Home » , » မလေးရှားမှ ရွှေစည်သာ သင်္ကြန်မှတ်တမ်း ဓာတ်ပုံများ ...

မလေးရှားမှ ရွှေစည်သာ သင်္ကြန်မှတ်တမ်း ဓာတ်ပုံများ ...

Written By မောင်စေတနာ on Wednesday, April 20, 2011 | 9:05:00 AM



14.4.2011 ရက် အင်္ကြန်အကျ နေ့လေးမှာ မလေးရှားက ရွှေစည်သာ
သင်္ကြန်လေးမှာ ဒီလို ကျွန်တော်သွားရောက် လေ့လာမှတ်တမ်းတင် ခဲ့ပါတယ်။

မြန်မာပြည်နဲ့ ဝေးကွာနေရတဲ့ ရွှေမြန်မာတွေအတွက် မလေးရှားမှ သင်္ကြန်လေးဟာ အလွမ်းပြေ ပျော်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်လေး တစ်ခု ဖြစ်ပါတယ်။ မနက် 7:30 တာနဲ့ K L မဟာနန်း စားသောက်ဆိုင်မှ ကားစထွက်လိုက်ပြီး နှစ်နာရီလောက်ကားစီးရပါတယ်။

သင်္ကြန်ပုံရိပ်လေးကို ကြည့်လိုက်ရအောင် ....


ကျွန်တော်တို့ ရောက်တာနဲ့ ဆရာတော် ( ၁၁ ) ပါးမှပရိတ်တရားတော် ရွှတ်ဖတ်သရဇ္ဇယ်နေတာလေးကို ကြည်ညိုစွာ ဖူးတွေ့ရပါတယ်။မနက် ၁၀ နာရီကနေ ညနေ 6 နာရီအထိ ရွှေစည်သာ သင်္ကြန်လေးမှာ ရွှေမြန်မာတွေ သာမက မလေးလူမျိုး ၊ တရုတ်လူမျိုးကပါ အတူပျော်ရွှင်စွာရေပက်ကစား နေကြတာ တွေ့ရပါတယ်။

အကျွေးအမွေးများ အဆိုအကများဖြင့် အထူးစည်ကားလှတဲ့ သင်္ကြန်လေးဖြစ်ပါတယ်။
နောက် ... နှစ်သစ်တွေမှာလည်း ရွှေမြန်မာများ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေဗျာ။

နှစ်သစ်လေးနဲ့ အတူ မလေးရှားရောက် ရွှေမြန်များအားလုံး ဘေးရန်ကင်းဝေးပြီး
အလုပ်အကိုင် များ အဆင်ပြေကြပါစေ။

ဆက်လက်ကြိုးစား တင်ဆက်ပေးပါမည်။

ခင်မင်လေးစား စွာဖြင့်

နေဇော်လင်း

Share this article :

1 comments:

ဇော်ဇော် said...

မိုက်တယ် .. မလေးက သက်ြန်လေး
တင်ပေးတာ ကျေးဇူးတင်ပါတယ်...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။