Home » » New Zero Art Space တွင် ဓာတ်ပုံပညာနှင့် ပတ်သက်သော သင်တန်း အခမဲ့ပို့ချပေးလျက်ရှိ

New Zero Art Space တွင် ဓာတ်ပုံပညာနှင့် ပတ်သက်သော သင်တန်း အခမဲ့ပို့ချပေးလျက်ရှိ

Written By မောင်စေတနာ on Friday, September 24, 2010 | 1:44:00 PM



New Zero Art Space တွင် ဓာတ်ပုံပညာနှင့် ပတ်သက်သော သင်တန်းကို အခမဲ့ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါသင်တန်းအား သုံးလ ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပြီး ပထမအကြိမ်သင်တန်းကို စက်တင်ဘာလ ၃ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

"New Media Art အပြောင်း အလဲတွေဖြစ်လာတဲ့အခါမှာ ဓာတ်ပုံ နဲ့ ပတ်သက်ပြီးတင်ပြတဲ့ Art Work တွေ အများကြီးပါဝင်လာပါတယ်။ ကျွန်တော်တို့ Art Space က New media တွေကို အဓိကတိုးတက် အောင် လုပ်ဆောင်တဲ့အတွက် ကျွန်တော်တို့ ကျောင်းဆင်းလူငယ်တွေ အနေနဲ့ လိုအပ်တယ်လို့ယူဆလို့ ဒီသင်တန်းကို ထပ်မံဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။ ပန်းချီအနုပညာရှင်မှ မဟုတ်ဘဲ မည်သူမဆို လာရောက် တက်လို့ရပါတယ်။ နောက်ပိုင်းမှာလည်း ဆက်လက်ပြီး ဖွင့်လှစ်မှာဖြစ်တဲ့အတွက် စာရင်းပေးတက်ရောက် နိုင်ပါတယ်"ဟု New Zero မှ ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့သည်။


ယခုသင်ကြားလျက်ရှိသော သင်တန်းတွင် ဓာတ်ပုံအခြေခံ အကြောင်းအရာများကို ဓာတ်ပုံမျိုးမြင့်ဆွေ၊ ကိုမျိုး၊ ကိုဖေမြင့်ဦးနှင့် စိုးဝင်းငြိမ်းတို့က အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ ၄ နာရီမှ ၆ နာရီအထိ သင်ကြား ပေးလျက်ရှိကြောင်း သိရှိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။