Home » » ဘာပဲလုပ်လုပ် အရမ်းကြီး မျှော်လင့်ချက်မထားတဲ့ မိုးအောင်ရင်

ဘာပဲလုပ်လုပ် အရမ်းကြီး မျှော်လင့်ချက်မထားတဲ့ မိုးအောင်ရင်

Written By မောင်စေတနာ on Tuesday, June 21, 2011 | 5:23:00 PM

http://www.yoyarlay.com/images/stories/yyl/2011/6/21/s_632_1.jpg

ဟာသ ကားတွေ အရိုက်များတဲ့ မိုးအောင်ရင်ကို ကန်တော်ကြီးက ရိုက်ကွင်း တစ်ခုမှာ တွေ့ဆုံခိုက် “စိတ်”နဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထား “စိတ်”ကို ဘယ်လို တည်ငြိမ်အောင် ထိန်းသိမ်း ဖြစ်လည်း ဆိုတာ တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

@အခုရိုက်နေတဲ့ကားလေးအကြောင်း ပြောပြပေးပါဦး။

@ ဒီဇာတ်ကားက ဟာသကား၊ ဒရမ်မာ နည်းနည်း လေးပါတယ်။ ဒရမ်မာကလည်း ဟာသ ဒရမ်မာပါပဲ။ ကားနာမည်က “ပျော်ပျော် ရွှင်ရွှင်မကြီးရှည်” လို့ လောလော ဆယ် နာမည် ပေးထား ပါတယ်။

@ ရုံတင်သွားတဲ့ အလန်းဇယားက အောင်မြင်တယ် လည်းပြော လို့ရသလို မအောင်မြင် ဘူးလို့လဲ ပြောလို့ ရတယ်လေ။ အဲဒီကား ရုံမတင်ခင်က မိုးအောင်ရင်ရဲ့ မျှော်လင့်ချက်ကို ပြောပြ ပါဦး။

@မျှော်လင့်ချက်ကတော့ ဘာမှမရှိပါဘူး။ ကျွန်တော်က ဘယ်အရာပဲဖြစ်ဖြစ် အဲလောက်ထိ မျှော်လင့် ချက်မထားဘူး။ ဘာကြောင့်လဲဆိုတော့ တချို့ကတော့ မျှော်လင့်ချက် မထားဘူး ဆိုရင် ရိုင်းတယ်လို့ ထင်လိမ့်မယ်။ အဲဒါ မဟုတ်ဘူး၊ မှားတယ်။ သဘော တရားကတော့ ကိုယ်က တစ်ဆယ်ကို မျှော်ထားရင် တကယ်တမ်း နှစ်၊ သုံးပဲ ရတဲ့အခါ ဟာ ဘာလို့ နှစ်၊ သုံးပဲရတာ လည်းဆိုပြီး ကြိတ်မှိတ်ပြီး ခံစား နေရတဲ့ ခံစားမှုက ပိုပြင်းတယ်။ အဲဒီတော့ အစောကြီး ကတည်းက သုည ပဲမျှော်မှန်း ထားရင် တစ်၊ နှစ် ရတဲ့အခါ ဟာ မဆိုးဘူးကွ ဆိုဖြစ် တာပဲ။ မျှော်လင့် သလို ဖြစ်မလာရင် စိတ်ဆင်း ရဲရတယ်။ ဘာမှ မမျှော်လင့်ထားပဲ ရလာရင် ပျော်ရွှင်ရမယ်။ ဒါပါပဲ။

@ မိုးအောင်ရင်က ဘာပဲ လုပ်လုပ် အရမ်းကြီး မျှော်လင့် ချက် မထားတတ်ဘူးပေါ့။

@ဟုတ်ကဲ့... ခင်ဗျာ။

@မျှော်လင့်ချက်မထားတဲ့အတွက် ဘယ်အရာတွေက ကိုယ့်ကို အမှတ်တရ ဖြစ်စေခဲ့လဲ။

@မျှော်လင့်ချက် မထားတဲ့အတွက် ဒိန်းဆိုဖြစ်လာတဲ့ အချိန်မှာ သူများတွေလို အရမ်းကြီး ပျော်တယ်ဆိုတဲ့ စိတ်မျိုး မရဘူးပေါ့။ မရတာကောင်းပါတယ်။ သဘောက တော့ သွေးတိုးတယ်။ သွေးကျတယ်။ အကုန်လုံးဖြစ်တာ မှန်သမျှက စိတ်ကြောင့်ဖြစ်တာချည်းပဲ။ နဂိုကတည်းက စိတ်ကိုပြင်ဆင်ထား။ မျှော်လင့်ချက်လဲ အရမ်းမထားနဲ့ ပျော်ရင်လည်း အဆုံးထိ အရမ်းမပျော်နဲ့။

@ကိုယ့်ရဲ့စိတ်ကို ထိန်းနိုင်ဖို့အတွက် ဘယ်လိုမျိုး လေ့ ကျင့်ခန်းတွေ လုပ်ဖြစ်လဲ။

@လေ့ကျင့်ခန်းတော့ မရှိပါဘူး။ တကယ်တမ်းဆိုရင် တရားထိုင် စိတ်လျှော့ အားလုံးကို စိတ်ကိုငြိမ်အောင်ထား၊ အတွေးအရမ်းမများနဲ့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အလုပ် ကကျ တော့ စိတ်နဲ့သွားတာလေ။ ကျွန်တော်မှ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းက စိတ်နဲ့သွားနေတဲ့ လူချည်းပဲ။ စိတ်လွတ်သွားလို့ဆိုပြီး ဖြစ်တဲ့အမှားတွေရှိ တယ်။ ကောင်းတာ တွေ ဖြစ်သ လို မကောင်းတာတွေလည်း ဖြစ်လာတယ်။ အားလုံးက စိတ်ကြောင့် ဖြစ်လာတာ။ အလုပ် လုပ်တာလည်း စိတ်ကြောင့်လုပ်ရတာ။ ကိုယ်မလုပ်ချင်တာရှိတယ်။ ကိုယ်လုပ် ချင်တာ ရှိတယ်။ ဒါ လည်း စိတ်ပဲ။ ဒီစိတ်ကို ချုပ်တည်းနိုင်ဖို့အတွက် တရားထိုင်တာတွေ လုပ်ရမယ်။ ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး။ အဲလိုမလုပ်နိုင်တဲ့အတွက် တစ်ခုခုလုပ်ပြီဆိုရင် အဲဒီအ ပေါ်မှာ စိတ်ကိုနှစ် ထားတယ်။

@ဒီလိုမျိုး စိတ်ကိုပြင်ဆင်လာတတ်တာ ကိုယ့်ရဲ့အတွေ့အကြုံတွေကြောင့်လို့ ပြောလို့ရလား။

@ဟုတ်ကဲ့။ အဲလို ပြောလို့ရပါတယ်။

@ဒီကားပြီးရင် မိုးအောင်ရင် ဘာကားရိုက်ဖို့ရှိသေးလဲ။

@ ဒီကားပြီးရင် ဒါရိုက်တာ နေသူရိန်ရိုက်မယ့် ဗီဒီယိုကားတစ်ကားရှိပါတယ်။ နာမည်က “သံစဉ်တူ စာသားကွဲ” ဝတ်မှုံရွှေရည်နဲ့ ရိုက်မှာပါ။ သရုပ်ဆောင် မိုးအောင်ရင်က အခုရိုက်နေ တဲ့ကား မှာ ဂေါက်နေတဲ့သူတစ်ယောက် အဖြစ် ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။