Home » » မလေးရှားရောက် မြန်မာဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်

မလေးရှားရောက် မြန်မာဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်

Written By မောင်စေတနာ on Tuesday, May 10, 2011 | 7:47:00 PM

ကွာလာလမ်ပူ ရဲဋ္ဌာနချူပ်ရုံး (photo – mycen)

မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကွာလာလမ်ပူ အထူးရဲတပ်ဖွဲ့တွေရဲ့ တွေ့ဆုံ ဆွေးနွေးမှုကို IPK ရဲဋ္ဌာနချူပ်ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တင်ပြချက် ဖြစ်တဲ့ Community Card ကိုင်ဆောင်သူတွေနဲ့ ပတ်သက်ပြီးတော့ ကွာလာလမ်ပူ ရဲချူပ်က ခုလို ပြောကြားခဲ့ပါတယ်။

“Community Card ကိုင်ဆောင်သူတွေက ယူအန်ကဒ် ကိုင်ဆောင်သူတွေထက် ပိုများနေတာ ကြောင့် ကိုင်တွယ်ရတာ ခက်ခဲနေပါတယ်။ ဒါပေမယ့် သူတို့ အတွက်လည်း အဆင်ပြေမယ့် အစီစဉ် တစ်ခုခုကို လုပ်ပေးသွားမှာပါ။ ယူအန် ကဒ် ကိုင်ဆောင် သူတွေကိုလည်း ဖမ်းဆီးမိပေမယ့် UNHCR ရဲ့ စစ်ဆေးအတည်ပြုချက်နဲ့ ချက်ချင်းကို လွှတ်ပေး လိုက်တာပါပဲ။ Community တွေ အနေနဲ့လည်း သက်ဆိုင်ရာ member တွေကို မလေးရှားနိုင်ငံရဲ့ ဥပဒေ အတိုင်း စည်းကမ်းရှိရှိ နေထိုင်သွားလာဖို့နဲ့ ညအချိန်မတော် သောက်စားမူးယစ်ပြီး သောင်းကျန်းမှုတွေ မပြုလုပ်ကြဖို့နဲ့ ယူအန်ရုံးအပါအဝင် သံရုံးရှေ့တွေမှာ ဆန္ဒပြတောင်းဆိုမှု တွေ မလုပ်ကြဖို့ အကြံပြု ပါတယ်”

အခုလိုမျိုး တွေ့ဆုံမှုမှာ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ လုံခြုံမှုကို အဓိကထားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအပြီးမှာ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင်တွေနဲ့ မလေးရှား အထူးရဲအရာရှိကြီးတွေဟာ အတူတကွ ညနေစာ စားသောက်ခဲ့ပြီးနောက် အမှတ်တရ လက်ဆောင် ပစ္စည်းတွေကိုလည်း ပေးအပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

Source by :http://aarnewsid.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။