Home » » အိန္ဒြာကျော်ဇင်ကို ယောက်ျားလေးအသွင် မြင်တွေ့ရဦးမည်

အိန္ဒြာကျော်ဇင်ကို ယောက်ျားလေးအသွင် မြင်တွေ့ရဦးမည်

Written By နေဇော်လင်း1 on Saturday, May 8, 2010 | 2:09:00 PM


အိန္ဒြာကျော်ဇင်ကို ယောက်ျားလေး အသွင်မြင်တွေ့ရမည့် 'ဟတ်ထိတယ်' ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လအတွင်း ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါဇာတ်ကားသည် အိမ်နီးချင်း မိသားစုနှစ်ခုကို အခြေတည်ကာ အရွယ်လွန်အဖိုး၊ အဖွားအရွယ် တွင် ပေါ်ပေါက်လာသော အချစ်ဇာတ်လမ်းနှင့် ဇနီးမောင်နှံနှစ်တွဲ၊ သူတို့၏သားသမီးများအကြား ဖြစ်ပေါ်လာသည့် အချစ်ဇာတ်လမ်းလေးကို ဟာသမြောက် ဇာတ်ကားတစ်ကားအဖြစ် ပုံဖော်ထားခြင်းသည်။


'ဟတ်ထိတယ်' ဇာတ်ကားတွင် ရန်အောင်၊ ရဲအောင်၊ သူထူးစံ၊ မိုးအောင်ရင်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်နှင့် သင်ဇာဝင့်ကျော် တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။ အုန်းဝင်း၏ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းဖန်တီးထားပြီး ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ဟာသရုပ်ရှင် ဇာတ်ကားတစ်ကားအဖြစ် ပုံဖော်ထားခြင်း ဖြစ်သည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။