အနုပညာရပ်ဝန်းမှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်အများစုရဲ့ချစ်ခင်မှုကိုရယူနိုင်ခဲ့တဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် လွင်မိုးရဲ့မျိုးဆက်ပါ။ သူကလေးက တစ်နှစ်ဝန်းကျင် အရွယ်ကတည်းက ဖခင်နဲ့အတူ ကင်မရာတွေရှေ့မှာ ပါဝင်ခဲ့ရသူပေါ့။ သူ့ကိုလွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းအထိ ကလေးသရုပ်ဆောင်အဖြစ်သာ တွေ့မြင်ခဲ့ရပေမယ့် ၂၀၁၁ ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ ဆယ်ကျော်သက် ဓာတ်ပုံမော်ဒယ်တစ်ဦးအဖြစ် ပရိသတ်တွေ တွေ့မြင်ခဲ့ရပါတယ်။
Ovaltine၊ Kanebo၊ Nutroplex၊ Alpine၊Babi Mild ၊ Eleven၊ လင်းလက်ရွှေရည် စိန်ဆိုင်စတဲ့ ကုန်ပစ္စည်းတွေမှာ သူတတ်သလောက် ကြိုးစားထားပြီး သူ့ရဲ့ပရိသတ်ကို ရယူခဲ့သူပါ။ အထူးသဖြင့် လက်ရှိပရိသတ်အကြား ရေပန်းစားနေတဲ့ ကြော်ငြာမင်းသမီး ၀တ်မှုံရွှေရည်နဲ့ တွဲဖက်ပါဝင်ထားတဲ့ Kanebo ကြော်ငြာက သူ့ကို ပရိသတ်တွေ ပိုမိုရရှိစေပြီး Alpine သောက်ရေသန့်ကြော်ငြာကလည်း သူ့မရဲ့ အနုပညာရှေ့ခရီးကိုမှန်းဆဖို့ အတွေးရစေခဲ့ပါတယ်။ ဒါကြောင့်လည်း The Diplomatic School ကျောင်းမှာ Grade 7 ပညာတက်ရောက် သင်ယူနေတဲ့ ယွန်းဝတီလွင်မိုးနဲ့တွေ့ဆုံပြီး သူမရဲ့ အနုပညာရှေ့ခရီးကို လေ့လာမိတဲ့ အခါမှာတော့ . . .
မေး ။ ညီမလေးကြော်ငြာတွေ များလာတယ်နော်။ အနုပညာရှင်အဖြစ် ရပ်တည်ဖို့ စိတ်ကူးရှိ ထားလား။
ဖြေ ။ ခေးအနုပညာအလုပ် လုပ်ချင် ပါတယ်။ ၀ါသနာလည်း ပါတယ်။ ဒါပေမယ့် ဇာတ်ကားတွေမှာ သရုပ် ဆောင်တဲ့မင်းသမီးတော့ မလုပ်ဘူး။ ရိုးရိုးဓာတ်ပုံမော်ဒယ်ပဲ လုပ်မှာပါ။
မေး ။ လက်ရှိအချိန်မှာ အနုပညာလှုပ်ရှားမှုနဲ့ ပညာရေးကို ဘယ်လိုခွဲခြားထားလဲ။
ဖြေ ။ အခုချိန်မှာတော့ ခေးမိသားစုနဲ့ တိုင်ပင်ထားတာက ခေးလုပ်ချင်တဲ့ အလုပ်ကိုလည်း ဓာတ်ပုံမော်ဒယ် အဖြစ်လုပ်ခွင့်ရှိသလို တစ်ဖက်မှာလည်း ပညာရေးကိုလက်မလွတ်ရဘူး။ ကြိုး စားရမယ်ပေါ့။ အဲဒီလိုသဘောတူ ထားတဲ့အတွက် လက်ရှိမှာတော့ ပညာရေးကို အာရုံစိုက်ရတယ်။ ပြီးတော့ အနုပညာအလုပ်ကိုလည်း ဓာတ်ပုံမော်ဒယ်ပဲ လုပ်မှာပါ။
မေး ။ အရွယ်ရောက်လာရင် ဘာဖြစ်ချင်လဲ။
ဖြေ ။ ခေး ဖေဖေ့ကိုအားကျတယ်။ ဓာတ်ပုံမော်ဒယ်လုပ်ရတာကို အရမ်း ၀ါသနာပါတယ်။ ဓာတ်ပုံမော်ဒယ်ပဲ ဖြစ်ချင်ပါတယ်။ ပညာရေးဘက်မှာတော့ သိပ္ပံပိုင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်။ အဲဒီပိုင်းမှာတစ်ခုခု ဖြစ်ချင်ပါတယ်။
မေး ။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီးညီမလေး ရဲ့ခံစားမှုက ဘယ်လိုရှိလဲ။
ဖြေ ။ ခေးငယ်ငယ်လေးကတည်းက ဖေဖေနဲ့အတူ ကြော်ငြာတွေနဲ့ ဇာတ်ကားတချို့မှာ ပါခဲ့ရတယ်။ ၆ နှစ် ၇ နှစ်အရွယ်လောက်စပြီး ဓာတ်ပုံမော်ဒယ်အဖြစ် လုပ်ရတာကို ပျော်လာတာပါ။
မေး ။ အနုပညာအလုပ် လုပ်ခွင့်ရပြီး ပရိသတ် တွေသိလာတဲ့အပေါ် ဘယ်လိုခံစားမိလဲ။
ဖြေ ။ ပျော်တာပေါ့။ ဟိုတုန်းကလည်း ဖေဖေက ပရိသတ်အားပေးမှု နဲ့အောင်မြင်ခဲ့တယ်လေ။ ဖေဖေ့ကို အားကျတယ်။ အခု ခေးခေးလည်း ဖေဖေ့လို ပရိသတ်နည်းနည်းရလာပြီလေ။ ဖေဖေ့ခြေရာ လိုက်နင်းခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။
မေး ။ ညီမလေးပါဝင်ခွင့်ရတဲ့ ကြော်ငြာတွေထဲမှာ ဘယ်ကြော်ငြာကို သဘောကျလဲ။
ဖြေ ။ ခေးခေး အိုဗာတင်းကြော်ငြာ ကို အရမ်းကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီကြော်ငြာက ဘန်ကောက်မှာ သွားရိုက်ရတာလေ။ နိုင်ငံခြားမှာ သွားရိုက်ရတာဆိုတော့ လူတွေအများကြီးနဲ့လည်း တွေ့ခဲ့ရ တယ်။ အတွေ့အကြုံတွေလည်း ရခဲ့တယ်။ လူပေါင်းစုံနဲ့ဆက်ဆံရတဲ့ အပြင် ကြော်ငြာရိုက်ရတာနဲ့ ပတ်သက်ပြီး အများကြီးတတ်လာခဲ့တယ်။
မေး ။ ရှေ့ဆက်လုပ်ဖို့ လက်ခံထားတဲ့ကြော်ငြာ တွေလည်း ရှိထားတယ်ဆို။
ဖြေ ။ လက်ခံထားတာတွေရှိပါတယ်။ ဓာတ်ပုံကြော်ငြာမော်ဒယ် အဖြစ်ပဲ လက်ခံထားတာပါ။ တီဗီ ကြော်ငြာဆိုရင်တော့ မေမေတို့က သိပ်မလုပ်ခိုင်းချင်ဘူးလေ။ အရမ်း စိတ်ပါပြီး ခေးပညာရေးထိခိုက်မှာ စိုးလို့ သိပ်ပေးမရိုက်ဘူး။ ဓာတ်ပုံ ကြော်ငြာမော်ဒယ် အဖြစ်ကတော့ အများကြီးရှိပါတယ်။
မေး ။ ညီမလေးရဲ့ လက်ရှိရပ်တည်မှု အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ အခုခေးခေး ဓာတ်ပုံမော်ဒယ် အဖြစ် ရပ်တည်နေပါပြီ။ ရှေ့ဆက်ပြီးလည်း ပညာရေးမထိခိုက်အောင် ညှိပြီးလုပ်သွားမယ်။ တဖြည်းဖြည်းချင်းတော့ ခေးခေးဖြစ်ချင်တဲ့ အောင်မြင်မှုကို ရလာမှာပါ။ အခုလက်ရှိမှာတော့ ခေးခေးပရိသတ် နည်းနည်းရလာပြီပေါ့။
မေး ။ ဖေဖေက အနုပညာရှင်အဖြစ် မှတ်တိုင်တွေ အများကြီး စိုက်ထူနိုင်ခဲ့သူဆိုတော့ ညီမလေးရော ဖေဖေ့လိုဖြစ်ချင်တဲ့ ဆန္ဒရှိလား။
ဖြေ ။ လုပ်ချင်တဲ့ဆန္ဒတော့ ရှိပါတယ်။ လုပ်ခွင့်ရှိမရှိကတော့ ဖေဖေနဲ့ မေမေရဲ့ သဘောတူညီမှုအပေါ် မှာမူတည်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုရိုက်ဖို့ကတော့ ခေးခေးက ၀ါသနာပါပေမယ့် မိဘက ခွင့်ပြုရင်တော့ လုပ်ချင်ပါတယ်။
မေး ။ ရုပ်သံကြော်ငြာ ဘယ်နှစ်ခုရိုက်ထားလဲ။
ဖြေ ။ ရုပ်သံကြော်ငြာ သိပ်မရိုက်ဖြစ်ပါဘူး။ အိုဗာတင်း၊ eleven အဲဒီလောက်ပဲရှိပါတယ်။ ဓာတ်ပုံ ကြော်ငြာကတော့ များတယ်။
မေး ။ ကစ်ကစ်(၀တ်မှုံရွှေရည်)နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ kanebo ကြော်ငြာမှာ ညီမလေးကို ပရိသတ်တွေကလက်ခံကြတယ်နော်။ အဲဒီကြော်ငြာ ဘယ်လိုရိုက်ဖြစ်ခဲ့တာလဲ။
ဖြေ ။ အဲဒီကြော်ငြာမှာ ဆယ်ကျော်သက်အရွယ် လိုတယ်ဆိုတာနဲ့ မကစ်နဲ့လည်း ရိုက်ရမှာဖြစ်လို့ လုပ်ဖြစ်ခဲ့တာပါ။ အဲဒီကြော်ငြာလေးကို ပရိသတ် လက်ခံကြတယ်။ အပြောများကြတဲ့အတွက် ၀မ်းသာရတယ်။
မေး ။ ညီမလေးအရမ်းလုပ်ဖြစ်တဲ့ ၀ါသနာဆိုရင်ရော။
ဖြေ ။ ဘတ်စကက်ဘော ကစားတာကို အရမ်း ၀ါသနာပါတယ်။ အရမ်းတော့ မကျွမ်းပါဘူး။ သီချင်းနဲ့ပတ်သက်ရင်တော့ အရမ်းဝါ သနာပါတယ်။ ကျောင်းမှာ ပွဲတွေရှိရင် လည်းလုပ်ဖြစ်တယ်။
မေး ။ အနုပညာနဲ့ ပတ်သက်ပြီးလေ့လာဖြစ်တာရှိလား။
ဖြေ ။ နိုင်ငံခြားမဂ္ဂဇင်းတွေ ဖတ်တယ်။ တော်တော်များများကတော့ ဖေဖေသင်ပေးပါတယ်။
မေး ။ အနုပညာခရီးနဲ့ ပတ်သက်ပြီး ညီမလေးတွေးထားတဲ့ စိတ်ကူးရှိရင် ပြောပြပေးပါလား။
Source by :http://www.weeklyeleven.com/
0 comments:
Post a Comment