ဗြိတိန်အစိုးရက မြန်မာ အပါအ၀င် နိုင်ငံအသီးသီးမှ ကျောင်းပြီးထားသူများ၏ ၎င်းတို့နိုင်ငံ အတွင်း ရွှေ့ပြောင်းအခြေချ နေထိုင်ခွင့်(ပီအာ) နှင့် ပတ်သက်သော ကန့်သတ်ချက်များအား ဇွန်လဆန်းမှ စတင်ကာ တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိပါသည်။
ယခင်က ဗြိတိန်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် Work Permit Visa ဖြင့် သွားခဲ့ဖူးသူများမှာ ထိုနိုင်ငံ၌ အခြေချ နေထိုင်ခွင့် (ပီအာ-Permanent Residence) ရရှိရန် လွယ်ကူခဲ့သော်လည်း ယခုအခါ ကျောင်းသားဗီဇာပွိုင့်စနစ် ဖြစ်သော Tier 4 ဖြင့် သွားပြီး ကျောင်းပြီးပါက ယာယီ နေထိုင်ခွင့်မှ အခြေချ နေထိုင်ခွင့် အတွက် ပြောင်းလဲ လျှောက်ထားမှု ရှိမှသာ အခြေချ နေထိုင်ခွင့် ရရှိခဲ့ကြသည်။
သို့သော်လည်း ဗြိတိန် အစိုးရက ယခုအခါ ယင်းကဲ့သို့ ကျောင်းပြီးထားသူတိုင်းမှ ယာယီဗီဇာ Tier 1 မှ PR အဖြစ် လည်းကောင်း၊ Tier 2 မှ PR အဖြစ် လည်းကောင်း ပြောင်းလဲ လျှောက်ထားမည့် နေရာတွင် ကန့်သတ်ချက် ဥပဒေသ အသစ်များ ထည့်သွင်း ထုတ်ပြန်လာခဲ့သည်ဟု သိရှိရပါသည်။
''အဓိကက ကန့်သတ်ချက် အသစ် ဆိုတာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ လုပ်ကိုင်ပေးနိုင်တဲ့သူတွေ၊ အင်္ဂလိပ်စာ ကျွမ်းကျင်ပြီး လုပ်ခလစာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ အထက် ရရှိသူတွေကို အခြေချ နေထိုင်ခွင့် PR တွေ ဆက်လက် ချပေးသွားဖို့ ရှိမှာပါ''ဟု London School of Commerce ၏ တရားဝင် ကိုယ်စားလှယ် Crown Education မှ အကြံပေးအရာရှိ ဦးအောင်ကျော်ဆန်းက ပြောပြခဲ့ပါသည်။
အများအားဖြင့် မြန်မာ ကျောင်းသား လူငယ်များသည် ဗြိတိန်သို့ Tier 4 ကျောင်းသားဗီဇာဖြင့် အများစု သွားကြကာ ကျောင်းပြီးပါက Post Study Work နေထိုင်ခွင့် အဖြစ် Tier 1 ယာယီနေထိုင်ခွင့် နှစ်နှစ် နေထိုင်ခွင့် ရရှိ ပြီး ယင်းမှအမြဲတမ်း အခြေချ နေထိုင်ခွင့်(ပီအာ)သို့ ပြောင်းလဲ လျှောက်ထားမှု ရှိကြသည်။
သို့သော် လာမည့် ၂၀၁၂ ဧပြီလ ၁ ရက်မှ စတင်ကာ ယင်းကဲ့သို့ ကျောင်းပြီးသူများမှ Tier 1 (Post Study Wokr) ဖြင့် နေထိုင်ခွင့် ရရှိတော့မည် မဟုတ်ခြင်းကြောင့် လက်ရှိ ဗြိတိန်ရှိ တက္ကသိုလ်၊ ကောလိပ်များသို့ သွားမည့် မြန်မာလူငယ်များမှာ ကျောင်းမပြီးခင် မိမိ အလုပ်ရှင်ကို ကြိုတင်ကာ ရှာဖွေမှသာ Tier 2(Work Permit) အဖြစ်ဖြင့် နေထိုင်ခွင့် ဆက်လက် ရရှိတော့မည် ဖြစ်သဖြင့် မသွားမီ နေထိုင်ခွင့်များနှင့် ပတ်သက်သည့် သတင်း အချက်အလက်များအား ဦးစွာ လေ့လာသွားသင့်သည်ဟု ဦးအောင်ကျော်ဆန်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။
''Post Study Work မရတော့တာက တစ်ပိုင်းပေါ့။ အခု ယူကေမှာရှိတဲ့ ကျောင်းသား တော်တော်များများ မျှော်လင့်တာ ယာယီ ဗီဇာ တစ်ခုခုကနေ ပီအာရဖို့ အတွက်ပဲ။ အခု ပီအာတွေကို လျှောက်တိုင်း မပေးတော့ဘူး။
ကန့်သတ်သွားပြီ။ ပီအာ မရတဲ့သူတွေကလည်း Work Permit(Tier 2) နဲ့ ယာယီ နေထိုင်ခွင့်ကို အများဆုံး ငါးနှစ် ဗြိတိန်မှာ နေပြီးရင် မိခင်နိုင်ငံ ပြန်လာ ဆိုတဲ့ သဘောပဲ''ဟု အင်္ဂလန် ပညာရေးနှင့် လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူက ပြောပြခဲ့ပါသည်။
ယခင်က ဗြိတိန်ရှိ ပရောဂျက်တစ်ခု၌ ၀င်ရောက် လုပ်ကိုင်ရန် အလုပ်သမားဗီဇာဖြင့် သွားခဲ့သူများသည် သတ်မှတ်ကာလ တစ်ခုအတွင်း မိခင်နိုင်ငံသို့ ပြန်လာကြရသည်။ သို့မဟုတ်ပါက တရားမ၀င် နေထိုင်ခွင့် ယူသူများ၊ အဖြစ် ဗြိတိန်တွင် ဆက်လက် နေထိုင်သွားကြသူများလည်း ရှိခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ်၌မူ ယူကေရှိ လူဝင်မှု ကြီးကြပ်ရေးမှ ၎င်းနိုင်ငံ၌ အခြေချ နေထိုင်ရန် လျှောက်ထားသူများထဲမှ ရှစ်သောင်းလေးထောင်အား နေထိုင်ခွင့်(ပီအာ) အဖြစ် ပေးခဲ့ကြောင်းလည်း သိရသည်။
ယူကေရှိ အစိုးရဌာနမှ တာဝန်ရှိသူက ''ယူကေကို အလုပ်လုပ်ဖို့လာတဲ့ နိုင်ငံခြားသား အလုပ်သမားတိုင်းကို အလိုအလျောက် ပီအာပေးဖို့ မဖြစ်နိုင်တော့သလို အရည်အချင်းရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေထဲက ချွင်းချက် ပမာဏလောက်ကိုသာ ပီအာ အဖြစ် ပေးနိုင်တော့မယ်''ဟု ပြောကြားခဲ့ကြောင်း ယူကေ သတင်းစာ မျက်နှာများတွင် ဖော်ပြထားချက် အရ သိရှိရပါသည်။
Source by :http://www.weeklyeleven.com/

0 comments:
Post a Comment