Home » » ထိုင်းဝန်ကြီးချုပ်က အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ထုတ်ပြန်ကြေငြာ ....

ထိုင်းဝန်ကြီးချုပ်က အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ထုတ်ပြန်ကြေငြာ ....

Written By မောင်စေတနာ on Monday, December 6, 2010 | 6:57:00 AM


(ဖုတ်ဖရမြို့နယ်မှ မြန်မာစိုက်ပျိုးရေးလုပ်သားများအား JACBA မှ ထိုင်းအလုပ်သမားဥပဒေ ပညာပေးနေစဉ်)

(မဲဆောက်မြို့၊ တော့(ပ်)ဖောင်း အမျိုးသမီးအသုံးအဆောင်ထုတ်လုပ်ရေးစက်ရုံ
ဆန္ဒပြခဲ့စဉ်က ထိုင်းအာဏာပိုင်များနှင့် မြန်မာအလုပ်သမားများ)

.....................................................................................................................

အလုပ်သမားများ၏ လုပ်ခသတ်မှတ်ညှိနှိုင်းရေး ကော်မတီ(ခေါ်) သုံးပွင့်ဆိုင်ကော်မတီမှ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပေးရေးကို ထိုင်းနိုင်ငံဝန်ကြီးချုပ် `အဘီဆစ်ဝိဇ္ဇာဇီဝ´ထံ တင်ပြခဲ့ပါသည်။ ထိုကိစ္စအား ၀န်ကြီးချုပ်က ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။ ၀န်ကြီးအဖွဲ့အစည်းအဝေး၌ အလုပ်သမားများအတွက် Minimum Wage (ခေါ်) အနိမ့်ဆုံးလုပ်ခကို (၂၁၅)ဘတ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။



ဝန်ကြီးချုပ်၏ အစီအစဉ်အရ တစ်ပြည်လုံးရှိ အလုပ်သမားများအား တစ်နေ့လုပ်ခ (၂၅၀) ဘတ်အထိပေးရန် စီစဉ်ထားကြောင်း၊ လက်ရှိအခြေအနေ၌ ဘန်ကောက်တွင် (၂၀၆)ဘတ် ရရှိပြီး၊ တခြားသော ပြည်နယ်များမှာ ဒီထက်နိမ့်သောလုပ်ခများ ရနေကြသည်ကိုလည်း မိမိသိရှိပါကြောင်း၊ ထို့ကြောင့် အားလုံးညီမျှစေရန် လုပ်ခ (၂၁၅) ဘတ်ကို လတ်တလောအနေအထားအရ သတ်မှတ်ဆုံးဖြတ်ကြောင်း ပြောကြားသွားပါသည်။

သုံးပွင့်ဆိုင် အလုပ်သမားသမဂ္ဂခေါ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၏ တင်ပြတောင်းဆိုချက်ကို ၀န်ကြီးချုပ်က လိုက်လျောထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။ဝန်ကြီးချုပ်အနေဖြင့် ယခုလုပ်ခ (၂၁၅)ဘတ်မှာ ရေရှည်အမြဲ သွားမည့် လုပ်ခမဟုတ်ကြောင်း၊ ဒီထက်တိုးပေးဘို့ စီစဉ်ထားကြောင်း ၊သူစီစဉ်ထားသည့် တနေ့လုပ်ခ (၂၅၀)ဘတ်ကို လာမည့် ပီမိုင်ခေါ် New Year (နှစ်သစ်- ၂၅၅၄)ခုနှစ်မှာ ဖြစ်အောင်ဆောင်ရွက်သွားဖို့ သူ့အနေဖြင့် စီစဉ်ထားပါကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားပါသည်။

ဆက်လက်၍ ၀န်ကြီးချုပ်က အလုပ်ရှင်နှင့် အလုပ်သမားအားလုံး သွေးစည်းညီညွတ်ကြဖို့၊ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းပြီး၊ လူမှုဘ၀လုံခြုံရေးကို အဓိကဦးတည်လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောကြားသွားပါသည်။(Ref . ၁၊ ၁၂၊ ၂၀၁၀ နေ့ ထုတ် Bangkok post သတင်းစာ Economic ကဏ္ဍပါ သတင်းကို ထည့်သွင်းဖော်ပြပါသည်)

** စုစည်းဘာသာပြန်- မဟာဇော် (မကွေး) **

PM: Decision on minimum wage Dec 9
• Published: 1/12/2010 at 03:35 PM

• Online news: Economics
The tripartite Wage Committee is expected to decide on the new labour minimum wage on Dec 9, Prime Minister Abhisit Vejjajiva said on Wednesday.

The prime minister said this when told by reporters that the the Assembly of Labour Unions had expressed disappointment on learning that the minimum wage might turn out to be 215 baht per day.

Mr Abhisit had earlier said he wanted to see the minimum wage to go up to 250 baht per day throughout the country. The current minimum wage is 206 baht per day in Bangkok and slightly lower in the provinces.

The prime minister said the government had tried to work out the most suitable and fair minimum wage.

Since the minimum wage is set by the tri-partite Wage Committee, the government can only set down a policy that its representatives on the committee ensure there is a suitable increase. Other members represent the employers and employees.

"I have said that the increase in past years was too little, only 2-3 baht per day, and this year's increase should be more than that. This is not yet final, the decision is expected to be made on Dec 9," Mr Abhisit said.

He said the Wage Committee would also take for consideration social security benefits.
http://www.bangkokpost.com/news/local/209189/pm-decision-on-minimum-wage-dec-9

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။