Home » » အိမ်ထောင်ရေး အစီအစဉ်နှင့် ပတ်သက်၍ အချိန်အတိအကျ အသိပေးမည်ဟု အိန္ဒြာကျော်ဇင် ပြောကြား

အိမ်ထောင်ရေး အစီအစဉ်နှင့် ပတ်သက်၍ အချိန်အတိအကျ အသိပေးမည်ဟု အိန္ဒြာကျော်ဇင် ပြောကြား

Written By မောင်စေတနာ on Monday, July 19, 2010 | 2:40:00 PM


'ငါမင်းကို . . .' ရုပ်ရှင်ရိုက်ကွင်းတွင် အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးတို့အား တွေ့ရစဉ်

နာမည်ရ သရုပ်ဆောင် မင်းသားတစ်ဦးနှင့် လက်ထပ်တော့မည် ဟူသော သတင်းစကားများ ထွက်ပေါ်နေသော သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သူမ၏အိမ်ထောင်ရေး အစီအစဉ်နှင့်ပတ်သက်၍ အချိန် အတိအကျ အသိပေးမည်ဟု Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။

" မအူဝဲ အခုချိန်မှာ အချစ်ရေးက အရမ်းနွေးနွေးထွေးထွေး ရှိနေပါတယ်။ အိမ်ထောင်ရေးဆိုတာက အိမ်ထောင်ရေးကံ ဆိုတာမျိုး ရှိသေးတယ်လေ။ ဒီချိန်မှာ အိမ်ထောင်ကျတဲ့ကံ မပါသေးဘူးဆိုရင် ဘယ်လိုပဲ လုပ်ယူလုပ်ယူ မဖြစ်သေးဘူး။ ဘယ်လိုပဲ မလိုချင်သေးပါဘူး ပြောပြော အိမ်ထောင်ကျရမယ့် ကံပါလာပြီဆိုရင် အလိုလိုနေရင်း အခြေအနေတွေ အားလုံးက လှုံ့ဆော်ပြီး အလိုလိုကို ဖြစ်သွားတာ။ လောလောဆယ်ကြီး အစီအစဉ်မျိုး တော့ မဟုတ်သေးပါဘူး"ဟု အိန္ဒြာကျော်ဇင်က ပြောပြခဲ့သည်။


အိမ်ထောင်ပြုပြီးနောက်တွင် အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း အိန္ဒြာကျော်ဇင်က "ဒီနေ့ဒီအချိန်အထိ အနုပညာအလုပ်တွေ လုပ်လာခဲ့တဲ့ သက်တမ်းလည်း နည်းတော့တာမဟုတ်ဘူး။ လုပ်ခဲ့တဲ့ အနု ပညာအလုပ်တွေ ဆိုတာလည်း မနားမနေ မမောမပန်းဘဲနဲ့ကို နေ့စဉ်ရက်ဆက် လှုပ်ရှားလာခဲ့တာ။ အဲဒီအခါ မအူဝဲအနေနဲ့ နောက်ထပ်ဘ၀တစ်ခုကို ဖန်တီးတော့မယ်ဆိုတဲ့အချိန်မှာ နည်းနည်းလေးတော့ အပြောင်းအလဲ လေးရှိသွားနိုင်ပါတယ်။ အိမ်ထောင်အတွက်ကို အချိန်ပေးရတာမျိုးတွေ ရှိလာမှာပါ"ဟု ဆက်လက်ပြောပြခဲ့သည်။

အိန္ဒြာကျော်ဇင်သည် သူ၏ မင်္ဂလာအစီအစဉ်အတွက် ပရိသတ်များ အား ကြိုတင်၍ အချိန်အတိအကျ အား ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင်မူ ထုတ်ပြန်နိုင်ခြင်း မရှိသေးဟု သိရသည်။ အိန္ဒြာကျော်ဇင် လက်တွဲမည့်သူသည် သတင်းစကား အချို့ထွက်ပေါ်နေသော သူ၏အနုပညာ လုပ်ဖော်ကိုင်ဘက် နာမည်ရမင်းသားတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။