Home » » စင်ကာပူ တီမားဆက် ပေါ်လီ ပထမနှစ် သင်တန်းတက်ရန် လျှောက်လွှာ စတင်ခေါ်ယူ

စင်ကာပူ တီမားဆက် ပေါ်လီ ပထမနှစ် သင်တန်းတက်ရန် လျှောက်လွှာ စတင်ခေါ်ယူ

Written By မောင်စေတနာ on Tuesday, September 21, 2010 | 6:13:00 PM

http://www.news-eleven.com/

စင်ကာပူနိုင်ငံ တီမားဆက်ပေါ် လီတက္ကနစ်ကျောင်း၏ ပထမနှစ် သင်တန်းတက်ရန် တရားဝင်ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော MS Education မှသင်တန်းတက်ရန် စိတ်ပါဝင်စားသူများအား လျှောက်လွှာစတင် ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းမှာ စင်ကာပူ တီမားဆက် ပေါ်လီတက်ကနစ်ကျောင်း၏ တိုက်ရိုက်ဝင်ခွင့်သဘောဖြင့် စီးပွားရေးဘာသာရပ် သင်ယူနိုင်ပြီး နှစ်စဉ် မတ်လပထမပတ်မှ စတင် တက်ရောက်ရသည်ဟု သိရသည်။

စင်ကာပူ တီမားဆက်ပေါ်လီ ကျောင်း၏တိုက်ရိုက်ပို့ချသည့် သင်တန်းဖြစ်ခြင်းကြောင့် တက်ရောက်မည့်သူများသည် အင်္ဂလိပ်စာ အရည်အချင်းစစ်အမှတ် IELTS 5.5 သို့မဟုတ် တက္ကသိုလ်ဝင်တန်းအောင် ပျှမ်းမျှအမှတ် ၆၀ ရာခိုင်နှုန်းရရှိထားရန် လိုအပ်သည်ဟု AMS မှ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

စီးပွားရေးဘာသာရပ်မှာ စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ၊ အသုံးချသိပ္ပံ ဘာသာရပ်များထက် ၀င်ခွင့်သတ်မှတ်ချက်ပို၍ မြင့်မားသည်ဟု သိရှိရပါသည်။


မရှိတော့ဘူး ... ကုန်ပြီနော် ...
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။