Home » » အမျိုးသမီးအဆိုတော် ၇ ဦး၏ 7 Golden Girls စင်တင်ပွဲ ကျင်းပ

အမျိုးသမီးအဆိုတော် ၇ ဦး၏ 7 Golden Girls စင်တင်ပွဲ ကျင်းပ

Written By မောင်စေတနာ on Wednesday, August 25, 2010 | 1:54:00 PM



ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် သြဂုတ် ၂၁ ရက်နေ့က ကျင်းပခဲ့သည့်7 Golden Girls စင်တင်ပွဲ၌
နန်းဆုရတီစိုးနှင့် ဖြူဖြူကျော်သိန်းတို့၏ တင်ဆက်ပုံကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)


သျှင်ဒီစံ
Wednesday, August 25, 2010
အမျိုးသမီး အဆိုတော် ၇ ဦး၏ 7 Golden Girls ဖျော်ဖြေပွဲကို သြဂုတ် ၂၁ ရက်နေ့ ညနေက ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် တင်ဆက် ခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် Lazy Club တေးဂီတဝိုင်း၏ တီးခတ်မှုနှင့် အတူ ထွန်းအိန္ဒြာဗို၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ နန်းဆုရတီစိုး၊ စန္ဒီမြင့်လွင်၊ N ကိုင်ရာနှင့် အေသင်ချိုဆွေတို့က အပိုင်း ၃ ပိုင်း ခွဲကာ တင်ဆက်ခဲ့သည်။

ပထမပိုင်းတွင် အဆိုတော် တဦးချင်းစီက Lazy Club ၏ ရော့ခ်သံစဉ် များနှင့်အတူ ၎င်းတို့ စိတ်ကြိုက် တေးသီချင်းများကို သီဆိုသွားပြီး ဒုတိယပိုင်းတွင် Lazy Club ၏ Unplug တီးခတ်မှုနှင့် သီဆိုကြသည်။




ထွန်းအိန္ဒြာဗိုမှာ ဆေးရုံမှ ဆင်းခါစဖြစ်သဖြင့် ၎င်း၏ ကျန်းမာရေး အခြေ အနေအရ ပထမပိုင်း တပိုင်းတွင်သာ ပါဝင်သီဆို နိုင်ခဲ့ကြောင်း သိရသည်။

“ကျမ ဒီပွဲမတိုင်ခင်က အအေးမိပြီး ဆေးရုံ တက်နေရတယ်။ အခု ဒီပွဲကိုဆိုဖို့ အတွက် မနေ့ကပဲ ဆေးရုံက ဆင်းလာတာ။ ဘာကြောင့်လဲ ဆိုတော့ ကျမရဲ့ အနုပညာကို တသက်လုံး အားပေးလာတဲ့ ပရိသတ်ကြီး အတွက် သံယောဇဉ်နဲ့ ချစ်ခင်မှုတွေ ပေါင်းပြီး ဒီပွဲကို အားတင်းလာခဲ့တာပါ” ဟု အကယ်ဒမီ မင်းသမီးတဦးလည်း ဖြစ်သည့် ထွန်းအိန္ဒြာဗိုက ပြောသည်။

တတိယပိုင်းတွင် စန္ဒီမြင့်လွင်နှင့် အေသင်ချိုဆွေတို့ကCD ဖွင့်ကာ သီဆိုခဲ့ကြပြီး ဖြူဖြူကျော်သိန်းက Lazy Club ၏ တီးခတ်မှုနှင့်အတူ နောက်ဆုံးပိတ် ဖျော်ဖြေခဲ့ပြီး အစီအစဉ်ကို ည ၁၁ နာရီခန့်တွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါပွဲတွင် ပါဝင် ခဲ့သော ဖြူဖြူကျော်သိန်းက ပရိသတ်နှင့် တိုက်ရိုက် မထိတွေ့ဖြစ်သည်မှာ ကြာပြီဖြစ်ကြောင်း၊ မိုးတွင်းကာလကြောင့် စင်တင်ပွဲများ ရှားပါးရခြင်းအပြင် ၎င်းအနေနှင့်လည်း နိုင်ငံခြား ခရီးစဉ် များနေသောကြောင့် ပရိသတ်နှင့် မထိတွေ့ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပရိသတ်နှင့် ပြန်လည် ဆုံတွေ့ခွင့်ရသောကြောင့် ဝမ်းသာကြောင်း ပြောသည်။

“လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစုတစည်းတည်း ဖျော်ဖြေရတဲ့အတွက် ဂုဏ်ယူတယ်။ အားလုံးကလည်း ခပ်မိုက်မိုက်နဲ့အလန်းတွေချည်းပဲဆိုတော့ အခုပွဲက ပျော်ဖို့ကောင်းတယ်” ဟု ဖြူဖြူကျော်သိန်းက ဆိုသည်။

ထွန်းအိန္ဒြာဗိုကလည်း အောင်မြင်နေသည့် အနုပညာ ညီအစ်မများနှင့် အတူ သီဆိုခွင့်ရသောကြောင့် ပျော်ရွှင်ရသည့်အပြင် အားလည်း ရှိသွားကြောင်း ပြောသည်။

ဆက်လက်၍ သူက “ဒီလိုပွဲမျိုးတွေကို မကြာမကြာ လုပ်သင့်ပါတယ်။ ကျမလိုပဲ တခြား အောင်မြင်တဲ့ အမျိုးသမီးအနုပညာရှင်တွေလည်း အများကြီး ရှိပါသေးတယ်။ ဒီပွဲကတော့ ၂၀၁၀ ရဲ့ အမှတ်တရ ပွဲပါပဲ” ဟု ဆိုသည်။

http://www.irrawaddy.org/
Share this article :

1 comments:

ကိုဇော် said...

မိုက်ချက်..............

မြင်ရင် နရင်းအုပ်ချင် မိမှာပဲ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။