Home » » ထိုင်းတွင် မြန်မာများ နေ့စဉ် အဖမ်းအဆီးကြုံရ

ထိုင်းတွင် မြန်မာများ နေ့စဉ် အဖမ်းအဆီးကြုံရ

Written By မောင်စေတနာ on Wednesday, June 1, 2011 | 11:34:00 PM



အလုပ်လုပ်ခွင့် လက်မှတ်များ ပြုလုပ်ပေးမည့် ထိုင်းနိုင်ငံသို့ တရားမ၀င် ဝင်ရောက်လျက်ရှိသော မြန်မာပြည်သား အများအပြားသည် အဖမ်းအဆီးနှင့် နေ့စဉ် ကြုံတွေ့နေရသည်။

ထိုင်းမြန်မာနယ်စပ်ဒသ မဲဆောက်မြို့မှ တဆင့် ဘန်ကောက်မြို့တော်သို့ သွားရောက်၍ အလုပ်အကိုင် ရှာဖွေသူ များကို လမ်းခုလတ် တာ့ခ်ခရိုင် အတွင်း ဖမ်းဆီးရမိမှုမှာ နေ့စဉ် လူဦးရေ ၅၀ မှ ၁၀၀ အထိ ရှိသည်ဟု မန်နေဂျာ အွန်လိုင်း အင်တာနက် သတင်းတွင် ယနေ့ ဖော်ပြထားသည်။

မေလ တတိယ အပတ်မှ စတင်ပြီး ထိုသို့ ဖမ်းဆီး တွေ့ရှိရခြင်း ဖြစ်သည်ဟု အာဏာပိုင်တို့ကို ကိုးကားပြီး သတင်း တွင် ရေးထားသည်။

စမွတ်ပရာကန်ခရိုင်တွင်လည်း နိုင်ငံခြားသား အလုပ်သမား ၆၀ ခန့်ကို ယနေ့ ဖမ်းဆီးမိရာ မြန်မာပြည်သားများ ပါဝင်နေသည်ဟု သတင်းများက ဆိုသည်။

ယမန်နေ့က ကော့သောင်းမြို့ တဘက်ကမ်းရှိ ရနောင်းမြို့တွင် မြန်မာနိုင်ငံသား ၂၁ ဦးကို တရားမ၀င် နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။

ဧပြီ ၂၇ ရက်နေ့ ထိုင်းအစိုးရ ၀န်ကြီး အဖွဲ့ အစည်းအဝေး၏ အတည်ပြုချက်အရ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရောက်လာသည့် တရားမဝင် အလုပ်သမားများကို အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပေးမည် ဖြစ်သည်။

ဇွန်လ ၁၅ ရက်နေ့တွင် စတင် ပြုလုပ်ပေးမည် ဖြစ်ကြောင်း ကြားသိရသည်။

ယခင်က အလုပ်သမားလက်မှတ် ပြုလုပ်ရေးအတွက် နောက်ဆုံးရက် သတ်မှတ်ပေးစဉ် စာရင်းသွင်းရန် ပျက်ကွက်ခဲ့ သူများ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း လုံးဝ မပြုလုပ်ရသေးသူများ အကျုံးဝင်ကြောင်း သိရသည်။

မှတ်ပုံတင်လက်မှတ် ရှိသည့် မိဘများသည် အသက် ၁၅ နှစ် အောက် ကလေး များကို မှီခိုသူအဖြစ် ခေါ်ထားနိုင် ကြောင်း၊ ၁၅ နှစ်အထက် ကလေးများအတွက် သီးခြားလက်မှတ် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည် သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်း ထားကြသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။