ဂျိုဟိုးဘာရူး။ ။ မလေးရှား စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုဌာနသည် လိမ်လည်မှုများနှင့် ပါတ်သက်သော တိုင်ကြားချက်များ ပိုမို၍ လက်ခံရရှိလျှက် ရှိပြီး နောက်ဆုံးရရှိသော တိုင်ချက်တွင် အငြိမ်းစားကျောင်းဆရာတစ်ဦး၏ ဘဏ်အပ်ငွေ ရင်းဂစ်၂သိန်း အလိမ်ခံလိုက်ရသည့် ကိစ္စဖြစ်သည်ဟု သိရသည်။
အဆိုပါ အငြိမ်းစားကျောင်းဆရာသည် ”ဘူဂစ်အာမန်” တယ်လီဖုန်း နံပါတ်ဖြင့် ပေးပို့လာသော စာပါ ”စစ်ဆေးရေး အရာရှိတစ်ဦးကို ဆက်သွယ်ပါ” ဟူသော ညွှန်ကြားချက်အရ လူတစ်ဦးကို ဆက်သွယ်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆေးရေးမှူး အယောင်ဆောင်ထားသူက ကျောင်းဆရာ၏ ဘဏ်အကြွေးဝယ်ကဒ်ကို နိုင်ငံခြားမှ သုံးစွဲနေသည်ဟု ဆိုပြီး ဘဏ်မှ ငွေများကို အခြားစိတ်ချရသော ဘဏ်စာရင်း တစ်ခုသို့ ထည့်သွင်းရန် ညွှန်ကြားရာ ၎င်းညွှန်ကြားသည့်အတိုင်း လုပ်ခဲ့သဖြင့် ရှိသမျှငွေများ အားလုံး ဆုံးရှုံးခဲ့ရကြောင်း ပြောကြားသည်။
ဒီလူလိမ်တွေက မိန်းကလေးတွေကိုလည်း လိမ်ပါတယ်။ အွန်လိုင်းကတဆင့်၊ နိုင်ငံခြားသား အယောင်ဆောင်၊ ချစ်ကြိုက်လာအောင်လုပ်၊ ကွန်ပြူတာလို အဖိုးတန်လက်ဆောင် တွေ ပို့မယ်ပြော၊ ပြီးတော့ ပို့လိုက်တဲ့ လက်ဆောင်တွေကို ကွာလာလမ်ပူ၊ လေဆိပ်အကောက်ခွန်ဌာနက ထိမ်းသိမ်းထားတယ်ပြောပြီး မိန်းကလေးတွေကို လက်ဆောင်ပစ္စည်းထုတ်ခွင့်ရအောင် ငွေပို့ခိုင်းတော့ တာပါပဲ။ ”စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုဌာန”မှ ပြောရေးဆိုခွင့် ရှိသူ အရာရှိ ”ဝေါင်”က ပြောကြားသည်။
အင်တာနက်ပေါ်တွင် လိမ်လည်နေသော လူများ၏ ပုံတူပွားဝဘ်ဆိုဒ်များမှာလည်း တိုးပွားနေကြောင်း ”ဝေါင်”က ဆိုသည်။ ”အင်တာနက်ပေါ်မှာ ငွေအလွှဲ အပြောင်း လုပ်ပေးတဲ့ ပုဂ္ဂလိကပိုင် အင်တာနက် စာမျက်နှာတွေလည်း ကိုယ်ပွား လုပ်လာပြီး ဘဏ်ကငွေတွေကို အပြတ်ရှင်းဘို့အတွက် လူတွေရဲ့ ကိုယ်ရေးအချက်အလက် တောင်းဆို တာတွေ၊ လျို့ဝှက်သင်္ကေတ တောင်းတာတွေကိုလည်း တွေ့ရပါတယ်ဟု ၎င်းက ပြောကြားသည်။
Source by :http://www.lannthit.co.nr/
0 comments:
Post a Comment