Home » » စိတ် ကောင်း ရှိ ဖို့ ကူညီ တတ် ဖို့ ....

စိတ် ကောင်း ရှိ ဖို့ ကူညီ တတ် ဖို့ ....

Written By မောင်စေတနာ on Wednesday, October 13, 2010 | 8:41:00 PM



စိတ် ကောင်း ရှိ ဖို့ ကူ ညီ တတ် ဖို့ ....

လူအများနဲ့ အဆင်ပြေဖို့ရာ လူတိုင်းအပေါ်မှာ စေတနာထားတတ်ဖို့ စိတ်ကောင်းရှိဖို့ ဆိုတဲ့ စကားလေးတစ်ခွန်း အပါအ၀င်ပါ။ ဘာပဲလုပ်လုပ် စေတနာလေး စိတ်ကောင်းလေးနဲ့ ထားနိုင်အောင်ထားတတ်အောင် ကြိုးစား နေထိုင်တတ် ရမှာပါ။

လူများနဲ့ နေထိုင်တဲ့အခါလေးမှာ လူတိုင်းအပေါ်စိတ်ကောင်းလေး ထားပြီး ကူညီတတ်ဖို့လည်း လိုအပ်ပါတယ်။ သူတစ်ပါးကို ကိုယ်သိသလောက် တတ်နိုင်သလောက် ကူညီရမည်။ ပြောပြရမည်။ မိမိတတ်နိုင်သလောက်ကို ပြောတာပါ။

စိတ်ကောင်းလေးထားတယ် ကူညီတယ်ဆိုတာက ငွေနဲ့ကူညီမှ ကူညီရာ ရောက်တာ မဟုတ်ပါဘူး။ ကိုယ် သိသလောက် တတ်တာလေးတွေ ပြောပြ တာလည်း တစ်ဖက်လူကို ကူညီတာပါပဲ ။

...... နောက် ........

ကိုယ်က စေတနာတွေ အရမ်းကောင်းပြီး " အလွန့်အလွန် "လည်း ကူညီလို့မရဘူး.. ဘာလို့လဲဆိုတော့ " တန်ဆေးလွန်ဘေး " ဆိုတဲ့စကားလည်း ရှိပါတယ်။ ဒါကြောင့် ပုံမှန်လေး ကူညီတတ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် စေတနာနဲ့ ကူညီပေး တာတွေဟာ ဝေဒနာတွေ ဖြစ်ပြီး ကိုယ်တိုင်စိတ်ညစ်ရတာပဲ ....

ကျွန်တော်ရဲ့ ခံယူချက်ကတော့ဗျာ ကောင်းတာလုပ်လုပ်ဆိုးတာပဲ လုပ်လုပ်ပုံမှန် ပါပဲ။ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၅၀% ရာခိုင်နှုန်းပေါ့ဗျ တစ်ခုခုကို အစွန်းမရောက်တော့ဘူးပေါ့ ဒီလိုပဲဖြစ်သင့်ပါတယ်။

စကားပုံတောင်ရှိတယ်နော် ... " စေတနာသည် လူတိုင်းနဲ့မတန်ပါ " တဲ့ တကယ်တော့ မတန်လို့ မဟုတ်ပါဘူး စေတနာဆိုတာ လူတိုင်းနဲ့တန်ပါတယ် လူတိုင်းနဲ့ ထိုက် တန်တဲ့ စေတနာမျိုးသာ ထားတတ်ဖို့ လိုအပ်တာပါ။

လူတိုင်းအပေါ် ဘယ်လိုမျိုး ကူညီရမလဲ ဆိုတာကတော့ လူတစ်ယောက် အပေါ်မှာ အများကြီး မထားရင်တောင် " စေတနာလေး ပုံမှန်လေးထားပြီး အလွန့်အလွန် " မဟုတ်ပဲ " ကူညီတတ်သူ တစ်ယောက် " ဖြစ်အောင် ကြိုးစားရမှာပါ။

စိတ်ကောင်းထားတယ် ကူညီတယ်ဆိုတာ လူတစ်ယောက်မှာ ရှိသင့်တဲ့ ကောင်းတဲ့ အချက်လေးပါပဲ။ သူတစ်ပါးအပေါ်မှာ ကူညီတတ်ပြီး တတ်နိုင်သလောက် စေတနာလေးနဲ့ စိတ်ကောင်းလေးထားနိုင်မယ် ဆိုရင်တော့ " နော်နော် "သီချင်းလိုပေါ့ သိတယ်မဟုတ်လား ...

" အ တိုင်း ထက် အလွန် ပဲ " လေ .....

ကဲဗျာ ... ဆက် တွေး ကြ ရ အောင် ... ? ? ?

စေတနာ ကောင်းပြီး ကံကောင်း ကြပါစေ။



Share this article :

5 comments:

မင်းမင်း said...

ကိုယ်က စေတနာတွေ အရမ်းကောင်းပြီး " အလွန့်အလွန် "လည်း ကူညီလို့မရဘူး..
ဘာလို့လဲဆိုတော့ " တန်ဆေးလွန်ဘေး " ဆိုတဲ့စကားလည်း ရှိတယ်နော် ...
ဒါကြောင့် ပုံမှန်လေး ကူညီတတ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် စေတနာနဲ့ ကူညီပေး
တာတွေဟာ ဝေဒနာတွေ ဖြစ်ပြီး ကိုယ်တိုင်စိတ်ညစ်ရတာပဲ ....

ဒီစာလေးက ကျွန်တော်ရဲ့ ကိုယ်တွေ့ပါပဲဗျာ..
အခုဆို ကူညီရမှာတောင် ကြောက်လာတယ်ဗျ
အခုဆို ဆင်ချင်လို့ရတယ်ဗျာ.. ကျေးဇူးနော် ..

ခင်မင်စွာဖြင့်
မင်းမင်း

Angelhlaing(May everybody be happy and healthy! said...

အရမ်းကောင်းတဲ့ စာလေးပါပဲ မောင်လေးရေ
အခုလိုစာလေးတွေ နောက်ထပ်လဲေ၇းပါအုံးလို့
အားပေးနေမယ်နော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

KMC said...

http://chinmg.blogspot.com/2011/08/blog-post_18.html ဒီလင့်လေးကတော့တန်ဆေးလွန်တော့ဘေးဖြစ်သွားခဲ့ရတဲ့ ကျနော့်ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ညီလေးနေဇော်လင်းရေးထားတာသဘာဝကျလွန်းလို့ မှတ်သားသွားပါပြီညီလေးရေ..။ ပျော်ရွှင်နိုင်ပါစေနော်။

စိုင်းလင်းထက် said...

ကိုလေးရေ..ကိုလေးရေးတာတွေဖတ်ရတော့ ညီလေးဦးနှောက်ဆေးလိုက်သလိုလန်းသွားတာပဲဗျာ...
ဟုတ်ပါတယ် လူတိုင်းကိုလဲစေတနာမထားသင့်ဘူး ...လူစိတ်ဆိုတာမြင်ရတဲ့အရာဝထ္တုမျိုးမှမဟုတ်တာ နာရီစက္ကန့်နဲ့အတူပြောင်းလဲနေတက်တဲ့အရာပဲလေ...ညီလေးနားလည်ပါတယ်ကိုလေး ညီလေးက ကိုလေးတို့လောက်လူတွေအကြောင်းမသိသေးတော့ ညီလေးကူညီတာတွေက ကိုယ့်အတွက်ဝေဒနာဖြစ်ရတာများပါတယ် ကိုလေးရာ
အားပေးပြီးဖတ်သွားပါတယ်ကိုလေး နောက်လဲရေးပြီး ညီလေးဆီကိုပို့ပေးနော် ဖတ်မယ်ဗျာ စာ....

♫♪★လွမ်းပိုင်ရှင်★♪♫ said...

သူချင်းမင်းစေတနာတွေနဲ့ လောကကိုအလှဆင်နိုင်ပါစေကွာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။