လန်ဂန်း ထိန်းသိမ်းရေးစခန်း
ယမန်နေ့ ညနေပိုင်းက မလေးရှားနိုင်ငံ နကာရီ ဆန်ဘီလန်း ပြည်နယ်ရှိ လန်ဂန်း ထိန်းသိမ်းရေး စခန်းအား အဆိုပါ စခန်းတွင် ထိန်းသိမ်းခံနေရသော လူတစ်စုမှ မီးရှို့ခဲ့သဖြင့် ဒုက္ခသည်များ အပါအဝင် ထိန်းသိမ်းခံနေရသူ အများအပြား ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း သိရှိရသည်။
ထိန်းသိမ်းရေးစခန်းအား မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ မီးရှို့သည်ကို မည်သူတစ်ဦး တစ်ယောက်မျှ တိတိကျကျ မပြောဆိုနိုင်သေးပေ။
သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့်လည်း ထွက်ပြေးလွတ်မြောက်သွားသူများနှင့် မီးရှို့သူ များကို အပူတပြင်း လိုက်လံရှာဖွေ နေကြကြောင်း သတင်းရရှိသည်။
Source by :http://aarnewsid.wordpress.com/
0 comments:
Post a Comment