Home » » တွေးကြည့်ဖြေကြည့် မေးခွန်းလေးတွေ ဖြေကြည့်ရအောင် ...

တွေးကြည့်ဖြေကြည့် မေးခွန်းလေးတွေ ဖြေကြည့်ရအောင် ...

Written By မောင်စေတနာ on Tuesday, May 10, 2011 | 5:23:00 PM



ဒီတစ်ပတ် ညဏ်စမ်း အစီအစဉ်လေးပါ။

အပြင်းလည်းပြေ ညဏ်လည်းပွားစေဖို့ ကြိုးစားပြီး ဖြေကြည့်ပြီး အဖြေများကို comments သို့မဟုတ် cbox မှာရေးခဲ့ပေးပါနော်။ အပျော် သက်သက်ပေါ့ မေးခွန်းလေးတွေက လွယ်လွယ်လေး တွေပါ။ အဖြေတော့ မတင်ပေးတော့ဘူးနော် ..... သူငယ်ချင်းတွေက တော်ပါတယ်။

ကဲ ... အသင့်ဖြစ်ရင် တွေးကြည့်ဖြေကြည့်ရအောင်နော် ...


1။ လူတစ်ယောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုက ဘာလဲ။

2။ လူတစ်ယောက်ဟာ တစ်ခုခု အဆင်မပြေရင်
အရိပ် ၃ ခုကိုအမြဲတမ်းတ တတ်တယ်။

3။ လူတွေဟာ အရာရာကို အမိန့်ပေး စေခိုင်းလို့ ရပေမဲ့
အရာနှစ်ခုကိုတော့ အမိန့်ပေး လို့မရဘူး။

4။ ကမ္ဘာပေါ်မှာ အသန်မာဆုံးနဲ့ အမြန်ဆုံးဟာ
ဘာတွေလဲ။

5။ ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံးအရာဟာ ဘာလဲ။


6။ အနူးညံ့ဆုံးသော အရာတစ်ခုက ဘာလဲ။

7။ လူတစ်ယောက်ရဲ့ အကောင်းဆုံး အချိန်ဟာ ဘာလဲ။

8။ အချစ်နဲ့ နီးနီး နေတတ်တဲ့ သူတွေက ဘယ်သူတွေလဲ။

9။ အပင်မြင့်မြင့် ညမှပွင့်။

10။ အိမ်ရှိသော်လည်း လူမရှိ လူရှိသော်လည်း အသံမကြား။

11။ အမြဲတမ်း အလုပ်လုပ်နေသူ ဘယ်သူလဲ။

12။ ညတွေမှာ ဘာလိုအပ်သလဲ။

13။ ငယ်ငယ်က အစိမ်းရောင် ကြီးလာတော့ အနီရောင်။

14။ ကြည့်လေ ဝေးလေ ဝေးလေကြည့်လေ။

15။ အမြင်နီး၍ ခရီးဝေး။

17။ သင့်အနားမှာ အမြဲရှိနေတတ်သူ ဘယ်သူလဲ။

18။ ငှက်ကလေးတွေ ပျော်တတ်တဲ့ အချိန်လေးက။

19။ တစ်နေ့တစ်နေ့ လူတွေဟာ ဘာတွေရှာနေတာလဲ။

20။ အမြဲ ခိုင်မြဲတဲ့ ကြိုးလေးတစ်ခုက။

21။ လူတိုင်း ပြောဖူးတဲ့ စကားလေးနှစ်ခွန်းတဲ့။

22။ အရှေ့က သွားနေပေးမဲ့ အနောက်က လုံးဝလိုက်လို့ မမှီဘူးတဲ့။

23။ ကမ္ဘာကြီးတစ်ခုလုံးကို ဆက်သွယ်ထားတဲ့ အရာတစ်ခုက။

24။ ကိုယ့်ကိုယ်ကို မြင်ရတဲ့အရာတစ်ခုက။

25။ အစ အဆုံးမရှိတဲ့ အရာတစ်ခုက။

26။ အသက်ကြီးလာရင် သတိရ တမ်းတနေတဲ့ အရာတစ်ခု။

27။ မိုးရွာရင် ဘယ်သူတွေက ပျော်ကြသလဲ။

28။ ခုတ်လို့ မပြတ် သတ်လို့မသေတဲ့အရာ။

29။ မျက်စီလေးလုံး ရှိတဲ့လူတွေက ဘယ်သူတွေလဲ။

30။ လူကိုမစောင့်တဲ့ အရာ ၃ ခုက ဘာတွေလဲ။

မေးခွန်လေးတွေက ဒီလောက်ပါပဲ ..... အဖြေလေးတွေကို စဉ်းစားကြည့်ပါနော်... သယ်ရင်းတို့ သိပြီးသားလေး တွေလည်းဖြစ်ရင်ဖြစ်မှာပါဘာပဲဖြစ်ဖြစ် .... ပျော်ရွှင်ပါစေ ....

ခင်မင်လေးစားလျှက် ..

.
Share this article :

3 comments:

မိုးမိုး said...

မဖြေတတ်လို့ပါ။ အဖြေကို ပြောပြပါနော် ....

aungaung said...

ဟဲဟဲ..ဖြေမယ်နော်၊ တစ်ခုပဲရတယ်..ဖြေမယ်နော်။ လူတွေကိုမစောင့်တဲ့ရာ
၃ခုက ..အချိန်ရယ် ..ကောနရှင်ရယ်...ဒီရေရယ်ပေါ့။။

သီချင်းကောင်းလေးများစုစည်းမူ said...

မဖြေတောပဘူး app လေးရချင်တယ်
music

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။