Home » » Lenovo က ကမ္ဘာ့ရောင်းအား အကောင်းဆုံး Laptop အမှတ်တံဆိပ် ဖြစ်လာ

Lenovo က ကမ္ဘာ့ရောင်းအား အကောင်းဆုံး Laptop အမှတ်တံဆိပ် ဖြစ်လာ

Written By မောင်စေတနာ on Saturday, December 1, 2012 | 12:27:00 PM


တရုတ်ပြည်အခြေဆိုက် Lenovo အီလက်ထရောနစ် ကုမ္မဏီဟာ ယခု ၂၀၁၂ ခုနှစ် နောက်ဆုံး လေးလပတ်မှာ ကမ္ဘာ့ရောင်းအား အကောင်းဆုံး Laptop - အမှတ် တံဆိပ် တစ်ခုဖြစ်လာပြီလို့ သိရပါတယ်။ 

ယခင်က နံပါတ် ၁ နေရာမှာ အမေရိကန် အခြေဆိုက် HP မှ ရှိနေပြီး နောက် ဆုံးလေးလပတ်အတွင်း ကျော်တက်သွားခြင်း ဖြစ်ပါတယ်။ PC ဈေးကွက် တစ်ခုလုံးကို လွမ်းမိုးဖို့လည်း အလားအလာ ရှိပါတယ်။ 

လက်ရှိ ကမ္ဘာ့ PC ဈေးကွက် ရဲ့  ၁၅.၇ ရာခိုင်နှုန်းကို Lenovo က ပိုင်ဆိုင်ထားပါတယ်။ ဒုတိယ လေးလပတ်မှာလည်း ကုမ္မဏီအတွက် အမြတ်ငွေ အမေရိကန် ဒေါ်လာ သန်း၁၆၀ ကျော် ရှာဖွေပေးနိုင်ခဲ့ ပါတယ်။ နိုင်ငံပေါင်း ၆၀ ကျော်မှာ Lenovo အော်ပရေးရှင်း စက်ရုံများ ရှိပြီး နိုင်ငံပေါင်း ၁၆၀ ကျော်ကို ဖြန့်ဖြူး ရောင်းချ လျက်ရှိပါတယ်။ 

၁၉၈၄ ခုနှစ်က ပေကျင်းမြို့ မှာ ကုမ္မဏီစတင် တည်ထောင်ပြီး ၁၉၈၈ ခုနှစ်ရောက်တော့ ဟောင်ကောင်မှာ ရုံးစတည်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ North Carolina မှာလည်း သုတေသန ရုံးနဲ့ ဓာတ်ခွဲခန်းများ ထားရှိပြီး နည်းပညာသစ်များကိုတီထွင်ကြိုးပမ်းလျက်ရှိပါတယ်။ 

တရုတ်ပြည်မှ ZTE, Huawei တို့ကဲ့သို့ အီလက်ထရောနစ် ကုမ္မဏီကြီ များ အောင်မြင်လာခြင်းနဲ့ အတူ Lenovo လည်း အောင်မြင်လာ တာ ကိုတွေ့ရပါတယ်။ လက်ရှိမှာ Huawei က ကမ္ဘာ့ အကြီးဆုံး ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီဖြစ် ပါတယ်။ Lenovo ကလည်း PC ဈေးကွက်ကို လွမ်းမိုးလာပါတယ်။ တရုတ်ပြည်မရဲ့  အီလက်ထရောနစ် ကုမ္မဏီများဟာ ကမ္ဘာ့ဈေးကွက် ထိပ်တန်းကို ရောက်ရှိရန် အခွင့်အလှမ်းရှိပေမယ့် အရည် အသွေးကအဓိက အလေးထားရမယ့် အပိုင်းဖြစ်လာပါတယ်။ 

 Lenovo ဟာ PC မှာတင် မကပဲ စမတ်ဖုန်း ဈေးကွက်မှာပါ အောင်မြင်လာဖို့ ဆက်လက် အကောင်ထည်ဖော် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း Lenovo စီအီးအို Yang Yuanqing က ပြောကြားခဲ့ပါတယ်။ 

Source by :Written by Techspace
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။