Home » » စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း ...

စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Monday, May 2, 2011 | 10:35:00 AM

ကျွန်တော် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရှေ့မှာ
ရပ်တည်ဖို့ အဆင်သင့် ဖြစ်နေပါပြီ’၊ စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း ...

ဂီတရပ်ဝန်းမှာ လူငယ်ပရိသတ် အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူရဲ့မွေးနေ့ပွဲတွေကို ပရိသတ်များနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့တာ အခုဆိုရင် ခုနှစ်ကြိမ်မြောက် မွေးနေ့ရှိုးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သူပါ။ ထူးခြားတဲ့ စတိတ်ဆင် ပြင်ဆင်မှုတွေနဲ့အတူ လွတ်လပ်မြူးကြွစွာ ဖြတ်သန်းနိုင်အောင် စီစဉ်ထားတဲ့ သူ့ရဲ့မွေးနေ့ရှိုးတိုင်းက ပရိသတ်တွေနဲ့ တသားတည်းကျခဲ့ပြီး ပထမအကြိမ်မှသည် ခုနစ်ကြိမ် မြောက် မွေးနေ့ရှိုးတိုင်အောင် အောင်မြင်မှုကိုရယူနိုင်ခဲ့ပါတယ်။ မကြာမီစီးရီးသစ်ကို ပရိသတ်ရှေ့ချပြနိုင်ဖို့ ကြိုးစားနေတဲ့ စိုင်းစိုင်းက ဂီတရပ်ဝန်းမှာသာမကဘဲ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ လှုပ်ရှားမှုမိုမိုခဲ့တာ ကြောင့် စိုင်းစိုင်းနဲ့တွေ့ဆုံပြီး သူ့ရဲ့မွေးနေ့ရှိုးအမှတ်တရများနဲ့ ရှေ့ဆက်မယ့် ခရီးအပေါ် မေးမြန်းဖြစ်တဲ့ အခါမှာတော့ . . . .

မေး - သင်္ကြန်ပွဲအပြီးမှာ ဘာတွေလုပ်နေလဲ။

ဖြေ - သင်္ကြန်အပြီးမှာတော့ MRTV -4 ကနေ ကျွန်တော့်ရှိုးပွဲကိုပြနေတဲ့ အတွက် အသံပိုင်းနဲ့ အရုပ်ပိုင်းကို ၀ိုင်းကူလုပ်ပေးနေပါတယ်။

မေး - ဒီနှစ်ရှိုးပွဲ အောင်မြင်မှုက အခုချိန်ထိ သက်ဝင်မှုရှိနေတုန်းနော်။ ဒီနှစ်အတွက် စတိတ် စင်တည်ဆောက်မှု စိတ်ကူးရရှိခဲ့ပုံကို ပြောပြပေးပါဦး။

ဖြေ - မနှစ်က သရဲအိမ်ဆောက်တယ်။ ၀ိဥာဉ်လောကဆိုတော့ ချဲ့ထွင်စရာတွေ အများကြီးရှိတယ်။ ဒီနှစ်အတွက်လည်း မနှစ်ကလိုပဲ ချဲ့ထွင်လို့ရမယ့်အရာကို စဉ်းစားရင်း နဲ့ တစ်နေ့မှာ အာကာသပုံစံကြယ် တာရာတိုက်ပွဲ လုပ်မယ်ဆိုတဲ့ စိတ်ကူးရတယ်။ ဒီနှစ်စတိတ်စင်ကတော့ ကျွန်တော်ရော ကိုမောင်မောင်အေးရော အားမရဆုံးနှစ်ပါပဲ။ ကျွန်တော်တို့ စိတ်ကူးထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ စိတ်ကူးထားတာက စင်ပေါ်မှာပန်းကန်ပြားပျံ တွေပါမယ်။ အာကာသလွန်းပျံ ယာဉ်တွေပါမယ်။ အဲဒီလိုစိတ်ကူး ထားပေမယ့် လုပ်ရင်းနဲ့အထာမကျ ဖြစ်ပြီး စင်ပေါ်မှာ စက်ရုပ်ဆောက်မယ် ဆိုတဲ့စိတ်ကူးပေါ်လာတော့ စက်ရုပ် ဆောက်ဖြစ်တယ်။ အဲဒီမှာ စက်ရုပ် က အရမ်းကြီးသွားပြီး ပန်းကန်ပြား ပျံကသေးသွားတယ်။ ကျွန်တော် တို့ဖြစ်စေချင်တဲ့ အတိုင်း စတိတ် အပြင်အဆင် မဟုတ်ခဲ့ပေမယ့် တခြား အရသာတစ်ခုတော့ ရခဲ့ပါတယ်။

မေး - ဒီနှစ်ရှိုးမှာ သီချင်းဟောင်းတွေကို ပြန်ဆိုရတဲ့ ရည်ရွယ်ချက်က . . . .

ဖြေ - ကျွန်တော်အစတုန်းက အချစ်စစ်ရဲ့ကျေးကျွန်များနဲ့ နှစ်အချိုးတစ် နှစ်ပုဒ်ပဲ ဆိုဖို့အတွက် အိမ်မှာသီချင်း တိုက်ကြတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ရင်း ဆိုချင်တဲ့သီချင်းတွေက များလာတယ်။ သီချင်းဟောင်းတွေကို ပြန်ဆိုရတာ အရမ်းအရသာရှိတယ်ဗျာ။

မေး - ဒီနှစ်ရှိုးမှာ စိုင်းစိုင်းရဲ့ Hair Style ပြောင်းထားတဲ့ စိတ်ကူးကိုလည်း ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်က နှစ်တိုင်းနှစ်တိုင်း ဖက်ရှင်ပုံစံကို ပြောင်းကြည့်လေ့ရှိပါတယ်။ ဒီနှစ်ကတော့ ၂၀၁၁ မှာတစ် ကမ္ဘာလုံးမှာခေတ်စားလာမယ့် ဆံပင်ဘေးက အပြောင် စက်နဲ့သိမ်းထားတဲ့ ပုံစံက ဒီနှစ်နွေရာသီကစပြီး ဟော့နေတာဆိုတော့ ကျွန်တော့်ရဲ့Hair Stylist မမီဦးကလည်း မြှောက်ပေးတဲ့အတွက် လုပ်ဖြစ်သွားတာပါ။

မေး - ဒီနှစ် မွေးနေ့ဖြတ်သန်းမှုက အရင်နှစ်တွေနဲ့ ကွာဟချက်တွေရှိမလား။

ဖြေ - အရင်နှစ်တွေတုန်းက စတိတ်တွေဆောက်တာက စိတ်ကူးထားတဲ့ အတိုင်း ကွက်တိရတယ်။ ၈ ရက်နေ့ ၉ ရက်နေ့လောက်ဆိုရင် စတိတ်တွေ ပြီးနေတဲ့အတွက် Rehearsal လုပ်နိုင်တယ်။ ဒီနှစ်ကတော့ အစစအရာရာ နောက်ကျတော့ အကုန်လုံးက Without Rehearsal ပါ။ တကယ်ဖျော်ဖြေရတဲ့အချိန်မှ ရုတ်တရက် ပေါ်လာတာ တင်ဆက်တယ်။ အရမ်း Live ဖြစ်ပါတယ်။ ဒီနှစ်က အရမ်းစိတ်မောလူမောဖြစ်ရတယ်။ ပွဲပြီးသွားတဲ့အချိန် မှာတောင် ရုပ်သံကပြနေတော့ အခုချိန်ထိ အရှိန်မသေသေးဘူး။ ဒီနှစ် မှာသီချင်းဆိုရင်း ငှက်ပျောသီးဆယ် လုံးလောက် စားဖြစ်တယ်။ ကယ်လိုရီပြန်ပြည့်တာက ငှက်ပျောသီးတဲ့။ အဲဒါကိုမှတ်ထားပြီး ရှိုးပွဲတွေဆိုရင် ကျွန်တော်က ဖီးကြမ်းငှက်ပျောသီးကို အဖီးလိုက်ယူသွားတယ်။ ကျန်ခဲ့တဲ့ မွေးနေ့ပွဲမှာတော့ ကျွန်တော့်နားမှာ ရည်းစားရှိတယ်။ ချစ်သူရှိတယ်။ ဒီမွေးနေ့ကိုတော့ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းရတယ်ပေါ့။

မေး - စီးရီးသစ်အနေနဲ့ ပြင်ဆင်မှုအနေ အထားကရော ဘယ်လိုရှိလဲ။

ဖြေ - သီချင်းဟောင်းတွေဆိုရတာ ကျွန်တော်လည်း ငြီးငွေ့နေပါပြီ။ သီချင်းသစ် ထွက်ဖြစ်အောင်ထွက် မယ်။ အသံသွင်း လုပ်ငန်းစနေပါ ပြီ။ အမြန်ဆုံးထွက်နိုင်အောင် လုပ် မှာပါ။

မေး - သရုပ်ဆောင်ဘက်မှာ လှုပ်ရှားမှုကရော ဘယ်လိုရှိနေလဲ။

ဖြေ - ကျွန်တော် ဗီဒီယိုတွေ တောက်လျှောက်ရိုက်နေပါတယ်။ အနည်းဆုံး တစ်လတစ်ကား ထွက်အောင်ကြိုး စားနေပါတယ်။ အခုမထွက်ရသေးတာ ၁၀ ကားလောက်ရှိတယ်။

မေး - ဂီတဘက်မှာ ပရိသတ်အခိုင်အမာ တည်ဆောက်နိုင်ခဲ့တဲ့ စိုင်းစိုင်းက သရုပ်ဆောင် ရပ်ဝန်းမှာရော ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

ဖြေ - ကျွန်တော်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်ရှေ့မှာ ရပ်တည်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပရိသတ်လက်ခံတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်အောင် အစွမ်းကုန် ကြိုးစားမှာပါ။

မေး- စိုင်းစိုင်းရဲ့ အချစ်ရေးကရော ဘယ်လိုလဲ။

ဖြေ - ပရိသတ်ကို ပြောလိုက်ပါဗျာ။ ပညာသင်ချိန်မှာ ဒါမျိုးတွေ စိတ်မ၀င်စားဘူးလို့။ နောက်ပြီး မေမေ သိရင်လည်း ရိုက်လိမ့်မယ်လို့။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။