ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့က စပြီးတော့ (၂၀) ရက်နေ့အထိ မလေးရှားနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူ (KL Central Station) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ကို မလေးရှားနိုင်ငံ ရှိ မြန်မာ ဒုက္ခသည်တွေနဲ့အတူ နီပေါလ်၊ ပါကစ္စတန်၊ ဆိုမာလီးယား၊ နီဂရိုး ဒုက္ခသည်တွေနဲ့ အန်ဂျီအို အဖွဲ့တွေနဲ့ ဒုက္ခသည် ကိုယ်စားပြု အဖွဲ့အစည်းအသီးသီးက တက်ရောက်ခဲ့ကြပါတယ်။
ဒီ အခမ်းအနားကို မလေးရှားနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဦးဆောင် ကျင်းပပြု လုပ်ခြင်း ဖြစ်တယ် လို့လည်း သိရှိရပါတယ်။
မလေးရှား နိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုး ဒုက္ခသည်တွေကလည်း သူတို့တွေရဲ့ ရိုးရာ ယဉ်ကျေးမှု အကတွေနဲ့ ပါဝင် သီဆို ဖျော်ဖြေခဲ့ကြပြီး ရောက်ရှိလာကြတဲ့ ပရိသတ်တွေကို ဒုက္ခသည်များနေ့ အမှတ်တရ အကျီ င်္တွေ ရောင်းချခဲ့ကြပါတယ်။
အခုလိုမျိုး ကမ္ဘာ့ဒုက္ခသည်များနေ့ကို အများပြည်သူရှေ့မှောက်မှာ ကျင်းပပြုလုပ်ရတာဟာ မလေးရှား အာဏာပိုင်တွေ အနေနဲ့ ဒုက္ခသည်တွေ အပေါ် အသိအမှတ်ပြုလာစေဖို့ ဖြစ်တယ်လို့ သိရှိရပါတယ်။
0 comments:
Post a Comment