14.4.2011 ရက် အင်္ကြန်အကျ နေ့လေးမှာ မလေးရှားက ရွှေစည်သာ
သင်္ကြန်လေးမှာ ဒီလို ကျွန်တော်သွားရောက် လေ့လာမှတ်တမ်းတင် ခဲ့ပါတယ်။
မြန်မာပြည်နဲ့ ဝေးကွာနေရတဲ့ ရွှေမြန်မာတွေအတွက် မလေးရှားမှ သင်္ကြန်လေးဟာ အလွမ်းပြေ ပျော်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်လေး တစ်ခု ဖြစ်ပါတယ်။ မနက် 7:30 တာနဲ့ K L မဟာနန်း စားသောက်ဆိုင်မှ ကားစထွက်လိုက်ပြီး နှစ်နာရီလောက်ကားစီးရပါတယ်။
သင်္ကြန်ပုံရိပ်လေးကို ကြည့်လိုက်ရအောင် ....
ကျွန်တော်တို့ ရောက်တာနဲ့ ဆရာတော် ( ၁၁ ) ပါးမှပရိတ်တရားတော် ရွှတ်ဖတ်သရဇ္ဇယ်နေတာလေးကို ကြည်ညိုစွာ ဖူးတွေ့ရပါတယ်။မနက် ၁၀ နာရီကနေ ညနေ 6 နာရီအထိ ရွှေစည်သာ သင်္ကြန်လေးမှာ ရွှေမြန်မာတွေ သာမက မလေးလူမျိုး ၊ တရုတ်လူမျိုးကပါ အတူပျော်ရွှင်စွာရေပက်ကစား နေကြတာ တွေ့ရပါတယ်။
အကျွေးအမွေးများ အဆိုအကများဖြင့် အထူးစည်ကားလှတဲ့ သင်္ကြန်လေးဖြစ်ပါတယ်။
နောက် ... နှစ်သစ်တွေမှာလည်း ရွှေမြန်မာများ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေဗျာ။
နောက် ... နှစ်သစ်တွေမှာလည်း ရွှေမြန်မာများ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေဗျာ။
နှစ်သစ်လေးနဲ့ အတူ မလေးရှားရောက် ရွှေမြန်များအားလုံး ဘေးရန်ကင်းဝေးပြီး
အလုပ်အကိုင် များ အဆင်ပြေကြပါစေ။
အလုပ်အကိုင် များ အဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစား တင်ဆက်ပေးပါမည်။
ခင်မင်လေးစား စွာဖြင့်
နေဇော်လင်း
1 comments:
မိုက်တယ် .. မလေးက သက်ြန်လေး
တင်ပေးတာ ကျေးဇူးတင်ပါတယ်...
Post a Comment