Home » » တရားမ၀င် အမိန့်ထုတ်စာ မြန်မာ အလုပ်သမားများ နေအိမ်ခန်းများတွင် ကပ်ထား

တရားမ၀င် အမိန့်ထုတ်စာ မြန်မာ အလုပ်သမားများ နေအိမ်ခန်းများတွင် ကပ်ထား

Written By မောင်စေတနာ on Thursday, September 23, 2010 | 1:04:00 PM


(စက်တင်ဘာ ၂၂၊၂၀၁၀)

ထိုင်းနိုင်ငံတောင်ပိုင်း၊ကူရပူရီ မြို့နယ်၊ နန်ယွန်ရလား(နံယောင်)နယ်မြေအတွင်း ရှိ
မြန်မာအလုပ်သမား များနေထိုင်ရာ အိမ်ခန်းများတွင်မြန်မာများ ညမထွက်ရ အမိန့်
့နှင့်မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြုကြောင်း တရားမ၀င်ထုတ်ပြန် ကြေညာချက်
စာရွက်များ ကပ်ထားကြောင်း သိရှိရသည်။

အဆိုပါ စာတွင်(၁)၊မြန်မာ အလုပ်သမားများအနေဖြင့် ညနေ ၉နာရီမှ နံနက်၅နာရီ
အတွင်းအပြင်သို့ ထွက်ခွင့်မပြု။ (၂) အလုပ်သမားများဘတ်ရှိရမည်ဖြစ်ပြီး ၊ အလုပ်
လုပ်သည့်နေရာနှင့်မိမိဘတ်တို့ တစ် ထပ်တည်းဖြစ်ရမည်။

စစ်ဆေးလျှင်ပြသနိုင်ရန်ကိုယ်နှင့်မကွာအမြဲတမ်းထားရှိရမည်။ (၃)ဘတ်ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ၊သူဌေးပိုင်ဆိုင်သောယာဉ်များကိုစီးနင်းခွင့်မပြု။ သူဌေးအနေဖြင့်လည်း
မိမိအလုပ်သမားအားယာဉ်စီနင်းခွင့်မပြုရ။



အကယ်၍ တွေ့ရှိပါက အပြစ်ပေး အရေးယူခြင်းခံရမည်။
စက်တင်ဘာ(၇)ရက်နေ့ မှစတင်၍ကြပ်မတ်ဆောင်ရွက်သွားမည်။
(အသိပေးသူ- ပုလိပ်) ဟူ၍ရေးသားထားသည်။

နေအိမ်ခန်းတွင်စာကပ်ခြင်းခံထားရပြီးစိုးရိမ်နေသော မြန်မာအလုပ်သမားဒေါ်…..က
“ကျမကတော့ ဆိုင်ကယ်သမားတွေကပုလိပ်ကို တိုင်တဲ့အတွက် ပုလိပ်တွေက စာကပ်
ထားတာဖြစ်တယ်။

မြန်မာအလုပ် သမားတွေ ဆိုင်ကယ်စီးလာကြတယ်၊သူဌေးခိုင်း တာလည်းရှိတာပေါ့၊ဆိုတော
့ဆိုင်ကယ်သမားတွေဝင် ငွေနည်းလာတယ်လေ။အဓိကကတော့ မြန်မာအလုပ်သမားတွေ ကို
နှိပ်ကွပ်တဲ့သဘောပါပဲ”ဟုပြောဆိုသည်။

ယခင်လပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် မြန်မာအလုပ်သမား ဆိုင်ကယ်စီး
သည့်အရေတွက်တိုးပွားလာခဲ့သဖြင့် အငှါးဆိုင် ကယ်ပြေးဆွဲ သူများကမြို့နယ်အာဏာ ပိုင်
ရုံတွင် ဆန္ဒပြခဲ့ကြသည်။

ဒေသခံ အငှါးဆိုင်ကယ်သမားများ ကန့် ကွက်ထားမှုကြောင့် ရနောင်းမြို့တွင်မြန်မာအလုပ်
သမား များအား ယာဉ်မောင်လိုင်စဉ်ထုတ်ပေးသည့်လုပ်ငန်းကိုရပ်တန့် ထားခဲ့သည့်မှာ တစ်လ
ကျော်ကြာခဲ့ပြီးဖြစ်သည်။

ဖန်ငအခြေစိုက် FED အဖွဲ့ဒါရိုက်တာ ဦးထူးချစ်က“ဒီကြေညာချက်ကိုထိုင်းအာဏာ
ပိုင်တွေက တကယ်ထုတ်ပြန်ရိုးမှန်ရင်တော့ ရွေ့ ပြောင်း အလုပ်သမားတွေရဲ့ အခြေခံအခွင့်
အရေးကိုချိုးဖေါက်တာဖြစ်တယ်၊နောက်ဆိုးကျိုးတွေဖြစ်လာမှာက ဒီကြေညာချက်ကို အခွင့်
ကောင်းယူပြီး တော့ ဒေသခံထိုင်းလူမျိုးတွေက မြန်မာအလုပ်သမားတွေအပြင်ကိုထွက်လာရင်
အနိုင်ကျင့်ဗိုလ်ကျတာတွေ စော်ကားတာတွေကိုတရားဝင်ဖြစ်အောင်လုပ်ပေးသလိုဖြစ်လာမှာပေါ့
ဒါမျိုးကမဖြစ်သင့်တဲ့ကိစ္စပါ”ဟုပြောသည်။

ထိုင်းနိုင်ငံတနံတလျား၌ လုပ်ငန်းခွင်အသီသီးတွက်သန်းချီသောမြန်မာ အလုပ်သမားများအလုပ်
လုပ်ကိုင်လျှက်ရှိကြရာတွင် နေထိုင်အလုပ်လုပ် ကိုင်ခွင့်စာရွက်စာတမ်းမပြည်စုံခြင်းများကြောင့်
မြန်မာရွေ့ ပြောင်းအလုပ်သမားများမှာ ထိုင်းရဲများ ထိုင်းလုပ်ငန်းရှင်များနှင့် ထိုင်း လူမျိုးလေ့လွင့်
လူငယ်များ၏အနိုင်အထက် ပြုမူခြင်းအမျိုးမျိုးတို့ ကို အချိန်ကာလအတန်ကြာခံစားခဲ့ကြပြီးဖြစ်သည်။

ထို့ ကြောင့်လည်း၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)အပြင် ယာယီပတ်စပို့ တို့ အားလည်း ငွေအများ
အပြားအကုန်အကျခံလုပ်ကိုင်နေကြဆဲဖြစ်သည်။ သို့ ရာတွင် ထိုင်းလူမျိုးတို့ က မြန်မာရွေ့ ပြောင်း
အလုပ်သမားများအားဖိနှိပ် ဆက်ဆံလိုကြဆဲဖြစ်ကြောင်း(နံယောင်)အခြေစိုက်မြန်မာကျောင်း ဆရာမ
တစ်ဦးက ထောက်ပြ ပြောဆိုသွားသည်။

သတင်း
ကိုကျော်သောင်း(ဘန်ကောက်)
http://jacbaburma.blogspot.com/

Share this article :

1 comments:

Unknown said...

ဒါတပ်တပ် စော်ကားတာ
မြန်မာတွေကိုနှိပ်ကွပ်တာ
ပြန်ပြီချရမှာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။