Home » » မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဖိတ်ကြားလွှာ (မလေးရှား)

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဖိတ်ကြားလွှာ (မလေးရှား)

Written By မောင်စေတနာ on Wednesday, April 6, 2011 | 5:17:00 PM



မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကူချိုင်းလားမားဒေသရှိ မဟာစည်ခံညောင်ကန်အေး သာသနာ့ရိပ်သာကျောင်းတော်ကြီးတွင် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့( သင်္ကြန်အကြိုနေ့ ) မှ ဧပြီလ ၁၇ ( တနင်္ဂနွေနေ့ ) အထိ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီးကို ပုညဝုဎနအသင်းကြီးမှ ဦးစီးလျှက် ရိုးရာအစဉ်အလာ မပျက် ကျင်းပ မည်ဖြစ်ပါသည်။

စုပေါင်းဒုလ္လဘရဟန်း သီလရှင်ဝတ်ခြင်း ၊ အထူးအားဖြင့်နှစ်ဆန်း ( ၂ ) ရက်နေ့ဧပြီလ ( ၁၈ )ရက်နေ့တွင် အသက်အရွယ် ဂုဏ်သိက္ခာကြီးမားသောသူများအား ခြေသည်းလက်သည်းလှီးပေးခြင်း ၊ ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပေးခြင်းများနှင့် အတူ နှစ်သစ်ကူး ....

အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း ၊ မုန်ဖက်ထုပ် မုန့်လုံးရေပေါ် ရွေရင်အေး ၊ စသည့်စတုဒီသာ အလှူတော်များပြုခြင်း မလေးရှား နိုင်ငံဒေသ အသီးသီးရောက် ....

ဂီတချစ်သူမြန်မာ လူငယ်များဖြင့် ဖွဲ့စည်းထားအပ် သော ALL IN ONE ( AIO ) တီးဝိုင်းအဖွဲ့မှ နေ့လည် ( ၁၂ ) နာရီမှ စတင်၍ မြန်မာ့ရိုးရာသင်္ကြန်တေသီိချင်းများ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံခြင်းများ ပြုလုပ်မည်ဖြစ်ရာ မလေးရှားနိုင်ငံသို့ရောက်ရှိနေသော ရွှေမြန်မာများ အားလုံးကြွရောက် ပါဝင်ဆင်နွှဲကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူနိုင်ကြပါစေ။

ဆရာတော်နှင့်အကျိုးဆောင်ဝေယျာဝစ္စအဖွဲ့

ပုညဝုဎနအသင်းကြီး

ညောင်ကန်အေးသာသနာ့ရိပ်သာ

PH ; 014 , 6646 845


Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။