Home » » ရှစ်တန်းအောင်ထားရုံဖြင့် စင်ကာပူတွင် လေးနှစ် ပညာသင်ဆု လျှောက်ထားနိုင်

ရှစ်တန်းအောင်ထားရုံဖြင့် စင်ကာပူတွင် လေးနှစ် ပညာသင်ဆု လျှောက်ထားနိုင်

Written By မောင်စေတနာ on Sunday, May 1, 2011 | 4:49:00 PM


စင်ကာပူနိုင်ငံ သိပ္ပံနည်းပညာနှင့် သုတေသန အေဂျင်စီက ချီးမြှင့်မည်ဖြစ်သည့် YRAP ဆုကို မြန်မာနိုင်ငံမှ Grade 7 (ရှစ်တန်း) အောင်မြင်ပြီးသူများ စတင် လျှောက်ထားနိုင်မည် ဖြစ်ကာ မေလ ၁၆ ရက်တွင် လျှောက်လွှာ ပိတ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

YRAP (Young Resarchers Attachment Programme) တွင် မြန်မာထူးချွန် ကျောင်းသားများအတွက် စင်ကာပူနိုင်ငံတွင် အလယ်တန်းနှင့် တက္ကသိုလ်ဝင်တန်း လေးနှစ်တာ တက်ရောက် ပညာ သင်ကြားနိုင်စေမည် ဖြစ်သည်။ ရွေးချယ်ခံရသော ကျောင်းသားများ အနေဖြင့်

ကျောင်းပိတ်ကာလများ၌ A*Star သုတေသန အဖွဲ့အစည်းများတွင် လက်တွေ့ အလုပ်သင်အဖြစ် လုပ်ကိုင်သွားနိုင်စေမည်ဟုလည်း သိရသည်။ ၎င်း ပညာသင်ဆုတွင် နှစ်စဉ် ထောက်ပံ့ကြေး၊ ကနဦး ထောက်ပံ့ကြေး၊ ကျောင်းစရိတ်နှင့် စာမေးပွဲကြေး ကင်းလွတ်ခွင့်၊ အဆောင် နေထိုင်စရိတ်၊ ဆေးဝါး ကုသမှုဆိုင်ရာ ထောက်ပံ့စရိတ်၊ မတော်တဆ ထိခိုက်မှု အာမခံကြေးနှင့် အခမဲ့ အသွားအပြန် လေယာဉ်လက်မှတ် (ရိုးရိုးတန်း) တို့ ရရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

A*Star ၏ YRAP ဆုအတွက် မြန်မာနိုင်ငံရှိ စင်ကာပူ သံရုံးတွင် တရားဝင် ထုတ်ပြန်ထားသည်ကို တွေ့ရပြီး သံရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ လျှောက်လွှာများကို ဧပြီလ ၁ ရက်ကတည်းက စတင် လက်ခံပေးခဲ့ကြောင်း သိရကာ မြန်မာနိုင်ငံ၏ မဟာသင်္ကြန်ကြောင့် ခေတ္တရပ်နားထားခဲ့ပြီး ဧပြီလ တတိယပတ်မှ စတင်၍ ပြန်လည် လက်ခံပေးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုလျှောက်ထားလိုသူ မြန်မာလူငယ်များ အနေဖြင့် ရန်ကုန်မြို့ရှိ စင်ကာပူ သံရုံးတွင် လျှောက်လွှာများကို ထုတ်ယူနိုင်ပြီး မြန်မာပြည်ဖွား မြန်မာနိုင်ငံသား စစ်စစ် ဖြစ်ရမည်ဟု သိရသည်။ အနည်းဆုံး ရှစ်တန်း အောင်မြင်ရမည် ဖြစ်ကာ ရှစ်တန်းနှင့် ကိုးတန်းတွင် အင်္ဂလိပ်စာကို သင်ရိုးဘာသာရပ် တစ်ခုအဖြစ် တတ်မြောက်ထားရမည် ဖြစ်သည်။ ထူခြားမှုမှာ ၁၉၉၅ မှ ၁၉၉၇ ခုနှစ် အတွင်း မွေးဖွားသူများ ဖြစ်ရမည်ဟု ဆိုထားသည်။ ၎င်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ သိလိုသူများ အနေဖြင့် www.astar.edu.sg တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

Source by :http://www.hin4ooe.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။