Home » » စင်ကာပူ၌ ပေါ်လီပြီးထားသောမြန်မာလူငယ်အချို့ အားပီအာလျှောက်လွှာနှင့်အတူ စစ်မှုထမ်းရန် ညွှန်ကြားချက်များ ပါဝင်လာ

စင်ကာပူ၌ ပေါ်လီပြီးထားသောမြန်မာလူငယ်အချို့ အားပီအာလျှောက်လွှာနှင့်အတူ စစ်မှုထမ်းရန် ညွှန်ကြားချက်များ ပါဝင်လာ

Written By မောင်စေတနာ on Monday, July 19, 2010 | 2:18:00 PM

စင်ကာပူ၌ ပေါ်လီတက်ကနစ် ကျောင်းပြီးဆုံးထားသော မြန်မာလူငယ်များထဲမှအချို့အား ပီအာလျှောက်လွှာနှင့်အတူ စင်ကာပူအစိုးရ၏ စစ်မှုထမ်းရန်ညွှန်ကြားချက်များ ပါရှိလာသည်ဟု စင်ကာပူပေါ်လီကျောင်းပြီး ဆုံးထားပြီးသော မြန်မာကျောင်းသားများထံမှ စုံစမ်းသိရှိရပါသည်။

စင်ကာပူ၌ ၁၈နှစ်အောက် မြန်မာကျောင်းသားများအား ပေါ်လီဒီပလိုမာပြီးဆုံးလျှင် စစ်မှုထမ်းဆောင် စေရန်ညွှန်ကြားချက်များ ပါရှိသည်ဟု ဆိုရာတွင် စင်ကာပူနိုင်ငံ၌ primary၊ secondary ပြီးဆုံးထားကာ ပေါ်လီတက်ကနစ် ဖြေဆိုပြီးသူများ၌ အသက် ၁၈ နှစ်အောက်သာ ရှိသော ကျောင်းသားများနှင့် မိဘများမှ စင်ကာပူပီအာဖြစ်နေသူများသာ စင်ကာပူအစိုးရက စစ်မှုထမ်းဆောင်စေရန် ပီအာလျှောက်လွှာနှင့် အတူ ညွှန်ကြားချက် ပါဝင်လာသည် ဟု ဆိုပါသည်။

အသက် ၁၈ နှစ်အောက်သာ ရှိသေးသူ သို့မဟုတ် အစောကြီးထဲက စင်ကာပူ မှာ မိဘက ပီအာဖြစ်နေပြီး ကိုယ်က ပေါ်လီဒီပလိုမာပြီးထားလို့ အသက် ၁၈ နှစ်အောက်သာ ရှိနေသူဆိုရင် စစ်မှုထမ်းဆောင်ရလေ့ ရှိတတ်ပါတယ်။


" စင်ကာပူဥပဒေသအရ မြန်မာကျောင်းသား ပေါ်လီပြီးပြီးချင်း အသက် ၁၈ နှစ်အောက်သာ ရှိသေးသူ သို့မဟုတ် အစောကြီးထဲက စင်ကာပူ မှာ မိဘက ပီအာဖြစ်နေပြီး ကိုယ်က ပေါ်လီဒီပလိုမာပြီးထားလို့ အသက် ၁၈ နှစ်အောက်သာ ရှိနေသူဆိုရင် စစ်မှုထမ်းဆောင်ရလေ့ ရှိတတ်ပါတယ်။ သာမန်အားဖြင့် စင်ကာပူမှာ အခုမှ ပေါ်လီပြီးသွားတဲ့ ကလေးတစ်ယောက်ကိုတော့ စစ်မှုထမ်းဆောင်ခိုင်းခြင်း မရှိပါဘူး"ဟု စင်ကာပူ ရေးရာကျွမ်းကျင်သူ တစ်ဦးက ပြော ပြခဲ့ပါသည်။

ထို့ပြင် စင်ကာပူ၌ ပေါ်လီဒီပလိုမာ ပြီးထားသော မြန်မာလူငယ်များ အနေဖြင့် စစ်မှုထမ်းရာတွင် အများအားဖြင့် Toy Soldiers များအဖြစ်သာ အသွင်ဆောင်ကြသည်ဟု စင်ကာပူရောက် မြန်မာလူငယ် အသိုင်းအ၀ိုင်းမှ သိရသည်။

ယခုအခါ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လမှစ၍ စင်ကာပူ အစိုးရ၏ပီအာ ပေးသည့်အရေအတွက် သိသာစွာ လျော့ကျသွားခဲ့သည့်အပြင် စစ်မှုထမ်းဆောင်ရခြင်းမှာလည်း စင်ကာပူနိုင်ငံ၌ လက်ရှိမြန်မာမျိုးဆက် သစ်များအတွက် မလိုအပ်ကြောင်း နီအန်းပေါ်လီဒီပလိုမာ ရယူထားပြီး စင်ကာပူ NTU ၌ ဒုတိယနှစ် တက်ရောက်နေသော မြန်မာကျောင်းသား တစ်ဦးက ပြောပြခဲ့ပါသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။