အများပြည်သူ မကြည့်သင့်တဲ့ကားဟာ အများပြည်သူသွားတဲ့ ပလက်ဖောင်းမှာ အရောင်းသွက်နေပါတယ် တဲ့။ ဇာတ်လမ်းက ဘယ်လိုလဲ ??? မင်းအုပ်စိုးက အရက်သောက်ပြီးကားမောင်းတော့ ခွန်းဆင့်နေခြည်နဲ့ ယွန်း ကားတိုက်ခံရပြီး မိုင်တိုင် ၇၆ မှာ အမြှုပ်ခံရတယ်၊ သရဲဖြစ်သွားကြတယ်၊ အဲဒီနေရာမှာ ပျက်တဲ့ ကားတစီးပေါ်ကို သရဲတက်လာတယ်၊ ကားပေါ်မှာ မင်းသားမင်းသမီးတွေ ဖြစ်တဲ့ မင်းအုပ်စိုး၊ လင်းဇာနည်ဇော်တို့ ပါတယ်၊ ခရီးသည်တွေကို သရဲဝင်ပူးတယ် သရဲဝင်ပူးတော့ ဘုန်းကြီးကျောင်းကို ရောက်သွားပြီး မင်းအုပ်စိုးက တရာခံဖြစ်ကြောင်း သူတို့ကိုကားတိုက်မိပြီး အမြှုပ်ခံရကြောင်း စသဖြင့် ရိုက်ကူးထားပါတယ်။
စိတ်ဝင်စားလို့ အွန်လိုင်းမှာ ကြည့်ချင်ရင်တော့ အောက်ကလင့်လေးမှာ နှိပ်ကြည့်နိုင်ပါတယ်။ တစ်ခု ပြောချင်တာက ဒီဇတ်ကားဟာ လူကြည့်များနေလို့ သိပ်ဖွင့်လို့မရပဲ ဖြစ်နေတတ်ပါတယ်။ ကျွန်တော်ကြည့်ချင်လို့ တစ်ရက်နှစ်ရက် ဖွင့်ကြည့်တယ် မရဘူး ၊ ဒီနေ့မှ ကြည့်ရတာပါ။ ( အင်တာနက် လိုင်းကောင်းတာ မကောင်းတာ ဘာမှမဆိုင်ပါ။ ) ဇတ်ကားတစ်ကားကို လူအများ ဖွင့်ကြည့်နေရင် ဒီလိုပဲ ကြာတတ်ပါတယ်။ ဇတ်လမ်းလေးက မဆိုးပါဘူးဗျာ ။ စာဖတ်သူ မိတ်ဆွေများ စိတ်ဝင်စားလို့ ကြည့်ချင်ရင် အောက်က လင့်လေးကို နှိပ်လိုက်ပါ။
" ကားပေါ်မှာ လိုက်လာတယ် "
မင်းအုပ်စိုး ၊ ညီဘွား ၊ လင်းဇာနည်ဇော် ၊ ခွန်းဆင့်နေခြည်
Source by :http://burmeseclassic.com/ မှ မျှဝေပါသည်။
0 comments:
Post a Comment