောစုတို့သီချင်းတွေ တစ်ခါတလေ ဆိုဖြစ်ပါတယ်။

မေး - ခုဆိုရှိုးပွဲတွေလည်း တော်တော်ဆိုဖြစ်ထားတဲ့ အတွေ့အကြုံအရ အဆိုတော်တစ်ယောက် ရဲ့ သီချင်းရွေးချယ်မှု အပိုင်းဟာ ရှိုးပွဲကိုဘယ်လို အပြောင်းအလဲဖြစ်စေတယ်လို့ ထင်လဲ။

ဖြေ - အများကြီးပါပဲ။ ရှိုးပွဲတစ်ပွဲရဲ့ အစမှာ သီချင်းအမြူးဆိုပေမယ့်လည်း ပရိသတ်ကအဲဒီအချိန်ဆို မမြူးကြသေးဘူးလေ။ ဒီလိုပါပဲ အလယ်လောက် ပရိသတ်မြူးနေချိန်ရောက်မှ အဆွေး တွေ၊ အအေးတွေဆိုလည်း Tempo က ကိုယ့်ကြောင့် ကျသွားနိုင်ပါတယ်။ မို့မို့ကတော့ အလယ်လောက်မှာ ဆိုရတယ်ဆိုရင် သီချင်းအမြူးတွေ ဆိုရတာပေါ့။

မေး - ခုချိန်မှာ စီးရီးခွေတစ်ခွေ လုပ်တယ်ဆိုတဲ့ မို့မို့ရဲ့ မျှော်လင့်ချက်က ဘာလဲ။

ဖြေ - မို့မို့နာမည်လေးတစ်ခု၊ မှတ်တိုင်လေးတစ်ခု၊ မှတ်မှတ်ရရလေး ဖြစ်ဖို့လုပ်တာပါ။ ဒီခွေမှာ မအောင်မြင်လည်း မို့မို့ကဆက်ပြီး လုပ်နေဦးမှာပါ။ မို့မို့ဂီတကိုပဲ ဇောက်ချလုပ်ဖို့ စိတ်ကူးထားပါတယ်။ အခုရှိနေတဲ့ နေရာလေးကနေ တဖြည်းဖြည်းချင်း ကြိုးစားတက်သွားဖို့ ရည်ရွယ် ထားပါတယ်။

မေး - မို့မို့လို အဆိုပြိုင်ပွဲကနေ ဂီတလောက ၀င်ဖို့ ပြင်နေသူတွေကို ဘာပြောချင်လဲ။

ဖြေ - အလုပ်တစ်ခုဆိုတာ ဘယ်ဟာမှမလွယ်ကူပါဘူး။ အခက်အခဲ ဆိုတာတော့ ရှိပါတယ်။ အခုဆို Melody World က နယ်တွေမှာတောင် ပြိုင်ပွဲတွေသွားလုပ်ပေးပါတယ်။ ၀ါသနာပါတယ်။ လုပ်ချင်တယ်ဆိုရင် ပြိုင်ဖြစ်အောင် ပြိုင်ပါလို့ ပြောချင်ပါတယ်။

Profile

အမည် - မို့မို့လွင်

မွေးနေ့ - ၁၇ .၄ .၈၄

ဇာတိ - နမ့်ဆန်

မိဘအမည် - ဦးဥာဏ်ဆင့်၊ ဒေါ်သန်းသန်းဦး

ပညာအရည်အချင်း - ဘီအေ(ပထ၀ီ)

ပြိုင်ခဲ့သည့်ပြိုင်ပွဲ - Melody World ( 2008) Level 4

သီဆိုခဲ့ပြီး စီးရီးခွေပေါင်း- သုံးခွေ (အတွဲ)

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။