Home » » မလေးရှားရောက် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်

မလေးရှားရောက် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်

Written By မောင်စေတနာ on Wednesday, April 20, 2011 | 5:08:00 AM

နေ့ဆွမ်းကုသိုလ်ရှင် ရတနာရမကျောင်း ဒကာ၊ ဒကာမများက ကြွရောက်လာသည့် ဧည့်သည်တော် ပရိတ်သတ် အပေါင်းတို့ကို အလှူရှင် ဦးသိန်းရွှေ-ဒေါ်စီလေးမောင် မိသားစုမှ အုန်ထမင်းနှင့် ကြက်သာကျော် ရွှေရင်အေးတို့ဖြစ် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

ရတနာမကျောင်း ဆရာတော် U cariyaမှ လာရောက် တရားနာ ပရိတ်သတ် ၅၀၀ ကျော် လာရောက်လောက်ရှိခဲ့ကြောင်း သူရိယသတင်းဂျာနယ်သို့ ပြောပြခဲ့ပြီနောက် ဆရာတော် U cariyaမှ လာမဲ့ ၂၄-၄-၂၀၁၁ နေ့ (တနင်္ဂနွေ)မှာ ကရုဏာဖောင်ဒေးရှင်း၏ (တတိယ အကြိမ်မြောက်) ကရုဏာအလှူတော် ရတနာမကျောင်းတိုက်မှ ကျင်းပမည်ဖြစ်ပြီ အောက်ပါအတိုင် လာရောက်ကြရန် နိုးဆော်လိုက်ပါသည်။


ကရုဏာဖောင်ဒေးရှင်း၏ (တတိယ အကြိမ်မြောက်) ကရုဏာအလှူတော်

ရတနာရာမကျောင်းတိုက်၏ လစဉ်ပြုလုပ်လျှက်ရှိသော ကရုဏာအလှူတော်တွင် မျက်စိဝေဒနာရှင်သစ်၊ဟောင်းများ၊ အမျိုးသမီးဝေဒနာရှင်များ၊ ဆီးနှင့်ကျောက်ကပ်ဝေဒနာရှင်များနှင့် အထွေထွေဝေဒနာပြသလိုသူများအား (အခမဲ့) လာရောက်ပြသနိုင်ပါကြောင်း။

(မျက်စိဝေဒနာလာရောက်ပြသကြသူများတွင် ၆၀% မှာ အမှန်တကယ် ခွဲစိတ်ကုသဖို့လိုအပ်ပါသော်လည်း ငွေကြေးမတတ်နိုင်သဖြင့် လုံးဝပျက်စီးတော့မည့် အခြေနေတွင်ရောက်ရှိနေပါသည်၊ မည်သူမဆိုတတ်နိုင်သမျှ ကုသိုလ်ပါဝင်ကြပါရန် တိုက်တွန်းလိုက်ပါတယ်။)

နေရာ။ ။ ရတနာရာမကျောင်း

No 30, SS 2/72 PJ 47300 Selangor.


နေ့ရက်။ ။ ၂၄.၄.၂၀၁၁ (တနင်္ဂနွေ)

အချိန် ။ ။ နံနက် ၉ နာရီ ၁၂ နာရီထိ

ရတနာရာမကျောင်း ဆရာတော်

၀၁၆၆၂၆၄၆၄၂


Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။