ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော စီးကရက်များမှာ တံဆိပ်များ စုံလင်လှပြီး အလိပ်ရေ စုစုပေါင်း ၃. ၅သန်း ဖြစ်ပြီး တန်ကြေးမှာ ရင်းဂစ်ငွေ ၂သန်းခန့် တန်ဘိုးရှိသည်ဟု သိရပြီး တရားမဝင်ဟု ယူဆရသော အရက် ၁၂ပုလင်းကိုလည်း သိမ်းဆည်းရမိထားသည်။ ရဲက အဆိုပါ ဂိုဒေါင်သည် လွန်ခဲ့သော ၉နှစ်တာ ကာလပတ်လုံး တရားမဝင် စီးကရက်များ သိုလှောင်ခဲ့ရာ နေရာဖြစ်သည်ဟုဆိုသည်။
စီးကရက်ဂိုဒေါင်ကို ဝင်ရောက်စီးနင်းသောအချိန်မှာ နံနက် ၂း၃၀ ဖြစ်ပြီး လောလောဆယ်ရရှိ ထားသော စစ်ချက်အရ အဆိုပါ စီးကရက်များကို နိုင်ငံတကာသို့ ဖြန့်ဖြူးရန် စောင့်ဆိုင်းနေဆဲ အချိန်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူ (ရ) ဦးစလုံးမှာ အသက် (၂၀) မှ (၃၀) အတွင်း ဖြစ်ကြပြီး မြန်မာလူမျိုး များမှာ တရားမဝင် နေထိုင်သူများ ဖြစ်သည်ဟု သိရသည်။
မြန်မာလူမျိုးများကို ၁၉၆၃ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ အခန်း ၆(၂) အရ တရားစွဲမည် ဖြစ်ပြီး မလေးရှားလူမျိုးများကို တရားမဝင်နေသူများအား လက်ခံထားမှုဖြင့် အဆိုပါ တည်ဆဲဥပဒေ အခန်း ၅၆အရ တရားစွဲမည် ဖြစ်သည်။
Source by :http://www.lannthit.co.nr/
0 comments:
Post a Comment