Home » » မလေးရှားမှာ သတိထားစရာ ....

မလေးရှားမှာ သတိထားစရာ ....

Written By မောင်စေတနာ on Wednesday, April 6, 2011 | 5:08:00 AM

မလေးရှားရောက် မြန်မာ့အလုပ်သမားများ မကြာခဏရင်ဆိုင်တွေ့ကြုံနေရသည့် ဖြစ်ရပ်များပါ။ မလေးရှား နိုင်ငံတွင် အလုပ်လာရောက် လုပ်ကိုင်နေသော နိုင်ငံခြားအလုပ်သမားမှာ မလေးရှားနိုင်ငံသားနီးပါးထိ အရေ အတွက်များပြားနေသည့် အတွက် ဒုစရိုက်မှုများမှာလည်း ပိုမိုများပြားလာသလို မလေးရှားအစိုးရအနေဖြင့် လည်း ထိရောက်သည့် ထိမ်းချုပ်မှုမျိုးမရှိပေ။

လမ်းပေါ်တွင် ပေါ်တင်လုယက်ခြင်း၊ အိမ်ခန်းများကို ၀င်ရောက် စီးနင်းခြင်း၊ လိုင်းကားပေါ်တွင် ခါးပိုက်နှိက်ခြင်း၊ အိမ်ပေါ်သို့တက်ခိုးခြင်း၊ အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်ပြီး ဓားမြတိုက်ခြင်း များကို သာမန်လူနေထိုင်ရာရပ်ကွက်များသာမက မြို့လယ်ခေါင် များမှာပါ ကျုးလွန်နေကြ သည်။ ယုယက် ဆိုးသွမ်း သောင်းကျမ်းနေသူများမှာ နိုင်ငံခြားမှလာရောက် အလုပ်လုပ်ကိုင်နေထိုင်သူ များနှင့် မလေးရှားနိုင်ငံသား ဆေးသမားများ ဖြစ်နေသည်။ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒတ်ခ်ျ၊ မြန်မာလူမျိုးအများ အပြား လာရောက် အလုပ်လုပ်ကိုင် နေထိုင်လျှက်ရှိသည်။

အများစုသော နိုင်ငံခြားသားအလုပ်သမားများမှာ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်သည်။ မြန်မာ အလုပ်သမားများ အနေဖြင့် တရားဝင်နေထိုင်သည် ဖြစ်စေ တရားမ၀င်နေထိုင်သည် ဖြစ်စေ သတိဝိရိယ အထူးထားသင့်သည်။ မလိုအပ်ပဲ အပြင် လျှောက်သွားခြင်းများ၊ အခန်းတံခါးများ ဖွင့်ထားခြင်းများကို လုံးဝရှောင်ရှားသင့်သည်။

Source by :http://www.edinooyin.com/profiles/blogs/4347155:BlogPost:865408
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။