ကွာလာလမ်ပူတွင် ခင်းကျင်းပြသခဲ့သော အဖိုးတန်လက်ဝတ်ရတနာပြပွဲတွင် ဒေါ်လာတစ်သန်းကျော်တန်သော စိန်အထုပ် တစ်ထုပ်ကို မျက်လှည့်ပြကာ ခိုးယူ ထွက်ပြေးသွားသော အမှုတစ်ခု ဧပြီလ ၂၈ရက်နေ့က ဖြစ်ပွားခဲ့ရာ ရဲက အမှုတွင် ပါဝင်သော လူများကို ဖမ်းဆီးရမိရန် ဆက်လက် စုံစမ်းဆဲ ဖြစ်သည်ဟု သိရသည်။
အမှုဖြစ်ပွားပုံမှာ ပစ်တလင်းဂျာယာအနီးရှိ ကုန်တိုက်တစ်ခုတွင် ခင်းကျင်းပြသနေသော လက်ဝတ် ရတနာ ပြပွဲသို့ ပြခန်သိမ်းချိန် ည ၁၀း၃၀ ခန့်တွင် နိုင်ငံခြားသား လေး၊ ငါးယောက်ခန့် ပါသော အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး အဖွဲ့ဝင်အချို့က ဆိုင်မှ အရောင်းတာဝန်ခံများကို အာရုံလွှဲထားချိန်တွင် အခြား အဖွဲ့ဝင်တစ်ယောက်က နောက်ဖက်မှ လှည့်ဝင်ကာ စိန်အထုပ်ကို ယူငင် ထွက်ပြေးသွားဖြင်း ဖြစ်သည်ဟု အဆိုပါ လက်ဝတ်ရတနာ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ၏ အပြောကို ခရိုင်ရဲအရာရှိက ထုတ်ဖေါ် ပြောဆိုသည်။
စိန်ထုပ်ခိုးယူသော အဖွဲ့မှာ လွန်စွာကျွမ်းကျင်ပိုင်နိုင်ပြီး လုပ်ပုံမှာ ပိရိညက်ညောလှသဖြင့် စိန်ထုပ်ပျောက်ကွယ်ပြီး အတန်ကြာမှ သိခဲ့ရသည်ဟု ဆိုသည်။ စိန်အခိုးခံရပြီးနောက် ပြခန်းစောင့် လုံခြုံရေးကို ၂ယောက်မှ ၆ယောက်အထိ တိုးမြှင့် ချထားလိုက်သည်ဟု ဆိုသည်။
Source by :http://www.lannthit.co.nr/
0 comments:
Post a Comment