Home » » မျက်စိအားကောင်း စေချင်သူများ အတွက် လိုက်နာရန် ၂

မျက်စိအားကောင်း စေချင်သူများ အတွက် လိုက်နာရန် ၂

Written By မောင်စေတနာ on Thursday, August 12, 2010 | 6:58:00 PM



ကွန်ပျူတာရှေ့မှာ အချိန်ပြည့် ထိုင်ပြီး အလုပ်လုပ်နေတဲ့ သူတွေအတွက် အသုံးဝင်မှာပါ။

၁။ ငါးများများစားပေးပါ။ ငါးများမှာမျက်ခုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့
omega-3 fatty acid များစွာပါဝင်တယ်။ငါးမကြိုက်သူများငါကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။

၂။ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင်ပိုကောင်းတယ်။ရေထဲကကလိုရင်းဓါတ်တွေကို အကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို့၊စက်ပြင်ဆရာတို့ဆိုရင်လည်းအကာအကွယ်မျက်မှန်
တပ်ဆင်သင့်ပါတယ်။မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို့ ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

၃။ ကားမောင်းစဉ် ခေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက်လောက်အထိကိုချိန်ထားပါ။မျက်နှာတည့်တည့်ထားရင်လေအေးပေးစက်ကထွက်
လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတက်တယ်။ဒါကြောင့်
ခြေထောက်လောက်ကိုစိုက်ထားပါ။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာ
ပျက်စီးတက်ရုံမက ကြာရင်မျက်စိ ပါကွယ်သွားနိုင်ပါတယ်။

၎။ ဟင်းချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိ
ိတိမ်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို့ပါ။


၅။ အိမ်အပြင်နေကူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ် ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

၆။ ညစာစားတဲ့အခါ စိမ်းစာဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။

၇။ ညအိပ်ရာမဝင်ခင် မျက်စိတစ်ဝိုက်နားက မိတ်ကပ်တွေဖယ်ရှားပေးပါ။ မိတ်ကပ်အပိုင်းအစ
ကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။

၈။ သန့်ရှင်းတဲ့မျန်နှာသူတ်ပုဝါကို သုံးပါ။ အခြားသူတွေသုံးတဲ့မျက်နှသူတိပုဝါကို မသုံးပါနဲ့။
conjunctivitus လို.ခေါ်တဲ့ကူးစက်မြန်မျက်စိရောဂါဖြစ်စေတယ်။

၉။ စာဖတ်စာကျက်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင် မိနစ် သုံးဆယ်ပြည့်တိုင်း စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို စက္ကန့်သုံးဆယ်လောက်ကြည့်သင့်တယ်။ (နာရီသံပတ်ပေးပြီးနှိုးဆော်ပါ)

၁၀။ တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်းသင့်တယ်။သွေးပေါင်ချိန်မြင့်ရင် မျန်စိထဲက သွေးကြောတွေကို ဒုက္ခပေးနိုင်တယ်။

၁၁။ စပယ်အနံ့ပါတဲ့ ရေမွှေးကို သုံးပေးရင်မျက်စိအားကောင်းတယ်။ စပယ်ပန်းရနံ့ဟာ ဦးနှောက်ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီးနိုးကြားထက်မြက်မှုနဲ.မျက်စိအားကောင်းခြင်းတို့ကို ဖြစ်စေတယ်။

၁၂။ ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကိုသုံးပါ။ အရောင်သွေဖယ်မှုနည်းတယ်။ ယာဉ်ကောင်တဲ့ အခါပိုအရေးကြီးတယ်။

၁၃။ အငန်လျှော့စားသင့်တယ်။ အငန်ဓါတ်များရင်မျက်စိမှာတိမ်ဖြစ်ဖို့ အခြေအနေပိုပေးတက်တယ်။ ဆားလျှော့စားပါ။

http://forverfriends.ning.com မှပေးပို့ပါသည်။

ဆက်ဖတ်ချင်ရင် ရှိသေးတယ် ဒီမှာနော်

သင့်မျက်လုံး ကိုသနားလျှင် ဂရုစိုက်ဖို့ လိုအပ်နေပြီ။
Share this article :

1 comments:

naylinnhtun said...

ကျေးဇူးပဲကိုနေဇော်လင်းရေ စံပယ်ပန်းက မျက်လုံးအတွက်အကြိုးတော်တော်ပြုတာ သတိထားမိပြီဗျ ကျွန်တော် အခုပဲ စံပယ် ၃ ပွင့်သွားခူးပြီး ရေသန့် ဗူးလေးထဲမှာ ရေနည်းနည်းလေးထည့်ပြီးစိမ်ထားလိုက်တယ် ပြီးရင်အဲ့ဒီစံပယ်စိမ်ရေခပ်မလို့ လေ စံပယ်စိမ်ရေခပ်ရင်မျက်စိမှာ မျက်သားတတ်ပြီးမျက်လုံးဝေဝါးတာတွေပျောက်စေတယ်လို့ လည်းကြားဖူးလို့  အဲ့ဒါအခုသတိရပြီး စလုပ်ကြည့်ပြီဗျို့  ကျေးဇူးအထူး ကိုနေဇော်လင်းရေ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။