Home » » သွား လာ တတ် ဖို့ ....

သွား လာ တတ် ဖို့ ....

Written By မောင်စေတနာ on Wednesday, September 22, 2010 | 9:06:00 PM



သွား လာ တတ် ဖို့ ....

စီးပွားရေး ကိစ္စတွင် ဖြစ်စေ တစ်ခြားကိစ္စတွင် ဖြစ်စေ သွားလာတတ်ဖို့
လည်းလိုအပ်ပါသည်။တစ်ခုခု သွားတော့မယ် ဆိုရင် အချိန် နေရာ ကို
ရွှေးပြီး ၊ ကြည့်ပြီး သွားလာ တတ်ရပါမည်။

ခရီးဆိုတာက အနည်းနဲ့ အများတော့ သွားလာရတာပါပဲ။
မသွားလို့ မရပါဘူး ဒါကြောင့် သွားလာတဲ့ အချိန်မှာ မိမိဘက်က သွား
လာမှု အဆင်ပြေအောင် အခြေအနေ နဲ့အချိန်အခါကို ကြည့်ပြီးသွားလာ
တတ်ရမည်။ဒါဆိုရင် သွားလာတဲ့ အချိန်တိုင်းမှာ အဆင်ပြေမှာပါ။

အခုလို ပြည်ပကိုရောက် မြန်မာတွေအတွက် ပို၍ အရေးကြီးပါတယ်။
ဂရုစိုက်ရမှာပါ။ သွားလာတဲ့ အချိန်မှာ လူတိုင်းဟာ အခက်အခဲ ရှိစမြဲပါပဲ။
အနည်းနဲ့ အများသာ ကွာတာပါ။ကိုယ်သွားမဲ့ နေရာကိုကြည့်ပြီးတော့
သွားလာဖို့ အဆင်ပြေ မပြေကြည့်ရမှာပါ။



မိမိရဲ့ စိတ်ကို အလိုလိုက်ပြီး မသွားသင့်ပဲ သွားလို့ အခက်အခဲဖြစ်
ဒုက္ခရောက် သွားကြတဲ့ လူတွေအများကြီးပါ။

အခုလို အဝေးရောက်နေကြသော လူတွေအတွက်က သွားလာတတ်ဖို့
အတွက် အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။လူတစ်ယောက်ဟာ အဖက်ဖက်
က အဆင်ပြေချင်တယ်ဆိုရင် ပြောတတ်ဆိုတတ် နေထိုင်တတ် သွားလာ
တတ် ပေါင်းသင်းတတ်ဖို့ ဆိုတဲ့ လိုအပ်ချက်တွေ လူတိုင်း ရှိနေကြတာပါ။

ဒါကြောင့် ဘာပဲလုပ်လုပ် သေချာလေး စဉ်းစားဆုံးဖြတ် သွားလာ တတ်ဖို့
လိုအပ်ပါတယ်။ ဒီလိုဆိုရင် မိမိသွားလာ လုပ်ဆောင် နေတဲ့ အရာရာအားလုံး
ပိုပြီး အဆင်ပြေမှာပါ။အသေးဖွဲ့ဟူသည် မရှိပဲ အလေးအနက် ထား၍ စဉ်းစား
သွားလာသင့် ပါတယ် လို့ ... ကျွန်တော်ရဲ့ အမြင်လေးကို မျှဝေ ပါရစေဗျာ ....

ပေါ့ဆလို့ မရဘူးနော် ...

အဆင်ပြေတဲ့ သွားလာခြင်းမျိုးနဲ့ သွားလာ တတ်ကြပါစေ ... .

ကဲ ... ကျန်တဲ့ အပိုင်းလေးကို စာဖတ်သူ မိတ်ဆွေများ ဆက်တွေးကြနော်....

စာဖတ်သူ မိတ်ဆွေများကို လေးစားလျှက်

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။