Home » » စိတ်ဓာတ်မြှင့်တင်ရေးမှ သင်တန်းကို မလေးရှားမှ ဆရာတော်ကြီးများစုပေါင်းကန့်ကွက်ပြီ

စိတ်ဓာတ်မြှင့်တင်ရေးမှ သင်တန်းကို မလေးရှားမှ ဆရာတော်ကြီးများစုပေါင်းကန့်ကွက်ပြီ

Written By မောင်စေတနာ on Saturday, May 14, 2011 | 5:09:00 AM

မင်္ဂလာပါ။

မလေးရှားနိုင်ငံ SM ကုန်တိုက်တွင် ကျင်းပမည့် စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း အစီအစဉ်အတွက် မလေးရှားရောက် ဆရာတော်များနှင့်ကျောင်းထိုင်းဆရာတော်ကြီးမှ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။

သတင်းအရ မလေးရှားရောက် မြန်မာ ဗုဒ္ဓဘာသာ ဆရာတော်များအနေဖြင့် ရဟန်းသံဃာ တော်များ၏ ၀ိနည်ထဲမှ လူပုဂ္ဂိုလ်များအတွက် တရားဟောခြင်း နှင့် ဗုဒ္ဓအဆုံးအမများဖြင့် ဆုံးမဖြင်း ၊ စာပညာ သင်ကြားပေးခြင်းများသည်သာ ၀ိနည်းညီ ရဟန်းများ၏ ကျင့်ကြံမှု့လမ်းစဉ်ဖြစ်ပြီး . ။ အခြားသော ကိစ္စများ တွင် ဂီတ ၊ သီချင်း ၊ ရုပ်ရှင် ဖွင့်၍ ကခုန်ခိုင်းစေခြင်း ၊ တရားဒေသနာ စာဝါများတွင်မပါဝင်သော ဆုံးမနည်းများဖြင့် ဆွဲဆောင်ခြင်းများသည် မသင့်လျှော်ရံမျှမက သာသနာတော် ညိုးနွမ်းစေနိုင်စေခြင်း အကြောင်ရာ ဖြစ်နိုင်သော ကြောင့် ယနေ့ 13.5.2011 နေ့တွက် မလေးရှား ၊ ကွာလာ လမ်ပူ ရှိ ဗုဒ္ဓဘာသာဝေယျာဝစ္စ အသင်းတွင် စုပေါင်းလက်မှတ်ရေးထိုးပြီး ကန်ကွက်လိုက်ကြပါသည် ။

ဆရာတော်ကြီးများ၏ ကန့်ကွက်ကြောင်းလက်မှတ်များကို ပူးတွဲတင်ပြလိုက်ရပါသည် . ။



အထက်ပါ ကိစ္စများအပြင် မြန်မာလူငယ်များစွာမှ ပြောကြားချက်များ အရ ဗုဒ္ဓဘာသာ ငြိုးနွမ်းစေနိုင်သော ကိစ္စ အတွက် ကြိုးပမ်းအားထုတ်လျှက်ရှိသော ၊

ထိုဆရာတော်အတွက် ထောက်ပံသူများ ၊ ဤစိတ်ဓတ်မြင့်တင်ရေးသင်တန်းအတွက် ထောက်ပံကူညီသူများသည် မြန်မာဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပဲ ဘာသာခြားများဖြစ်နေသည်ကို သိရှိပြီး လွန်စွာ မခံချင်ကြကြောင်း ကိုလည်း သိရှိရပါတယ် ။

ထိုပွဲအတွက် အထောက် အထားများဖြင့် ကန့်ကွက်သွားသူများ ၊ KL ဂျလန်းစီလန်း တစ်လျှောက် ကန့်ကွက်ကြောင်းစာများ ကပ်ပြီး ဆန့်ကျင်သူများလည်း များပြားကြောင်း ထိုပွဲနေ့အတွက် ဆန့်ကျင်ကန့်ကွက်မည့် သူများလည်း များပြားကြောင်း သိရှိရပါတယ် ။

ထိုအတွက် မလေးရှားရောက် မြန်မာဗုဒ္ဓဘာသာဝင်များ သိရှိရန် အထောက်ထားများဖြင့် အသိပေး အကြောင်းကြားရပါတယ် ။


Source by :

Editor Group
www.edinooyin.com
Share this article :

1 comments:

မိုးယံ said...

စိတ်ဓါတ်တွေ စိတ်ဓါတ်တွေ ....

ကိုယ်က ပြောရင် ကိုယ့်အလွန်ဖြစ်သေးတယ်.. မကောင်းတာကို မကောင်းမှန်းမသိ၊ စေတနာ သတိပေးကို နားမ၀င်၊ ဆိုဆုံးမ ခက်သူတို့ကို ပြောဆိုရခြင်းသည် အမောင်မိုးယံ စိတ်အပျက်ဆုံးအလုပ်ဖြစ်ပေသည်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။