Home » » စက်ဖြင့် ဖတ်ရှုနိုင်သော မြန်မာနိုင်ငံကူးလက်မှတ် အသစ် ( MRP ) နှင့် ပက်သက်၍ သိသင့်သော အချက်များ

စက်ဖြင့် ဖတ်ရှုနိုင်သော မြန်မာနိုင်ငံကူးလက်မှတ် အသစ် ( MRP ) နှင့် ပက်သက်၍ သိသင့်သော အချက်များ

Written By မောင်စေတနာ on Monday, July 26, 2010 | 8:21:00 PM


photo; www.weeklyeleven.com

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ စက်ဖြင့် ဖတ်ရှုနိုင်သော မြန်မာနိုင်ငံကူးလက်မှတ်
အသစ်( MRP ) ထုပ်ပေးခြင်း ပတ်စပို့စာအုပ်အဟောင်း စာအုပ်များကို စာအုပ်အသစ် ( MRP ) နှင့်
လဲထုပ်ပေးခြင်း လုပ်ငန်းများကိုနေ့ချင်းအပြီး ဆောင်ရွက်ပေးနေကြောင်း နေ့စဉ် လူဦးရေ ၁၀၀ မှ
၁၃၀ ဦးအထိ လာရောက်၍ပတ်စပို့အသစ် ( MRP ) လာရောက်ထုပ်ယူကြောင်း သိရှိရပါသည်။
စက်၏အမြန်နှုန်းအရ လာရောက်လျှောက်ထားသူ ၁၃၀ ခန့်ကို နေ့ချင်းအပြီး ပတ်စပို့ အသစ်များ
ရရှိစေရန် ဝန်ထန်းများမှာ ရုံးချိန်ကျော်လွန်၍ ညဘက်အထိ စေတနာဖြင့် ဆောင်ရွက်ပေးနေ
ကြောင်းတွေ့ရှိရပါသည်။

နိုင်ငံကူးလက်မှတ် အဟောင်းများကို အသစ် ( MRP ) နှင့်လဲပေးခြင်း နိုင်ငံကူး လက်မှတ် စာအုပ်
ပျောက်ဆုံးသွားသူများ စာအုပ်အသစ် ( MRP ) ကိုလျှောက်၍ထုတ်ယူနိုင်ခြင်း မွေးကင်းစ ကလေး
မှစ၍ ကလေးငယ်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်အစား ၃ နှစ်သက်တမ်း
ရှိ စက်ဖြင့် ဖတ်ရှုနိုင်သော နိုင်ငံကူးလက်မှတ်ကိုသာ ထုပ်ပေးခြင်း ယခင်က မိခင် ဖခင်တို့၏ နိုင်ငံ
ကူးလက်မှတ် စာအုပ်အတွင်း တွဲလျက်ပါနေသော ကလေးငယ်များအား သီးခြားနိုင်ငံကူးလက်မှတ်
များထုပ်ပေးရန် ကာယာကံရှင်များ လျှောက်ထားလာပါက သီးခြားနိုင်ငံကူးလက်မှတ်အသစ် ထုပ်
ပေးခြင်းများကို ၁.၇.၂၀၁၀ နေ့မှစ၍ လုပ်ဆောင်နေကြောင်း သိရှိရသည်။


နိုင်ငံကူးလက်မှတ် အဖိုးအခမှာ ၃၅၀ ရင်းဂစ် စာအုပ်အဟောင်းကို စက်ဖြင့်ဖတ်နိုင်သော
စာအုပ်သစ်( MRP ) နှင့်အသစ်လဲထုပ်လျှင် စာအုပ်ခ ၃၅၀ ရင်းဂစ်နှင့် နှစ် အပိုင်းအခြားရ မိမိပေးဆောင်ရမည့်ဝင်ငွေခွန် ၂ ရပ်ပေါင်းကုန်ကျမည်။ ဥပမာ - မိမိသည် စာအုပ်သစ်လဲ
နေချိန်တွင် အခွန်ပေးဆောင်ရန်၂ နှစ်ကျန်နေသေးသည် ဆိုပါစို့ အထွေထွေ လုပ်သားဖြစ်လျှင်
စာအုပ်ဖိုး ၃၅၀ ရင်းဂစ် + ( ၂ နှစ်စာအခွန် ) တစ်လလျှင် ( ၄၆.၈၀ x ၂၄ ) = ၁၁၂၃.၂ ရင်းဂစ်
စုစုပေါင်း ၁၄၇၃.၂၀ ရင်းဂစ်ကုန်ကျမည်ဖြစ်သည်။ အခွန်နှုန်းထားများမှာ အလုပ်အကိုင်ပေါ် မူ
တည်၍ ခွဲခြားနေကြောင်း တွေ့ရသည်။

- ဆရာဝန် ( အစိုးရစေလွတ်သူများ )
၁ လ - ၂၁၀.၀၀ ရင်းဂစ်

- ဆရာဝန် ၁ လ - ၁၄၀.၀၀ ရင်းဂစ်

- ဦးဆောင်ညွန်ကြားရေးမှူး ၊ အထွေထွေမန်နေဂျာ
၁ လ - ၁၂၀.၀၀ ရင်းဂစ်

- မန်နေဂျာ ၊ သင်္ဘောသား ၊ လေယာဉ်မောင် / မယ်
၁ လ - ၁၀၀.၀၀ ရင်းဂစ်

- ကထိက ၊ ကျွမ်းကျင်လုပ်သား ၊ အင်ဂျင်နီယာ ၊ သူနာပြု
၁ လ - ၈၀.၀၀ ရင်းဂစ်

- ဆောက်လုပ်ရေးလုပ်သား ၊ ထမင်းချက်
၁ လ - ၅၀.၀၀ ရင်းဂစ်

- အထွေထွေလုပ်သား
၁ လ - ၄၆.၀၀ ရင်းဂစ်

( မိမိရရှိထားသော ပါမစ်ပေါ်ရှိ အလုပ် ၊ ရာထူး နေရာကိုကြည့်၍ အခွန်ပေးဆောင်ရမည်။ )
ယခု ( MRP ) ပတ်စပို့စာအုပ်အသစ်သည် စက်ကဖတ်နိုင်ရန် အချက်အလက်များ အသေးစိပ်
တိတိကျကျ လိုအပ်သည်။ ( MRP )ပတ်စပို့စာအုပ်အသစ်ကို စက်ကဖတ်နိုင်ရန် ပေးရမည့်
ဓာတ်ပုံ၏ အသေးစိပ်လိုအပ်သောအချက်များမှာ -

၁။ ၆ လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်။

၂။ မျက်နှာဧရိယာသည် ဓာတ်ပုံ၏ ၈၀ ရာခိုင်နှုန်းရှိရမည်။

၃။ နောက်ခံ အရောင် အဖြူရောင်ဖြစ်ရမည်။

၎။ ဓာတ်ပုံပေါ်ရှိ မျက်နှာ၏အရောင်သည် နဂိုမူလအသားရောင် ဖြစ်ရမည်။

၅။ ထင်ရှားပြတ်သားမှု ရှိသောပုံရိပ်ဖြစ်ရမည်။

၆။ မျက်လုံးအနေအထားမှာ -
- မျက်လုံးနှစ်ဖက်မှာ တစ်တန်းတည်း ဖြစ်ရမည်။
- မျက်နှာပေါ်၌ ဆံပင်များ အုပ်ဖုံးခြင်း မရှိစေရ။
- မျက်နှာသည် နောက်ခံအဖြူရောင်၏ အလည်တည့်တည့်တွင် ရှိရမည်။
- မျက်လုံးပေါ်တွင် အနီစက် ၊ အဖြူစက် အလင်းပြန်ခြင်း မရှိစေရ။ (Red Eye)

၇။ မျက်နှာအနေအထားသည် တည်ကြည်သော အနေအထား ဖြစ်ရမည်။

၈။ နှုတ်ခမ်းအနေအထားသည် ဖွင့်ဟနေသော အနေအထားမဖြစ်စေရ။

၉။ ဓာတ်ပုံပေါ်တွင် အလင်းပြန်ခြင်း မရှိစေရ။

၁၀။ ဓာတ်ပုံပေါ်တွင် အရိပ်မထင်စေရ။

၁၁။ မျက်မှန်တပ်သူများ - အရောင်ပြောင်မျက်မှန် (tint -ed lenses)
မျက်မှန်ပေါ်တွင် အလင်းမပြန်စေရ ၊ မျက်မှန်ဘောင်မထူရ
(Frames) သည် မျက်လုံးကိုမကွယ်ရ။

၁၂။ ဦးထုပ်ဆောင်း၍ မရိုက်ရ။

၁၃။ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ခေါင်းဝတ်ပဝါသည် မျက်နှာပေါ်တွင်
အုပ်မိုးခြင်း မရှိစေရ ၊ အရိပ်မကျရ။

၁၄။ ဓာတ်ပုံအရွယ်အစားမှာ ၃၅ မီလီတာနှင့် ၄၅ မီလိတာ ရှိရမည်။

၁၅။ ဓာတ်ပုံ Resolution မှာ 600 PPi ဖြစ်ရမည်။

၁၆။ ဓာတ်ပုံအစား စီဒီခွေ (Soft Copy) ဖြင့်ပေးရမည်။
- စသည်တို့ ဖြစ်သည်။

အထက်ပါ အချက်အလက်များနှင့် ပြည့်စုံအောင်လုပ်ပေးနိုင်လျှင် ၊ မိမိကိုယ်တိုင် ဓာတ်ပုံ
Soft Copy ယူဆောင်လာနိုင်သည်။ သို့မဟုတ်ပါက ထိုအချက်အလက်များ ပြည့်စုံအောင်
သံရုံးတွင် လွယ်လွယ် ကူကူရိုက်ကူးနိုင်ကြောင်း သိရှိရပါသည်။
Lannthit
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။