Home » » Folder တွေ ဖွင့်ရတာ ကြာနေရင် လုပ်ဆောင်ကြည့်ပါ။

Folder တွေ ဖွင့်ရတာ ကြာနေရင် လုပ်ဆောင်ကြည့်ပါ။

Written By အီလက်ထရောနစ် နည်းပညာ on Sunday, July 17, 2011 | 9:59:00 PM

WindowsXP မှာ Folder တွေ ဖွင့်တဲ့အခါ တစ်ခါတစ်လေ ကြာနေတတ်ပါတယ်။ မြန်ဆန်အောင် လုပ်တဲ့ နည်းလေးပဲ ပြောပြလိုက်ပါမယ်။ windowsXP သုံးနေတဲ့ သူငယ်ချင်းများ အဆင်ပြေ လွယ်ကူစေအောင်ပါ။

လုပ်နည်းလေးကတော့........

  • ၁။ My Computer ကိုဖွင့်လိုက်ပါ။
  • ၂။ Menu bar မှာပါတဲ့ Tools ကို clip နှိပ်လိုက်ပါ။
  • ၃။ Folder Option ကို Clip လိုက်ပါ။
  • ၄။ Folder Option ထဲက View Tab ကို ဝင်လိုက်ပါ။
  • ၅။ View ထဲက Automatically search for network folder and printers ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ ပြီးရင် Apply >> OK ပေါ့။
ဒါဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိ Folder လေးတွေ ဖွင့်တဲ့ အခါမှာ မြန်မြန်ဆန်ဆန် ပွင့်လာမှာတော့ သေချာ ပါတယ်။

နောက်တစ်နည်းကတော့....
  • ၁။ Run Box မှ Regedit လို့ ရိုက်ပြီး Registry ထဲရောက်အောင် သွားလိုက်ပါ။
  • ၂။ Registry ထဲ ရောက်ရင် HKEY_LOCAL_MACHINE>System>CurrentControlsSet>Control>Filesystem ထဲရောက်အောင် သွားလိုက်ပါ။
  • ၃။ Filesystem ကိုရောက်ရင် Right Clip ထောက်ပြီး New ကနေ DWORD Value အသစ်တစ်ခု တည်ဆောက်လိုက်ပါ။ မရှင်းရင် ပုံလေးတွေကို ကြည့်ပါ။
  • ၄။ ညာဘက်မှာ New Value ဆိုပြီး အသစ်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ New Value #1 နေရာမှာ NtfsDisableLastAccessUpdate လို့ အတိအကျ Rename ပေးလိုက်ပါ။
  • ၅။ Rename ပေးထားတဲ့ နေရာလေးကို Double Click နှိပ်လိုက်ရင် တန်ဖိုး သတ်မှတ်ဖို့ Box လေး တစ်ခု ထပ်ကျ လာပါလိမ့်မယ်။ Value ကို 0 ကနေ 1 လို့ ပြောင်းပြီး သတ်မှတ် ပေးလိုက်ပါ။ ပြီးရင် OK ပေါ့။

Share this article :

1 comments:

မိုးယံ said...

ဒီနည်းလေး မှတ်သွားတယ်ညီ... ကျေးဇူးပါ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။